Issue 69

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP)၊ Thailand Smart Trade Center (TSTC) နှင့် တရုတ်နိုင်ငံ၏ ဒုတိယအကြီးမားဆုံး e-commerce (အင်တာနက်အသုံးပြုကုန်သွယ်ရေး) ၀က်ဘ်ဆိုက် JD.com တို့ မှပူးတွဲ၍ Express to China E-commerce with JD.com ဆိုသည့် နှီးနှောဖလှယ် ဆွေးနွေးပွဲအား သြဂုတ်လ ၁၀ ရက်နေ့ က နော်ထဘူရီ (Nonthaburi) ရှိ စီးပွားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါ သည်။

ဆွေးနွေးပွဲ၌၊ Thai SMEs (အသေးစားနှင့်အလတ်စားလုပ်ငန်းများ) လုပ်ငန်းများမှ ၄င်းတို့ ရည်ရွယ်ထားသည့် စားသုံးသူများထံ ရောက်ရှိနိုင်ရန် ပိုမိုထိရောက်စွာကူညီပေးနိုင်မည့် တရုတ်နိုင်ငံ၏ အွန်လိုင်းရောင်းဝယ် ဖောက်ကားရေးအကြောင်းကို သိရှိခဲ့ကြရပါသည်။ ထို့ အပြင်၊ ထိုပွဲ၌ JD.com ၏ B2C e-commerce ပလက်ဖောင်း စင်မြင့်ထက်တွင် အထူးကဏ္ဍအဖြစ် စတင်အကောင်အထည်ဖော်ဆောင်လိုက်သည့် ထိုင်းနိုင်ငံ စင်မြင့် (Thailand Pavilion) အကြောင်းအားလည်း အထူးအလေးပေးဖော်ပြခဲ့ပါသည်။ ၄င်းစင်မြင့်သည် တရုတ်နိုင်ငံတွင် လူသိများထင်ရှားသကဲ့သို့ ၊ ထိုင်းပို့ ကုန်လုပ်ငန်းရှင်များ တရုတ်စားသုံးသူများနှင့် တိုက်ရိုက် ဆက်သွယ် နိုင်ရန်အတွက် DITP မှဖော်ဆောင်ထားခြင်းလည်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံ စင်မြင့် (Thailand Pavilion) တွင် ပြသထားသည့်အကြောင်းအရာများတွင် စားသောက်ကုန်၊ ကျန်းမာရေးနှင့် အလှအပကဏ္ဍ နှင့် lifestyle ကဏ္ဍများလည်းပါဝင်ပါသည်။

 

 

366446