TradeWinds

Issue 69

ဘန်ကောက်၊ ဘန်င (Bangna) ရှိ BITEC ၌ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) နှင့် Reed Tradex တို့ မှကြီးမှူး၍ TILOG-LOGISTIX 2017 ကုန်စည်ပြပွဲကြီးအား သြဂုတ်လ ၁၆ ရက်နေ့ မှ ၁၈ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့ပါသည်။ ပြပွဲကြီး၏ရည်ရွယ်ချက်မှာ ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများမှ logistics ၀န်ဆောင်မှုထောက်ပံ့ပေးအပ်သူများအား တစ်နေရာတည်းတွင် တစုတဝေးတည်းတွေ့ ဆုံနိုင်ရန် နှင့် ထိုင်း logistics ကုမ္ပဏီများ၏ စွမ်းဆောင်နိုင်အားကိုလည်း ပြသရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။

နိုင်ငံပေါင်း ၂၅ နိုင်ငံရှိ logistics လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီ ၄၁၅ ခု တို့ မှ ၄င်းတို့ ၏ logistics ဆိုင်ရာ ၀န်ဆောင်မှုများနှင့်ဖြေရှင်းနည်းများကို ပြသခဲ့ကြပါသည်။ ပြပွဲကြီးသို့  ASEAN+ 6 နိုင်ငံများနှင့် အခြား နိုင်ငံများမှ စီးပွားရေးစွမ်းဆောင်ရှင်၊ logistics ကျွမ်းကျင် အတတ်ပညာရှင်၊ ကဏ္ဍအသီးသီးရှိ ပို့ ကုန်သွင်းကုန် လုပ်ငန်းရှင်ပေါင်း ၇,၅၂၅ ဦး တို့ မှ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးရန်၊ လုပ်ငန်း၏နောက်ဆုံးပေါ် ဦးတည်လမ်းကြောင်းများအားတွေ့ မြင်နိုင်ရန်နှင့် ပိုမိုခိုင်မာတောင့်တင်းသည့် logistics အသိုက်အ၀န်းကို ဖန်တီးဖော်ဆောင်ရန်အတွက် တက်ရောက်ခဲ့ကြပါသည်။

ပြပွဲကြီးတွင် ကုန်သွယ် စီးပွားရေးဆွေးနွေးညှိနှိုင်းသည့်အခန်းကဏ္ဍမှ ခန့် မှန်းခြေအားဖြင့် ယူအက်စ်ဒေါ်လာ ၉ သန်း (ထိုင်းဘတ် သန်း ၃၀၀) အားရရှိခဲ့ပါသည်။

 

Issue 69

မိုင်ယာမီမြို့ ရှိ ထိုင်းကုန်သွယ်ရေးရုံး မှ သြဂုတ်လ ၂၅ ရက်နေ့ က ထုတ်ပြန်သည့်အစီရင်ခံစာအရ အမေရိကန်နိုင်ငံရှိ စားသုံးသူများ၊ အထူးသဖြင့် လူငယ်လေးများသည် သဘာဝပါဝင်ပစ္စည်းများဖြင့် ပြုလုပ် ထားသော ထုတ်ကုန်များကို ၀ယ်ယူကြရန် ပိုမိုစိတ်အားထက်သန်ကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ "ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ၊ ပတ်ဝန်းကျင်က အညစ်အကြေးတွေ နဲ့  နေ့ စဉ်ထိတွေ့ နေရတဲ့အတွက် မြို့ ပြက စားသုံးသူတွေကြားမှာ အဆိပ်အတောက်ဖြေပေး (detox) တဲ့၊ နောက်ပြီး အန်တီအောက်ဆီဒင့် (antioxidant) ပါဝင်တဲ့ အစားအသောက်နဲ့ အလှကုန်ပစ္စည်းတွေက ထင်ရှား ကျော်ကြား ပါတယ်။ အခုဆိုရင် စားသုံးသူတွေက သိပ္ပံနည်းကျပြုလုပ်ထားတဲ့ သုတေသနလုပ်ငန်းကနေ မီးသွေးက ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ကူညီဖယ်ရှားပေးနိုင်တယ်ဆိုတာကို သိရှိလာခဲ့ကြလို့  မီးသွေးနဲ့ ပြုလုပ်တဲ့ထုတ်ကုန်တွေကို ၀ယ်ယူလာချင်ကြတယ်။ နနွင်းနဲ့ လုပ်တဲ့ပစ္စည်းတွေကိုလည်း လူသိများ လာပါပြီ" ဟုပြောကြားပါသည်။

စီးပွားရေးဝန်ကြီးဌာန (MoC) ၏ပြောကြားချက်အရ၊ ယခုနှစ်၏ ပထမခုနစ်လတာ ကာလအတွင်း ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ယူအက်စ်ဒေါ်လာ ၂၁ ဒသမ ၉ သန်းတန်ဖိုးရှိ အလှကုန်ပစ္စည်းများကိုတင်ပို့ ရောင်းချခဲ့ရ ကြောင်းနှင့် ယမန်နှစ်ထက် ၈ ဒသမ ၈၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းသိရှိရပါသည်။

 

Issue 69

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP)၊ Thailand Smart Trade Center (TSTC) နှင့် တရုတ်နိုင်ငံ၏ ဒုတိယအကြီးမားဆုံး e-commerce (အင်တာနက်အသုံးပြုကုန်သွယ်ရေး) ၀က်ဘ်ဆိုက် JD.com တို့ မှပူးတွဲ၍ Express to China E-commerce with JD.com ဆိုသည့် နှီးနှောဖလှယ် ဆွေးနွေးပွဲအား သြဂုတ်လ ၁၀ ရက်နေ့ က နော်ထဘူရီ (Nonthaburi) ရှိ စီးပွားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါ သည်။

ဆွေးနွေးပွဲ၌၊ Thai SMEs (အသေးစားနှင့်အလတ်စားလုပ်ငန်းများ) လုပ်ငန်းများမှ ၄င်းတို့ ရည်ရွယ်ထားသည့် စားသုံးသူများထံ ရောက်ရှိနိုင်ရန် ပိုမိုထိရောက်စွာကူညီပေးနိုင်မည့် တရုတ်နိုင်ငံ၏ အွန်လိုင်းရောင်းဝယ် ဖောက်ကားရေးအကြောင်းကို သိရှိခဲ့ကြရပါသည်။ ထို့ အပြင်၊ ထိုပွဲ၌ JD.com ၏ B2C e-commerce ပလက်ဖောင်း စင်မြင့်ထက်တွင် အထူးကဏ္ဍအဖြစ် စတင်အကောင်အထည်ဖော်ဆောင်လိုက်သည့် ထိုင်းနိုင်ငံ စင်မြင့် (Thailand Pavilion) အကြောင်းအားလည်း အထူးအလေးပေးဖော်ပြခဲ့ပါသည်။ ၄င်းစင်မြင့်သည် တရုတ်နိုင်ငံတွင် လူသိများထင်ရှားသကဲ့သို့ ၊ ထိုင်းပို့ ကုန်လုပ်ငန်းရှင်များ တရုတ်စားသုံးသူများနှင့် တိုက်ရိုက် ဆက်သွယ် နိုင်ရန်အတွက် DITP မှဖော်ဆောင်ထားခြင်းလည်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံ စင်မြင့် (Thailand Pavilion) တွင် ပြသထားသည့်အကြောင်းအရာများတွင် စားသောက်ကုန်၊ ကျန်းမာရေးနှင့် အလှအပကဏ္ဍ နှင့် lifestyle ကဏ္ဍများလည်းပါဝင်ပါသည်။

 

 

Issue 69

စီးပွားရေးဝန်ကြီးဌာန (MoC) ၏၀န်ကြီးသည် ထိုင်းနိုင်ငံ၏ ထူးချွန်ထင်ရှားသော ပို့ ကုန် လုပ်ငန်းရှင် ၃၃ ဦးအား Prime Minister's Export Awards (၀န်ကြီးချုပ်၏ ပို့ ကုန်လုပ်ငန်းရှင်ဆု) သို့ မဟုတ် PM Awards ဆုများကို ထိုင်းနိုင်ငံ၏ အစိုးရအိမ်တော် (the Government House of Thailand) ၌ သြဂုတ်လ ၃၀ ရက်နေ့ က ပေးအပ် ချီးမြင့်ခဲ့ပါသည်။

ထိုဆုချီးမြင့်သည့် အခမ်းအနားတွင် ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်-အိုချာ(General Prayuth Chan-ocha) မှတက်ရောက်၍ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှရွေးချယ်ထားသော ထိပ်တန်းပို့ ကုန်လုပ်ငန်းရှင်များအား PM Award ဆုများကို ပေးအပ်ချီးမြင့်ပေးခဲ့ပါသည်။

ယခုနှစ်ပေးအပ်ချီးမြင့်သည့် ဆုအမျိုးအစားများတွင် - အကောင်းဆုံးပို့ ကုန်လုပ်ငန်းရှင်ဆု (Best Exporter)၊ သဘာဝ ၀န်းကျင်နှင့်သဟဇာတဖြစ်သည့် အကောင်းဆုံးပြောင်းလဲဆန်းသစ်တီထွင်မှုဆု (Best Green Innovation)၊ အကောင်းဆုံးထိုင်းကုန်အမှတ်တံဆိပ်ဆု (Best Thai Brand)၊ အကောင်းဆုံး ဒီဇိုင်းဆု (Best Design)၊ အကောင်းဆုံး ၀န်ဆောင်မှုလုပ်ငန်းဆု (Best Service Enterprise)၊ အကောင်းဆုံး OTOP ဆု (Best OTOP) နှင့် အကောင်းဆုံး ဟာလာဆု (Best Halal) စသည်ဖြင့် ဆုအမျိုးအစားပေါင်း ခုနစ်မျိုးကို ပေးအပ် ချီးမြင့် ခဲ့ပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.pm-award.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

 

 

Issue 69

Road to Shanghai (ရှန်ဟိုင်းသို့ သွားလမ်း) ဟူသည့်ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲအား ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှကြီးမှူး၍ သြဂုတ်လ ၂၃ ရက်နေ့ မှ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့  Thailand Trust Mark (T Mark) ဆုများဆွတ်ခူးရရှိထားသည့် ထိပ်တန်း Thai lifestyle ကုန်အမှတ်တံဆိပ် ဆယ်ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

DITP ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် မစ္စတာ Kathathong Thongyai မှ "ဒီ ကုန်အမှတ်တံဆိပ်တွေက သူတို့ ရဲ့ စီးပွားရေးကို တရုတ်နိုင်ငံမှာတိုးချဲ့ ဖို့ စီစဉ်နေကြတယ်။ အလုပ်ရုံဆွေးနွေးပွဲကို တက်တဲ့အတွက် ကြောင့် သူတို့ ရည်ရွယ်ထားတဲ့ဖောက်သည်တွေကို ပိုပြီးထိထိရောက်ရောက်ချဉ်းကပ်နိုင်ဖို့  အခြေအနေတွေကို ထဲထဲဝင်ဝင်သိရှိနိုင်မှာဖြစ်သလို၊ အကြံဥာဏ်တွေကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။ သူတို့ တွေ တရုတ်ပြည် ဈေးကွက်ထဲကို ၂၀၁၈ ခုနှစ်မှာဝင်ရောက်ဖို့ အတွက် ကျွန်တော်တို့ မျှော်မှန်းထားပါတယ်" ဟုပြောကြားပါ သည်။

ကုန်အမှတ်တံဆိပ် ဆယ်ခုမှာ - DEESAWAT၊ PASAYA၊ 5ive SIS၊ Mobella၊ KENKOON (ပရိဘောဂ နှင့် အိမ်အလှဆင်ပစ္စည်းများ)၊ I-SPA (ရေချိုးခန်း၊ အိမ်သာ ဒီဇိုင်း)၊ PANPURI၊ Satira Spa (စပါ ထုတ်ကုန်များ)၊ ASAVA (ဒီဇိုင်နာ အ၀တ်အထည်များ) နှင့် LUCARIS (ဖန်ပစ္စည်းများ) ဖြစ်ကြပါသည်။

T Mark သည် ကုမ္ပဏီ၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ်ထားရှိသည့် အထိမ်းအမှတ်သက်သေ၊ မျှတသည့်လုပ်ငန်းခွင်ဝန်းကျင် နှင့် အရည်အသွေးအမြင့်မားဆုံးသောထုတ်ကုန်ပစ္စည်းများ၏ သင်္ကေတဖြစ်ပါ သည်။

 

 

Issue 69

၂၀၁၇ ခုနှစ်၌ ၄င်း၏မူလကြိုတင်မှန်းချေမှ ၅ ရာခိုင်နှုန်းတိုးမြင့်၍ ထိုင်းနိုင်ငံ၏ ပို့ ကုန်လုပ်ငန်း ၅ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်းထိ တိုးတက်လာရန် စီးပွားရေးဝန်ကြီးဌာန (MoC) မှမျှော်မှန်းထားပါသည်။ တိုင်းပြည်၏ ပထမ ခုနစ်လ တာကာလအတွင်း စုစုပေါင်း ယူအက်စ်ဒေါ်လာ ၁၃၀ ဘီလီယံ တန်ဖိုးရှိ ကုန်စည်များကိုတင်ပို့ ရောင်း ချ နိုင်ခဲ့ပြီး၊ ယမန်နှစ်ထက် ၈ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ကာ နှစ်ပေါင်း ခြောက်နှစ်အတွင်း အမြင့်မားဆုံး ဖြစ်ပါသည်။

စီးပွားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး မူဝါဒနှင့် မဟာဗျူဟာဌာနခွဲ၏ ညွှန်ကြားရေးမှူးချုပ် မစ္စ Pimchanok Vonkorpon မှ "ဒီနှစ် ပထမငါးလအတွင်းမှာ အဓိကကုန်သွယ်ရေးမိတ်ဖက်တွေရဲ့  စီးပွားရေးတွေ ပြန်ပြီး နာလန်ထူလာတာ၊ ကမ္ဘာ့ဝယ်လိုအား တိုးတက်လာတာ နဲ့ လယ်ယာနဲ့  စက်မှုထုတ်ကုန်တွေရဲ့ ဈေးနှုန်း တက် လာတွေအပါအ၀င် တိုင်းပြည်ရဲ့ ပို့ ကုန်လုပ်ငန်းကဏ္ဍကို အထောက်အကူဖြစ် စေမယ့် အပြုသဘောဆောင်တဲ့ အကြောင်းရင်းအချို့ ရှိပါတယ်။ လိုအပ်ခဲ့မယ်ဆိုရင် ကျွန်မတို့ တွေရဲ့ ပို့ ကုန် ပရိုမိုရှင်း မူဝါဒတွေကို ပြင်ဆင် ချိန်ညှိဖို့ အတွက် ထိုင်းဘတ်ငွေတန်ဖိုး အပြောင်းအလဲ၊ အဓိကနိုင်ငံကြီးတွေရဲ့  ကုန်သွယ်ရေးမူဝါဒတွေနဲ့  အတိုးနှုန်းတွေအပါအ၀င် အခြားအကြောင်းရင်းတွေကို ကျွန်မတို့ တွေကစောင့်ကြည့်မှတ်သားစစ်ဆေးသွားမှာ ဖြစ်ပါတယ်" ဟု သြဂုတ်လ ၂၃ ရက်နေ့ ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားပါသည်။

365203