Industry

Issue 69

စားပွဲတင်မယ်လမင်းပစ္စည်းများ (ပန်းကန်ခွက်ယောက်များ) အားထုတ်လုပ်နေသည့် ကမ္ဘာ့ရှေ့ ဆောင်ကုမ္ပဏီ၏ ဥက္ကဌမှ အောင်မြင်ရခြင်း အကြောင်းနှင့် အနာဂတ်အစီအစဉ်များကိုရှင်းလင်း ပြောပြထားခြင်းဖြစ်ပါသည်။

ကမ္ဘာ့အကြီးမားဆုံး Srithai Superware ကုမ္ပဏီကြီးသည် ၁၀၀ ရာခိုင်နှုန်း မယ်လမင်း tableware (ပန်းကန်ခွက်ယောက်) ပစ္စည်းများကိုထုတ်လုပ်နေသောကုမ္ပဏီကြီးဖြစ်ပါသည်။ ၄င်းသည် ကမ္ဘာအရပ်ရပ်ရှိ စားသုံးသူများ၏ လိုအပ် ချက်များကို ဘက်ပေါင်းစုံမှဖြည့်ဆည်းပေးနိုင်ရန်နှင့် ကမ္ဘာ့နောက်ဆုံးပေါ် ခေတ် ရေစီးကြောင်းများနှင့် ကိုက်ညီမှု ရှိစေရန်အတွက် ၄င်းတို့ ၏ထုတ်ကုန်ပစ္စည်းများကိုစဉ်ဆက်မပြတ် တိုးတက် ဖော်ဆောင်၍ သစ်လွင်သော စတိုင်လ်ရှိသည့် ပစ္စည်းများကိုပေးအပ်လျက်ရှိနေပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ပြောကြားချက်အရ ၂၀၁၆ ခုနှစ် အတွင်း ထိုင်းနိုင်ငံ၏ tableware (ပန်းကန်ခွက်ယောက်များ) နှင့် မီးဖိုချောင်သုံးပစ္စည်းများကို တင်ပို့ ရောင်းချ သည့် တန်ဖိုး သည် ပလတ်စတစ်ထုတ်ကုန်ပစ္စည်း ယူအက်စ်ဒေါ်လာ ၁၄၃ ဒသမ ၂၀ သန်းဖြင့် ယူအက်စ် ဒေါ်လာ ၇၇၉ ဒသမ ၆၉ သန်း ရှိခဲ့ပါသည်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း၊ ပလတ်စတစ် (tableware) ပန်းကန်ခွက်ယောက်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို တင်ပို့ ရောင်းချရသည့်တန်ဖိုးသည် ယူအက်စ်ဒေါ်လာ ၆၅ ဒသမ ၄၇ သန်းရှိခဲ့ပြီး၊ tableware (ပန်းကန် ခွက်ယောက်) နှင့် မီးဖိုချောင်သုံးပစ္စည်းအလုံးစုံ တင်ပို့  ရောင်းချခြင်းမှ စုစုပေါင်း ယူအက်စ်ဒေါ်လာ ၃၅၇ ဒသမ ၉၆ သန်းရရှိထားပါသည်။

ကုမ္ပဏီ၏ သဘာပတိနှင့် ဥက္ကဌဖြစ်သူ မစ္စတာ Sanan Angubolkul မှ "ကျွန်တော်တို့ ရဲ့  Srithai Superware မှာ ဖောက်သည်ရှေးရှုထုတ်ကုန် ပစ္စည်းတွေကို တိုးတက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဈေးကွက်တွေမှာ ဖြန့် ချိတဲ့ ကျွန်တော်တို့ ရဲ့  ဒေသတွင်းဖြန့် ဖြူးရောင်းချသူတွေက ကျွန်တော်တို့ တွေကို စားသုံးသူတွေရဲ့ လိုအပ်ချက်တွေကို ပြောပြကြတယ်။ နောက်ပြီး၊ ကျွန်တော်တို့ ရဲ့  သုတေသနနဲ့ တိုးတက်ဖော် ဆောင်ရေးအဖွဲ့ ကလည်း သူတို့ တွေနဲ့ နီးနီးကပ်ကပ်လုပ်ဆောင်ကြပြီး၊ ကျွန်တော်တို့ ရဲ့  ပစ္စည်း suppliers တွေကလည်း အဲ့ဒါကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ကြတယ်။ ဒါပေမယ့်၊ ထုတ်ကုန်သစ်တွေကို မထုတ်ခင်မှာ အဲဒါတွေရဲ့ ဈေးကွက်ဝင်နိုင်မှုကို သေချာစေရမှာဖြစ်ပါတယ်" ဟုဆိုပါသည်။

လုပ်ငန်းအတွေ့ အကြုံ နှစ်ပေါင်း ၅၀ ရှိပြီဖြစ်သည့် ကုမ္ပဏီကြီးသည် ၄င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ် Superware ဖြင့် မယ်လမင်း tableware (ပန်းကန်ခွက်ယောက်အသုံးအဆောင်ပစ္စည်း) များကို ထုတ်လုပ် နေသကဲ့သို့ ၊ အနောက်နိုင်ငံများ၌ လူသိများထင်ရှားသည့် အမှတ်တံဆိပ်အချို့ အတွက် original equipment manufacturer (OEM) အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။

မစ္စတာ Angubolkul မှ "လွန်ခဲ့တဲ့ နှစ်တွေမှာ လူတွေက သဘာဝထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် သဘာဝဆန်တဲ့ သွင်ပြင်နဲ့  texture (ခံစားမှု) ရှိတဲ့ ထုတ်ကုန်တွေကို ၀ယ်ယူဖို့ ပိုပြီးစိတ်ဝင်စားလာကြတယ်။ ဒါကြောင့် ကျွန်တော်တို့ က သဘာဝကျောက်သား texture ရှိတဲ့ မယ်လမင်း tableware (ပန်းကန်ခွက်ယောက်)တွေကို ပေးစွမ်းမယ့် Sila collection ကိုဖော်ဆောင်ခဲ့ပါတယ်။ မယ်လမင်းလုပ်ငန်းအတွက် ကြီးမားတဲ့ဆန်းသစ် ပြောင်းလဲမှုကြီးပါ။ နောက်ပြီး၊ ဒီနေ့ ထိ ဘယ်ကုမ္ပဏီကမှ ကျွန်တော်တို့ ကိုအတုမခိုးနိုင်သေးပါဘူး" ဟုဆိုပါ သည်။

ကုမ္ပဏီမှ မယ်လမင်း tableware (ပန်းကန်ခွက်ယောက်)၊ ပုံနှိပ်ပုံဖော်ထားသည့် အထည်သား (printed fabric) ဖြင့်ပြုလုပ်သည့် မီးဖိုချောင်သုံးပစ္စည်းများနှင့် လက်ကိုင်အိတ်များဖြင့် ငယ်ရွယ်သည့် စားသုံးသူများကို ဆွဲဆောင်နိုင်ရန်အတွက် The Potters ဆိုသည့် လိုက်ဖ်စတိုင် အမှတ်တံဆိပ် ကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပါ သည်။

မစ္စတာ Angubolkul မှ "ကျွန်တော်တို့ တွေ The Potters အမှတ်တံဆိပ်အတွက် အဓိက ဒီဇိုင်းလိုင်းကိုဖန်တီး ခဲ့ပါတယ်။ ထုတ်ကုန်အားလုံးရဲ့ ဒီဇိုင်းလိုင်းကို ၁၇ ရာစု ဂန္တ၀င်ဥရောပစတိုင် လွှမ်းမိုးထားတဲ့ ထူးခြားတဲ့ ၀ိသေ လက္ခဏာတွေ ရှိတဲ့ ပုံပြင်တွေနဲ့ ဖန်တီးထားပါတယ်။ ကျွန်တော်တို့ အတွက်လည်း ပြောင်းလဲတဲ့ဆန်းသစ်မှုကြီး ပါ။ ဘာကြောင့်လဲဆိုရင်၊ ဒီပစ္စည်းတွေက သာမာန်မယ်လမင်းပစ္စည်းတွေမဟုတ်ပါဘူး။ ကုန်အမှတ်တံဆိပ် ရဲ့  ထူးခြားတဲ့ပုံပြင်နဲ့ လိုက်ဖ်စတိုင်ပစ္စည်းတွေဖြစ်လို့ ပါ။ ဒီဟာက အဓိကစားသုံးသူသစ်တွေကို ရရှိဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်" ဟုဆိုပါသည်။

ယခုအခါတွင် Srithai Superware သည် ကမ္ဘာအရပ်ရပ်ရှိနိုင်ငံပေါင်း ၁၀၀ ကျော်သို့ ၎င်း၏ထုတ်ကုန်များကို တင်ပို့ ရောင်းချနေပါသည်။ ထိုင်းနိုင်ငံအပြင်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း စက်ရုံများတည်ထောင်ထားပြီး၊ ထုတ်ကုန်များကို ဒေသတွင်းဈေးကွက်များအတွက် အဓိကထုတ်လုပ်ပေးလျက် ရှိပါသည်။ ထို့ ပြင်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် သီရိလင်္ကာနိုင်ငံများ ၌လည်းစက်ရုံများကိုတည်ထောင်ရန် အကောင်အထည်ဖော်ဆောင်နေပါသည်။ "ကျွန်တော်တို့ ရဲ့ ကုမ္ပဏီက လက်ရှိဈေးကွက်တွေနဲ့  ဈေးကွက်သစ် တွေမှာ စီးပွားရေးကျဆင်းတဲ့ လှည့်ပြောင်းမှုဒဏ်တွေလျော့နည်းသက်သာစေဖို့ စီးပွားရေး အခွင့်အလမ်းသစ် တွေကို စဉ်ဆက်မပြတ်ရှာဖွေနေပါတယ်" ဟု မစ္စတာ Angubolkul မှဆိုသည်။

ကမ္ဘာ့ဈေးကွက်များအလယ်တွင် ရရှိနေသည့် ၄င်း၏အောင်မြင်မှုကို အသိအမှတ်ပြု သည့်အနေဖြင့် DITP မှ Srithai Superware အား Prime Minister's Award for Best Exporter ဆု ကြီးကို ၂၀၁၆ ခုနှစ်တွင် ပေးအပ် ချီးမြင့် ခဲ့ပါသည်။ ထုတ်လုပ်မှုပိုင်းတွင် စိတ်ချယုံကြည်ရသည့် အကောင်းဆုံး အရည်အသွေး အမှတ်သင်္ကေတ၊ မျှတသည့်လုပ်ငန်းခွင်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ်ထား ရှိသည့် တာဝန်ဝတ္တရား များ၏ သင်္ကေတဖြစ်သည့် Thailand Trust Mark (T Mark) အားလည်းရရှိထားပါသည်။

ပိုမိုသိရှိလိုပါက www.srithaisuperware.com နှင့်www.thepotterssince2012.com တို့ အားဝင်ရောက် လေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

Issue 68

ဆန်းသစ်ပြောင်းလဲမှုကြောင့် ပြည်ပဈေးကွက်များသို့ မည်သို့ မည်ပုံဈေးကွက်ချဲ့ ထွင်နိုင်ခဲ့ပုံကို ကော်(adhesive) လုပ်ငန်းအား အထူးပြုလုပ်ကိုင်သည့် ထိုင်းထုတ်လုပ်သူ Selic မှပြောပြထားခြင်းဖြစ်ပါသည်။

နေ့ စဉ်သုံး ပစ္စည်းများအတွက် ကော်များသည် မရှိမဖြစ် အသုံးဝင်လှသည်။ အစားအသောက်နှင့် အဖျော်ယမကာ ထုပ်ပိုးခြင်း၊ စီးတော်ဖိနပ်များ၊ အားကစားကိရိယာပစ္စည်းများ၊ ပရိဘောဂများမှသည် စာအုပ်များအထိ အမျိုးမျိုး သော လုပ်ငန်းများတွင် ကော်အားအသုံးပြုကြသည်။ ကော်၏၀ယ်လိုအားမြင့်မားလာခြင်းကြောင့်၊ အာရှ-ပစိဖိတ် ဒေသကြီးအတွင်း တိုးတက်ကြီးထွားမှုနှုန်း အမြင့်မားဆုံးဖြင့် ကမ္ဘာအနှံ့  ကျယ်ပြန့် သည့်ကော်လုပ်ငန်းကြီးသည် သက္ကရာဇ် ၂၀၂၀ ခုနှစ်တွင် တန်ဖိုး ယူအက်စ်ဒေါ်လာ ၅၉ ဒသမ ၇ ဘီလျံ သို့  ရောက်ရှိရန်ခန့် မှန်းပါသည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ့် ခုနစ်နှစ်က တည်ထောင်ခဲ့သည့် ထိုင်း Selic ကုမ္ပဏီသည် စီးပွားရေးကဏ္ဍစုံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည့် အကြီးမားဆုံးသော exporter (တင်ပို့ ရောင်းချသူ) နှင့် အကြီးမားဆုံး သော လုပ်ငန်းသုံးကော်များကို ထုတ်လုပ်သူဖြစ်သည်။

Selic ကော်ပိုရေးရှင်း၏ စီအီးအို Ek Suwatthanaphim မှ "Selic အဓိက ပေးနေတာက ဆန်းသစ်ပြောင်းလဲမှု ပါပဲ။ ကျွန်တော်တို့  နည်းပညာ၊ ဖြေရှင်းနည်းတွေ၊ အရည်အသွေးနဲ့ ဝန်ဆောင်မှုတွေ အပေါ်မှာအထူးအလေးထား ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ တွေ နိုင်ငံတကာမှာ ယှဉ်ပြိုင်နေနိုင်နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့  ထုတ်ကုန်တွေကို ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်စီစဉ်ထုတ်လုပ်ထားပြီး၊ အရည်အသွေးကိုလည်း ယုံကြည်စိတ်ချနိုင်ပါတယ်။ ကျွန်တော်တို့ တွေက ကော်နဲ့  ပတ်သက်တဲ့ နည်းပညာ ပိုင်းဆိုင်ရာသင်တန်းတွေ၊ ပံ့ပိုးမှုတွေပေးတဲ့အတွက် ၀န်ဆောင်မှုကလည်းအရမ်းအရေးကြီးပါတယ်" ဟု ပြောပြ ပါသည်။

Selic မှ Contact cement၊ ရေဓာတ်အခြေခံသည့် ကော် အမျိုးအစားများ (water-based adhesives) မှသည် အပူပေး၍ ပျော်ကျစေသည့်ကော် (hot melt adhesives) များအထိ ပစ္စည်းအမျိုးမျိုးနှင့် လုပ်ငန်းအမျိုးမျိုးအတွက် သင့်တော် သည့် ကော်အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိပါသည်။

Suwatthanaphim မှ "supply chain ကို ကုမ္ပဏီက ထိထိရောက်ရောက်စီမံခန့် ခွဲ နိုင်ဖို့ အတွက်၊ အခု ကျွန်တော် တို့ ကုန်ကြမ်းပစ္စည်းကို ပြည်တွင်းမှာပဲ ရရှိနိုင်ဖို့ အတွက် ဆောင်ရွက်နေပါ တယ်။ ကျွန်တော်တို့ ရဲ့  သုတေသနပြု လုပ်သူတွေနဲ့ Thonburi၊ King Mongkut နည်းပညာတက္ကသိုလ် တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဆန်းသစ်ပြောင်း လဲမှုကတော့ ပလောပီနံ၊ ကြံတို့ နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းမရှိတဲ့ အက်စစ် အပူပေးပျော်ကျစေတဲ့ ကော် (biodegradable acid hot melt adhesives) ကို ဘယ်လိုထုတ်လုပ်နိုင်မလဲဆိုတာပါပဲ။ ၂၀၁၉ ခုနှစ်မှာ ပြီးဖို့ အတွက်မျှော်လင့်ထားပါတယ်" ဟုပြောပြပါသည်။

ပို့ ကုန်အရေအတွက်ကို မြင့်တင်နိုင်ရန်အတွက် Selic မှလွန်ခဲ့သည့် ၁၀ နှစ်အတွင်း ရင်းမြစ်များကို R&D ဓာတ်ခွဲခန်းများအတွက်ပိုမိုပေးအပ်ထားသည်ဟု Suwatthanaphim မှဖြည့်စွက်ပြောကြားပါသည်။ ဖောက်သည် များထံသို့ တင်ပို့ ခြင်းမပြုမီ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်ရန် Selic ၏ R&D ဓာတ်ခွဲခန်းများအား R&D ဓာတ်ခွဲခန်း၊ သရုပ်ခွဲ ဓာတ်ခွဲခန်း နှင့် အက်ပလီကေးရှင်း (application) ဓာတ်ခွဲခန်း များအဖြစ် သီးခြားခွဲခြား ထားပါသည်။ ကုမ္ပဏီသည် ပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုအား လျော့နည်းနိုင်စေရန် အတွက် ပိုမို တည်ငြိမ်မှု ရှိသည့် အော်ဂဲနစ်ကွန်ပေါင်း (low volatility organic compounds) အားဖန်တီးနေစဉ်မှာပင် ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်သည့် ကုန်ကြမ်းများကို ပိုမို အသုံးပြုလျက်ရှိနေပါသည်။

၂၀၁၆ ခုနှစ်အတွင်း နိုင်ငံရပ်ခြားများသို့ ရောင်းချရသည့်နှုန်းမှာ ၉၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အာရှနှင့်အာဖရိက နိုင်ငံများမှ အများဆုံးရရှိသည့် ကုန်အမှာစာများကြောင့်ဖြစ်ပါသည်။ Selic ၏ထုတ်ကုန်များကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ တင်ပို့ ရောင်းချရလျက်ရှိပြီး၊ သြစတြေးလျနှင့် ဗီယက်နမ်ဈေးကွက်များမှာလည်း တိုးတက် ကြီးထွားလျက်ရှိသည့် ဈေးကွက်များဖြစ်ပါသည်။

သို့ သော်၊ စီးပွားလုပ်ငန်းတိုးတက်ကြီးပွားရခြင်းမှာ နည်းပညာကြောင့်မဟုတ်ပဲ ဖောက်သည်၏ယုံကြည်စိတ်ချမှု ကြောင့်သာ ဖြစ်သည်ဟု Suwatthanaphim မှဆိုပါသည်။ ၄င်းမှ "ဖောက်သည်တွေနဲ့ ဆက်ဆံပြောဆိုဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ မျက်နှာချင်းဆိုင်တွေ့ ဆုံပြောဆိုတာပဲဖြစ်ပါတယ်။ ဖောက်သည်တွေ အနေနဲ့  ကျွန်တော်တို့ ကို ယုံကြည်စိတ်ချဖို့ လိုတယ်။ နောက်ပြီး၊ သူတို့ တွေရဲ့ ထုတ်ကုန်တွေအတွက် ကျွန်တော်တို့  ဖြေရှင်းပေးနိုင်တယ် ဆိုတာကိုသိထားဖို့ လည်းလိုပါတယ်" ဟုဆိုပါသည်။

Selic သည် ၂၀၁၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှ ပေးအပ်ချီးမြင့်သည့် Thailand Trust Mark ဆု သို့ မဟုတ် T Mark symbol ဆုကို ရရှိထားပြီးဖြစ်ပါသည်။ ဤဆု သည် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကျိုးစီးပွားအတွက်၊ လုပ်သားများအပေါ်မျှတစွာဆက်ဆံရန် အတွက် နှင့် အကောင်းဆုံးထုတ်ကုန်များထုတ်လုပ်ရန်နိုင်အတွက် ကုမ္ပဏီ၏ တွန်းအားတစ်ခုဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက www.seliccorp.com သို့ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

Issue 66

နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ပြင်ဆင်ထားသော စစ်မှန်သည့်ထိုင်းအရသာများသည် အောင်မြင်များစဉ်ဆက် မပြတ် သရဖူဆောင်းနေသည့် Blue Elephant စားသောက်ဆိုင်များ၏ အစားအသောက်ပြင်ဆင်နည်း ဖြစ်သည်။

ထိုင်းစားသောက်ဆိုင် Blue Elephant အားတွဲဖက်တည်ထောင်သူနှင့် ဒါရိုက်တာတစ်ဦးဖြစ်သူ Nooror Somany Steppe မှ ကမ္ဘာ့ဈေးကွက်တွင် အခြားဟင်းလျာများနှင့်ယှဉ်လျင် ထိုင်းစားသောက်ဆိုင်များမှ တစ်ပန်းအရေးသာ သည်ဟု ထင်မြင်ကြောင်းဆိုပါသည်။

၎င်းမှ "ဟင်းတစ်ပွဲမှာ အရသာမျိုးစုံပါဝင်နေတာက ထိုင်းအစားအစာရဲ့ ထူးခြားချက်ပါ။ ထိုင်းအစားအသောက် လုပ်ငန်းရှင်တွေက ဒီအချက်ကိုအသုံးချပြီး ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပြည်တွင်းနဲ့ ပြည်ပဈေးကွက်တွေမှာ ကြော်ငြာနိုင်ပါတယ်" ဟုဆိုပါသည်။

လက်ရှိတွင် Blue Elephant စားသောက်ဆိုင်သည် ဘရပ်ဆဲလ်စ် - ပထဦးဆုံးဖွင့်လှစ်ခဲ့သည့်စားသောက်ဆိုင် - ပြင်သစ်၊ ဂျကာတာ၊ ဒူဘိုင်း၊ ကိုပါဟေဂန်၊ မောလ်တာ၊ ထိုင်းနိုင်ငံရှိ ဘန်ကောက် နှင့် ဖူးကက် စသည့် ကမ္ဘာ့ နိုင်ငံအရပ်ရပ်တွင် ဆိုင်ခွဲ ရှစ်ဆိုင်ရှိနေပြီဖြစ်ပါသည်။

၎င်းမှ "BRC စံချိန်စံညွှန်းလို နိုင်ငံတကာ ထုတ်ကုန်စံချိန်စံညွှန်း ထိန်းချုပ်ရေးနဲ့ အညီ စစ်မှန်တဲ့ ထိုင်းအစား အသောက်တွေကိုချက်ပြုတ်ဖို့ အတွက် လတ်ဆတ်ပြီး အရည်အသွေးကောင်းတဲ့ ပါဝင်ပစ္စည်းတွေက အဓိကပါ။ ဒီအချက်က စားသုံးသူတွေ ကျွန်မတို့ ရဲ့  Blue Elephant အမှတ်တံဆိပ်ကို ယုံကြည်ရတဲ့အကြောင်းပါ" ဟုဆိုပါ သည်။

Blue Elephant သည် ကမ္ဘာအရပ်ရပ်တွင် ထိုင်းအစားအသောက်အတွက် ကောင်းမွန်သည့်ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည့် ထူးခြားသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အထူးသဖြင့် အာဖရိကတွင် ထိုင်း စားသောက်ကုန်ဈေးကွက် အတွက်ပါဝင်ကြော်ငြာခြင်း နှင့် စီးပွားရေးလုပ်ငန်းသစ်မော်ဒယ်ပုံစံအား ကိုယ်စားပြု သည့် Thai Brand Heroes Project - Thailand Heart-made Nation ၏ အပိုင်းကဏ္ဍဖြစ်သည့် Milan Design Week 2017 အတွက် ရွေးချယ်ခံရခြင်း၊ ကမ္ဘာ့အမှတ်တံဆိပ်အဖြစ်ဖန်တီးရန် ဆန်းသစ်ပြောင်းလဲတီထွင်မှု အတွက် ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့် ၄င်း၏ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက် ရေးငှာန (DITP) မှပြုလုပ်သည့် ပွဲများတွင်ပါဝင်ခဲ့ခြင်းများကြောင့်ဖြစ်သည်။

 

၎င်းမှ "တောင်အာဖရိကမှာဆိုရင် green curry (အစိမ်းရောင်ဟင်း)၊ red curry (အနီရောင်ဟင်း)၊ အုန်းနို့  ကရင်မ် နဲ့ ထိုင်းဟင်းတွဲ အပါအ၀င် ကျွန်မတို့ ရဲ့ ထုတ်ကုန်တွေကို Woolworths မှာဝယ်ယူရရှိနိုင်ပါတယ်" ဟု ပြောပြပါသည်။

လမ်းမထက်မှ အစားအစာများ (street food) သည် လျင်မြန်စွာတိုးတက်ကျယ်ပြန့် လာသည့် ကမ္ဘာ့ အစား အသောက်ရေစီးတစ်ခုဖြစ်သကဲ့သို့  အာရှဟင်းလျာများသည်လည်း ထိုနည်းနှယ်ဖြစ်သည်ဟု Nooror မှ ယုံကြည် သည်။ "အဲဒါက လူကြိုက်များတဲ့ fast food ဖြစ်ပြီး အဲဒီတိုင်းပြည်မှာနေထိုင်ကြတဲ့ လူတွေရဲ့ အကြိုက် နဲ့ ယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်နေပါတယ်။ အာရှအစားအသောက်၊ အထူးသဖြင့် ထိုင်းအစားအသောက်တွေ ကိုလည်း လူကြိုက်များလာပါတယ်။ ထိုင်းအစားအသောက်ရဲ့ ကိုယ်ပိုင် လက္ခဏာနဲ့ အရသာစစ်ကို အမြင့်မားဆုံး အထိ ထိန်းသိမ်းဖို့  အတွက် အရမ်းကိုအရေးကြီးပါတယ်" ဟု၎င်းမှဆိုသည်။

စားသောက်ဆိုင်များတွင် ထိုင်းအစားအသောက်နှင့်အပြိုင် အဓိကတွဲဖက်၍ ဗီယက်နမ်နှင့် ဂျပန်အစားအသောက် များကို များပြားစွာရောင်းချလာကြသည်။ အခြားအစားအသောက်ရေစီးတစ်ခုမှာ၊ အထူးသဖြင့် ဥရောပတွင် အရသာရှိ၍ဈေးချိုသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များဖြစ်သည်။

Nooror မှ "စားသောက်ဆိုင်တွေက ရိုးရာစဉ်လာအရသာတွေနဲ့ အတူကျန်းမာရေးရှေးရှုတဲ့အစားအသောက်တွေ ကို ဈေးနှုန်းအသင့်အတင့်နဲ့ ရောင်းချနိုင်ဖို့ အတွက် နည်းလမ်းရှာဖွေဖို့ လိုအပ်ပါတယ်။ အဓိကရှေးရှုရမယ့် စားသုံးသူတွေကတော့ takeaway နဲ့ အိမ်တိုင်ရာရောက်ပို့ ဆောင်တဲ့ဝန်မှုတွေကို အများအားဖြင့် နှစ်သက်ကြတဲ့ မြို့ ပြနေ ပညာရှင်တွေ နဲ့ နိုင်ငံခြားသားတွေပါ" ဟုဆိုပါသည်။

Blue Elephant သည် မကြာသေးမီက Thailand Tatler Best Restaurants Awards 2017 ဆုပေးပွဲကြီးတွင် ဘန်ကောက်ရှိ ထိပ်တန်း စားသောက်ဆိုင် ၁၅၀ တွင် နံပါတ်တစ် နေရာရရှိခဲ့သည်။ ဤကဲ့သို ဂုဏ်ပြုခံရခြင်းကို Nooror မှဂုဏ်ယူလျက်ရှိသည်။

၎င်းမှ " စားသောက်ဆိုင်ရဲ့ အထူးဝန်ဆောင်မှုအပေးခံရမှာကို ရှောင်ရှားဖို့ အတွက် ကျွန်မတို့ ဆီကို အကြောင်းမကြားပဲ ဝေဖန်သူတွေကို ပို့ ပေးကြတဲ့ Thailand Tatler မဂ္ဂဇင်း ရဲ့ စာဖတ်သူတွေနဲ့  အယ်ဒီတာ တွေရဲ့ လူထုသဘောထားစစ်တမ်းကောက်ယူတာကနေရရှိတဲ့ အမှတ်ကြောင့် ဒီဆုကို ဆွတ်ခူးလိုက်နိုင်တာ ဖြစ်ပါတယ်" ဟု ပြောပြပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

Issue 67

ထိုင်း ဒစ်ဂျစ်တယ် လုပ်ငန်းကဏ္ဍ အတွင်းရှိ MAD အနာဂတ်

လက်ရှိ ထိုင်းနိုင်းငံရှိ အလားအလာကောင်းမွန်နေသည့် လုပ်ငန်း ကဏ္ဍများတွင် ဒစ်ဂျစ်တယ် လုပ်ငန်း ကဏ္ဍသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ အထူးသဖြင့် ဂိမ်းအခန်းကဏ္ဍတွင် ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ် ကဏ္ဍသည်လည်း ကြီးပွားတိုးတက်လာနေသည့် စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ပို့ ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ သန်း (ထိုင်းဘတ် ၁ ဒသမ ၅ ဘီလျံ) ဖြင့် ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်း၏ဈေးကွက်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၅၃ သန်း (ထိုင်းဘတ် ၁၂ ဘီလျံ) သို့ တက်လာခဲ့သည့်ဟု Bangkok International Digital Content Festival 2017 အားရည်ညွှန်းလျက် မစ္စတာ Chatchai Khunpitiluk မှ မတ်လ ၈ ရက်နေ့ ကပြောပြပါသည်။

၂၂ ရာခိုင်နှုန်း ပိုသာစွာ ကြီးမား ကျယ်ပြန့် လာသည့် ဂိမ်းဈေးကွက်နှင့်အတူ အန်နီမေးရှင်းဈေးကွက် သည်လည်း ၂၀၁၇ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ကြီးမားကျယ်ပြန့် လာလိမ့်မည်ဟု Ministry of Digital Economy and Society ၏ Digital Economy Promotion Agency (DEPA) ဒါရိုက်တာ ၏ အထူး ကျွမ်းကျင်လက်ထောက်အဖြစ်ဆောင်ရွက်နေသူမှ ကြိုတင်ခန့် မှန်းပြောဆိုပါသည်။

ဒစ်ဂျစ်တယ် လုပ်ငန်း၏တောက်ပသည့် အနာဂတ်ကိုထင်ဟပ်ပေါ်လွင်နေသည့် ကုမ္ပဏီတစ်ခုမှာ MAD Virtual Reality Studio ဟုခေါ်တွင်သည့် ကုမ္ပဏီပင်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ ပြီး၊ ထိတ်လန့် ကြောက်ရွံ့ ဖွယ် (horror) ARAYA ဂိမ်းကို ၁၃ လကြာဖန်တီးခဲ့သည်။ ထို့ နောက်၊ နောက်တစ်နှစ်တွင်ပင် ထိုဂိမ်းကို ဖြန့် ချိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းဂိမ်းကစားသူများ၏ အပြုသဘောဆောင် သည့် တုံ့ ပြန်မှုများကို လက်ခံရရှိခဲ့ပါသည်။

စွန့် ပစ်ထားသည့် ဆေးရုံကို ဇာတ်အိမ်တည်ထားသည့် ထိုင်းအမျိုးသမီးတစ္ဆေ ထိတ်လန့် ကြောက်ရွံ့  ဖွယ် ဂိမ်းသည် ယခုအခါတွင် ၄င်း၏ ပဟေဠိကြောင့် ကမ္ဘာ၏ လက်ခံမှုကိုရရှိနေပြီဖြစ်ပြီး၊ ယူကျူ့  (YouTube) တွင်လည်း ၄င်းကို ကြည့်ရှုသူပေါင်း သန်း ၅၀ ရှိနေပြီဖြစ်ပါသည်။

MAD VRS ၏ တည်ထောင်သူနှင့် အရာရှိချုပ် မစ္စတာ Alan Archapilasa မှ "ထိုင်းနိုင်ငံက ဒစ်ဂျစ်တယ် ပစ္စည်း ထုတ်လုပ်ရေးပိုင်းမှာ ထူးချွန်ထင်ရှားပါတယ်။ ကျွန်တော်တို့ ရဲ့ ဂိမ်းကို ပထမဆုံးအကြိမ်မြင်တဲ့ နိုင်ငံခြားသားဖောက်သည်တွေက အံ့သြကြတယ်။ ဘာကြောင့်ဆိုရင်သူတို့ တွေက ဂျပန် နဲ့ အမေရိကန် တွေ ထိုင်းနိုင်ငံကို ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းပိုင်းမှာ ပံ့ပိုးကူညီကြတယ်လို့ ထင်မိကြလို့ ပါပဲ။ ဒါပေမယ့်၊ အခုမှာဆိုရင် ထိုင်းနိုင်ငံက တကယ့်အစစ်အမှန်အတိုင်းမြင်တွေ့ ခံစားရစေမယ့် နည်းပညာအသုံးပြု ဂိမ်း ကိုဖန်တီးတီထွင်နိုင်နေပြီဖြစ်ပါတယ်" ဟုဆိုပါသည်။

ယခုအခါတွင် ARAYA ဂိမ်းအား အမေရိကန် ဂျာမနီ၊ တရုတ် ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံများ စသည်ဖြင့် ကမ္ဘာအနှံ့ သို့ ရောင်းချနေရပြီဖြစ်ပါသည်။

ARAYA သည် ကမ္ဘာတစ်ဝှမ်းရှိ ဂိမ်းကစားသူများ၏အလယ်တွင် ထင်ရှားလူကြိုက်များသည့်အပြင်၊ Bangkok International Digital Content Festival 2017 ပွဲကြီးတွင်လည်း Excellent Game of the Year (တစ်နှစ်အတွင်း အကောင်းဆုံးဂိမ်း) ဆုအားလည်း လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

MAD VRS သည် ဂိမ်းများကို တီထွင်ဖန်တီးနေသည့်အပြင်၊ နာမည်ကြီးထင်ရှားကျော်ကြားသည့် စတား များ၏ သွင်ပြင်ကို တုပထားသည့် ဖျော်ဖြေရေး ဖုန်းဂိမ်း ပရိုဂရမ်များနှင့် တိုင်းပြည် အေဂျင်စီများ အတွက် B2G စီးပွားရေးဆန်းသစ်ဖန်တီးမှုများကိုလည်း ထုတ်လုပ် နေပါသည်။

မစ္စတာ Archapilasa မှ ကုမ္ပဏီသည် ARAYA ၏ အောင်မြင်မှုပေါ်အခြေခံလျက် ကမ္ဘာ့ဈေးကွက်တွင် အောင်မြင်မှုများရရှိနိုင်မည့် စီမံကိန်းများကို ဖန်တီးနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်နေပါသည်။

၎င်းမှ "ကျွန်တော်တို့ တွေရဲ့ ထုတ်ကုန်သစ်တွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူတွေရဲ့ အရမ်းကောင်းတဲ့ တုံ့ ပြန်မှုကို ထပ်ပြီးရရှိမယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်။ ဘာကြောင့်ဆိုရင် ကျွန်တော် တို့ ရဲ့ လုပ်နိုင်စွမ်းကို လူတွေက ကျယ်ကျယ်ပြန့် ပြန့် လက်ခံကြတာကို သက်သေပြပြီးပါပြီ။ နောက်ပြီး၊ ဒါက အရမ်းကိုထင်ထင်ရှားရှားကောင်းမွန်တဲ့အရာပါ" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www. madvrstudio.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

MAD Virtual Reality Studio Co., Ltd ၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများကို ဖော်ပြသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။

 

Issue 65

ဗီယင်နာ (Vienna) မြို့ ရှိ ဖက်ရှင်လျှောက်လမ်းများပေါ်တွင်ထွန်းတောက်ခဲ့သည့် ထိုင်းဖက်ရှင်တံဆိပ် Black Sugar သည် နိုင်ငံတကာဈေးကွက်များအတွင်းသို့ ဝင်ရောက်ရန်အတွက်ပြင်ဆင်နေပြီဖြစ်သည်။

ကမ္ဘာ့ဖက်ရှင်လုပ်ငန်းကဏ္ဍအတွင်း ဖက်ရှင်ရေစီးကြောင်းများလျင်မြန်စွာပြောင်းလဲနေသော်လည်း အချို့ သော အရာများကို အများ၏ စိတ်ကို အမြဲပင်ဆွဲဆောင် နေသည့် ရိုးရှင်းလှသည့် အရောင်များကဲ့သို့ သော အမည်း ရောင် နှင့် အဖြူရောင်များဖြင့်ရေးဆွဲထားကြသည်။

Black Sugar ဖက်ရှင်တံဆိပ်အား ဖန်တီးသူ Methawee Angthong မှ "အဖြူအမည်း အ၀တ်အထည်တွေကို ဖန်တီးရာမှာ လူအားလုံးက ကျွန်မတို့ ရဲ့ အထည်တွေကိုကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဒါပေမယ့်၊ ကျွန်မတို့ လို ကျွန်မတို့ ကြိုက်တဲ့စတိုင်ကို နှစ်သက်ကြတဲ့လူတစ်စုရှိကောင်းရှိနေမယ်လို့  ကျွန်မတို့ ယုံကြည် ပါတယ်။ Black Sugar အ၀တ်အထည်တွေအတွက် ရည်ရွယ်ထားတဲ့ အသက်အရွယ်မရှိပါဘူး" ဟုပြောပြပါ သည်။

Angthong အား သူမ၏ Black Sugar တံဆိပ် ကို ၂၀၁၆ ခုနှစ် တွင်ကျင်းပသည့် MQ Vienna Fashion Week ၌ပြသရန် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဖွံ့ ဖြိုးတိုးတက်ရေး ငှာန (DITP) မှကြီးမှူးကျင်းပသည့် Bangkok International Fashion Fair (BIFF) ပွဲကြီးတွင် ရွေးချယ်ခြင်းခံခဲ့ရပါသည်။ ၄င်း MQ Vienna Fashion Week သည် ထိုင်းဒီဇိုင်နာများ၏ ဖက်ရှင်ပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုများ၏ ဖွံ့ ဖြိုးတိုးတက်မှု အဆင့်အတန်း ဂုဏ်သတင်းကို ဖော်ထုတ်ပြသနိုင်မည့် အရေးပါသည့် ပွဲကြီးဖြစ်ပါသည်။

ဖက်ရှင်ဒီဇိုင်နာ၏ လေ့လာဆန်းဆစ်မှုမှဖော်ညွှန်းနေသည်မှာ လူအများသည် အဖြူနှင့်အမည်းအ၀တ်အထည် များကို ထသွားထလာ မှသည် formal (နည်းလမ်းတကျ တခမ်းတနား)၊ သို့ မဟုတ် ပါတီပွဲ စသည်ဖြင့်

အခမ်းအနားပွဲအတော်များများတွင် ဆင်မြန်းကြလေ့ရှိကြသည်။ ထိုကြောင့် ဤ အရောင်နှစ်မျိုးအပေါ်တွင်သာ အခြေပြု၍ ခိုင်မာသည့်အမှတ်တံဆိပ်ကို ဖန်တီးနိုင်မည်ဟု သူမမှယုံကြည်ထားသည်။

သူမမှ "Black (အမည်းရောင်) က ခွန်အားကို ကိုယ်စားပြုပြီး၊ sugar (သကြား) က တိမ်မြှပ်နေတဲ့ချိုမြိန်ခြင်းကို ကိုယ်စားပြုတယ်။ ဒါကြောင့် Black Sugar က ချိန်မြိန်မှုနဲ့ ယုံကြည်မှုကို ပေါင်းစပ်ထားတဲ့ အဓိပ္ပါယ်ပါ" ဟု ဆိုပါသည်။

အွန်လိုင်းမားကက်တင်းလုပ်ငန်းဆောင်ရွက်ခြင်း မရှိသေးသော်လည်း၊ သူမ ဖန်တီးထားသည့် အ၀တ်အထည် များ၏ အရည်အသွေးကြောင့် ၀ယ်ယူသူများ၏စိတ်ကို ကျယ်ကျယ်ပြန့် ပြန့် ဆွဲဆောင်နိုင်နေသည်ဟု Angthong မှပြောပါ သည်။ "ကျွန်မတို့ ရဲ့ ဖောက်သည်တွေက သူတို့ ကျွန်မတို့ ရဲ့ ပုံဖော်ထားတာတွေ နဲ့  အနုစိတ်တဲ့ ဒီဇိုင်းပုံစံတွေကို အရမ်းကြိုက်ကြတယ်လို့ ပြောကြတယ်" ဟု ၄င်းမှ ပြောပြသည်။

ပြည်တွင်းဈေးကွက်တွင် ၄၀ ရာခိုင်နှုန်း နှင့် ဂရိ၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ကျူးဘား၊ တောင်ကိုရီးယား နှင့် ဒူဘိုင်း စသည့် ပြည်ပနိုင်ငံများတွင် ၆၀ ရာခိုင်နှုန်း ရောင်းချရသည့် အရောင်းပမာဏများကြောင့် Black Sugar ၏ အိတ်စ်ပို့ လုပ်ငန်းအောင်မြင်မှုကို ထင်ထင်ရှားရှားတွေ့ မြင်နေနိုင်ပါသည်။ Angthong မှ "ကိုရီးယားက ၀ယ်သူ တစ်ယောက်က အဲဒီမှာ Black Sugar ဆိုင်ဖွင့်ဖို့ ကျွန်မတို့ ကိုဆက်သွယ်ထားတယ်" ဟုဖြည့်စွက်ပြောပြပါ သည်။

Angthong မှ ထိုင်းဖက်ရှင်လုပ်ငန်း၏ တောက်ပသည့်အနာဂတ်ကို တွေ့ မြင်သကဲ့သို့  ထိုင်းအမှတ်တံဆိပ်များ သည် နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် အလားအလားများစွာကောင်းမွန်ကြောင်း ယုံကြည်သည်ဟု ဆိုပါသည်။

၎င်းမှ "အစိုးရက ထိုင်းဖက်ရှင်လုပ်ငန်းအကြောင်းကို နားလည်သဘောပေါက်ပြီး ပံ့ပိုးကူညီ ပေးနေတယ်လို့  ကျွန်မထင်တယ်။ ဒါကကောင်းတယ်။ ဘာလို့ လဲဆိုရင် နိုင်ငံတကာဈေးကွက်တွေမှာ ကျွန်မတို့ ရဲ့ ဂုဏ်သတင်း ကို မြင့်မားစေတယ်။ ထိုင်းအမှတ်တံဆိပ်အတော်များများက နိုင်ငံတကာဈေးကွက်ကို ၀င်ရောက်ဖို့ အတွက် အလားအလာရှိတယ်" ဟုဆိုပါသည်။

Angthong သည် လူတိုင်းတွင်တွင် အရည်အချင်းနှင့် စွမ်းရည်ကိုယ်စီရှိကြကြောင်း နှင့် ၄င်းတို့ ကို အသုံးချရန် အတွက် မှန်ကန်သည့်လမ်းကြောင်းကို ရှာဖွေရန်ပင်ဖြစ်ကြောင်း ဆိုပါသည်။ "လူတွေက သူတို့ ရဲ့ ကိုယ်ပိုင် အရည်အချင်းပေါ်ထွက်လာစေဖို့ အတွက် နည်းလမ်းရှာသင့်တယ်။ မှန်ကန်တဲ့ အခွင့်အရေးရလာတဲ့အထိ အသုံးချလေ့ကျင့်သင့်တယ်။ ဒါမှသူတို့ က အဲဒီအခွင့်အရေးကို ယုံကြည်မှုရှိရှိနဲ့ ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်" ဟု ဆိုသည်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍www.facebook.com/blacksugarbrand အားဝင်ရောက်လေ့လာဖတ်ရှုပါ။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

365062