TradeWinds

Issue 64

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများအတွက် ထိုင်းလုပ်ငန်းရှင်များသည် ကျူးဘားနိုင်ငံအား စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ မတ်လ ၂ ရက်နေ့ တွင် တိုက်တွန်းပြောကြားလိုက်ပါသည်။

မိုင်ယာမီမြို့ ကြီးရှိ Thai Trade Centre ၏တင်ပြချက်အရ ကျူးဘားနိုင်ငံသည် ကျယ်ပြန့် လာသည့် စီးပွားရေး အခြေအနေ၏ လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် လယ်ယာနှင့် စက်မှုလုပ်ငန်း ထုတ်ကုန် အမျိုးမျိုးအား တင်သွင်း ရန်အတွက် ရှာဖွေနေကြောင်း သိရှိရပါသည်။ ၄င်းပြင်၊ နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်ရေး အတွက် နိုင်ငံခြားသား ရင်းနှီးမြှပ်နှံ သူများထံမှ မတည်ငွေနှင့် နည်းပညာ တန်ဖိုး ခန့် မှန်းခြေအားဖြင့် ယူအက်စ်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ လိုအပ်လျက် ရှိနေပါသည်။

မိုင်ယာမီ ရှိ Thai Trade Centre ၏ ဒါရိုက်တာ Nithima Siriphokakij မှ "ထိုင်းလုပ်ငန်းရှင်တွေအတွက် ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေ၊ ဆေးရုံဆေးခန်းနဲ့ ပြန်လည် ထူထောင် ရေး စင်တာတွေ လိုမျိုးမှာ ရင်းနှီးမြှပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်။ ကျူးဘားမှာ က ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး စက်ယန္တရား ပစ္စည်းတွေ၊ ဆောက်လုပ်ရေးနဲ့ ဆိုင်တဲ့ ပစ္စည်းကိရိယာတွေ၊ မော်တော်ကား အစိတ်အပိုင်းပစ္စည်းတွေက ၀ယ်လိုအားများတယ်" ဟုပြောပြပါသည်။

ဒါရိုက်တာ Siriphokakij မှ ထိုင်းထုတ်ကုန်များ ကျူးဘားနိုင်ငံတွင် လူသိများလာစေရန်နှင့် စီးပွားမိတ်ဖက် များ ရှာဖွေနိုင်ရန်တွက် Feria Internacional De La Habana (FIHAV) ကဲ့သို့ သော ကျူးဘားနိုင်ငံ၏ အဓိက ကုန်စည်ပြပွဲကြီးများတွင် ၀င်ရောက်ပြသသင့်သည်ဟု ထိုင်းလုပ်ငန်းရှင်များအား အကြံပြုပြောပြပါ သည်။ ယခုနှစ်တွင် FIHAV ကုန်စည်ပြပွဲကြီးအား Havana မြို့ ကြီးတွင် အောက်တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၂ ရက်နေ့  အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

 

Issue 64

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) နှင့် အခြားအစိုးရ အဖွဲ့ အစည်း များသည် ပုဂ္ဂလိက ကုမ္ပဏီအချို့ နှင့် ပူးပေါင်း ၍ ထိုင်း ထိပ်တန်း ဒီဂျစ်တယ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများမှ ထုတ်လုပ်ထား သည့်ထုတ်ကုန်များကို ပြသ သည့် Bangkok International Digital Content Festival 2017 (BIDC 2017) (ဘန်ကောက်အပြည်ပြည် ဆိုင်ရာ ဒီဂျစ်တယ်ပစ္စည်းများဆိုင်ရာ ပွဲတော်) အား ဘန်ကောက်၊ Central World ဟိုတယ်ရှိ Centara Grand ခန်းမ ၌ မတ်လ ၂၀ ရက်နေ့ မှ ၂၄ ရက် နေ့ အထိပြုလုပ်ကျင်းပခဲ့ပါသည်။

ပြပွဲကြီးတွင် နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ BIDC Awards ဆုပေးပွဲ နှင့် အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ နယူး ဇီလန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ စင်္ကာပူ နှင့် မလေးရှား နိုင်ငံများမှ ကုမ္ပဏီများနှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်း ချိတ်ဆက်ပေးသည့် အစီအစဉ် များ ပါဝင်ပါသည်။

ပြပွဲ အခမ်းအနားမှ ယူအက်စ်ဒေါ်လာ ၂၄ သန်း (ထိုင်းဘတ် ၈၅၀ သန်း) ကျော်ရရှိရန်မျှော်မှန်းထားပါသည်။

 

Issue 64

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) လက်အောက်ရှိ AEC Business Support Centre ၏ အချက်အလက်များအရ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် ၄င်းတို့ ၏လုပ်ငန်းများကို အာဆီယံနိုင်ငံများ သို့  ချဲ့ ထွင်ရန်အတွက် အထူးသဖြင့်စိတ်ဝင်စားကြသည်ကိုတွေ့ ရှိရကြောင်း DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ မတ်လ ၂၃ ရက်နေ့ ကပြောကြားပါသည်။

၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ၆,၆၁၁ ဦးသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် အာဆီယံနိုင်ငံများ ရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ AEC Business Support Centres များသို့  ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ကြကြောင်းသိရှိရပါသည်။

မေလ ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့ စည်းတည်ထောင်ခဲ့သည့် AEC Business Support Centre သည် ထိုင်း နိုင်ငံတွင် ရုံးခွဲပေါင်း ၉ ရုံးနှင့် (ဘရူနိုင်ငံမှလွဲ၍) အာဆီယံနိုင်ငံ ၈ နိုင်ငံတွင် ရုံးခွဲတစ်ခုစီရှိနေပြီ ဖြစ်ပါသည်။ ၀န်ထမ်းများ သည်လည်း ထိုင်းလုပ်ငန်းရှင် ၃၀,၀၀၀ အတွက်လိုအပ်သည့် အကူအညီများကိုပေးအပ်ခဲ့ပြီး ဖြစ်ကာ၊ ၂၀၁၇ ခုနှစ် ကုန်ပိုင်းတွင် လုပ်ငန်းရှင်ဦးရေ ၃၅,၀၀၀ ထိမြင့်တက်နိုင်ရန် မျှော်လင့်ထားသည်။

စင်တာများသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကို အသေးစိတ်ပြည့် ပြည့် စုံစုံရှင်းလင်းပြောပြပေးခြင်း၊ အကြံဥာဏ်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းများချိတ်ဆက်ပေးသည့် ဆောင် ရွက် မှုများအား ကြီးမှူးကျင်းပပေးခြင်းနှင့် အာဆီယံနိုင်ငံများတွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များလိုအပ်သည့် အကူအညီများကို ထောက်ပံ့ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးပါသည်။

 

Issue 64

ဆိုးလ်မြို့ ကြီးရှိ ထိုင်းကုန်သွယ်ရေးစင်တာ သည် မတ်လ ၁ ရက် မှ ၃၁ ရက်နေ့ ထိ Homeplus ဆိုင်ခွဲပေါင်း ၁၄၂ ဆိုင်တွင် ထိုင်းလယ်ယာထွက်ကုန်များ အတွက် အရောင်းမြင့်တင်ပေးသည့် အစီအစဉ်ကို ပြုလုပ် ကျင်းပရန်အတွက် တောင်ကိုရီးယားနိုင်ငံရှိ ဒုတိယအကြီးမား ဟိုင်ပါမားကက် ဖြစ်သည့် Homeplus နှင့် နှစ်ဦးနှစ်ဖက်ကြား နားလည်မှု စာချွန်လွှာ (Memorandum of Understanding (MoU)) ကိုရေးထိုးခဲ့ပါ သည်။

ထိုင်းလယ်ယာထုတ်ကုန်များတွင် အေးခဲထားသည့် ပုစွန်၊ ရေဘ၀ဲ အကောင်ပေါက်စ နှင့် Namdokmai သရက်သီး များပါဝင်ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ကိုရီးယားလူမျိုး စားသုံးသူတွေရဲ့ တုံ့ ပြန်မှုက အားရစရာပါပဲ။ ဒီအရောင်းမြင့်တင်တဲ့ အစီအစဉ် ကနေ ခန့် မှန်းခြေအားဖြင့် အေးခဲပုစွန် ရောင်းချရငွေ ယူအက်စ်ဒေါ်လာ ၅၄၀,၀၀၀ (ထိုင်းဘတ် ၁၉ သန်း)၊ ရေးဘ၀ဲ အကောင်ပေါက်လေးတွေ ရောင်းချရငွေ ယူအက်စ်ဒေါ်လာ ၂၁၀,၀၀၀ (ထိုင်းဘတ် ၇ ဒသမ ၆ သန်း) နဲ့  Namdokmai သရက်သီးရောင်းချရငွေ ယူအက်စ်ဒေါ်လာ ၁၇၁,၀၀၀ (ထိုင်းဘတ် ၆ သန်း) ရရှိဖို့ အတွက်မျှော်လင့် ထားပါတယ်" ဟုပြောကြားပါသည်။

 

Issue 64

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) သည် မတ်လ ၂၀ ရက်နေ့  က ဘန်ကောက်ရှိ Chada ဟိုတယ်တွင် Cambodia Connect: A New Business Opportunity 4.0 ဆိုသည့် နှီးနှောဖလှယ်ပွဲအားကျင်းပခဲ့ပါသည်။

နှီးနှောဖလှယ်ပွဲအားပြုလုပ်ကျင်းပရသည့် ရည်ရွယ်ချက်မှာ ထိုင်းလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်မှု အားတိုးမြင့်နိုင်ရန် နှင့် ၄င်းတို့ ၏လုပ်ငန်းများအား အကျိုးအမြတ်အတွက် အလားအလာကောင်း များရှိနေသည့် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်) လေးနိုင်ငံ၏ ဈေးကွက်များသို့ ချဲ့  ထွင်ရန်အတွက် တိုက်တွန်းအားပေးရန်ဖြစ်သည်။

DITP ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Matyawongse Amatyakul မှ "ကမ္ဘောဒီးယားနိုင်ငံမှာ က လူသုံးကုန် ပစ္စည်းအားလုံး ကိုလိုအပ်နေတယ်။ နောက် သူ့ ရဲ့ အခြေခံအဆောက်အအုံတွေကလည်း တိုးတက်လာနေပြီဖြစ်လို့  ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ ရဲ့ စီးပွားလုပ်ငန်းတွေကို ချဲ့ ထွင် ပြီး ဖနွမ်းပင် (Phanom Penh)၊ စိုင်ယမ်ရိ (Siem Reap) နဲ့ စီဟန်နုပ်ဗီးလ် (Sihanoukville) တို့ လိုမြို့ ကြီးတွေမှာ ရင်းနှီး မြှပ်နှံဖို့ အတွက် အချိန်အခါကောင်း ပဲဖြစ်ပါ တယ်" ဟုပြောဆိုပါသည်။

 

Issue 64

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) သည် မတ်လ ၁၀ ရက်နေ့ တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ကြီး ၌ ပြုလုပ်ကျင်းပခဲ့သော ထိုင်း-ကနေဒါ ဂိမ်း လုပ်ငန်း မိတ်ဖက်အစီအစဉ် အခမ်းအနားသို့  ထိုင်းနိုင်ငံ၏ ဂိမ်း နှင့် အန်နီမေးရှင်းလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များကို တက်ရောက်စေ ခဲ့ပါသည်။

ဗြိတိသျှ ကိုလံဘီယာ (British Columbia) မှ ကနေဒီယန်လူမျိုး စီးပွားရေးလုပ်ငန်းရှင် အယောက် သုံးဆယ် သည် Magic Box Asia၊ Infinity Levels Studio၊ Sanook Games နှင့် Yggdrazil Group အပါအ၀င် ကုမ္ပဏီလေးခုမှ ထိုင်းကိုယ်စားလှယ်များနှင့်တွေ့ ဆုံခဲ့ကြသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်းနိုင်ငံရဲ့ ဂိမ်းလုပ်ငန်းက အရှိန်အဟုန်နဲ့ ကြီးထွား လာနေတဲ့အတွက်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကမြင့်တက်လာနေတယ်။ အခမ်းအနားမှာ အပြုသဘောဆောင်တဲ့ဝေဖန်အကြံပြုချက်တွေကို ရရှိခဲ့ပြီး အဲဒါက နောက်ပိုင်း နှစ်နိုင်ငံ ကြားစီးပွားရေး လုပ်ငန်း တွေကို တိုးမြင့်လုပ်ဆောင်နိုင်စေမယ့်အရာဖြစ်ဖို့ ကျွန်မတို့ ကမျှော်လင့်ထားပါတယ်" ဟုပြောကြားပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဂိမ်းလုပ်ငန်းသည် ယူအက်စ်ဒေါ်လာ သန်းပေါင်း ၂၅၄ သန်း (ထိုင်းဘတ် ၈ ဒသမ ၈၉ ဘီလျံ) တန်ဖိုးရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ခန့် မှန်းခြေအားဖြင့် ၁၃ ဒသမ ၅ ရာခိုင်နှုန်း နှင့် ၂၀၁၇ ခုနှစ် ၂၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဂိမ်းတင်ပို့ ရောင်းချရသည့် တန်ဖိုးသည် ခန့် မှန်းခြေအားဖြင့် ယူအက်ဒေါ်လာ သန်းပေါင်း ၂၉ သန်း (ထိုင်းဘတ် ၁ ဒသမ ၀၄ ဘီလျံ) ရှိခဲ့ပါသည်။

367915