Inside ASEAN⁺

Issue 69

ဒွိုင်ခမ် (Doi Kham): အဓွန့် ရှည်တည်နေမည့် တော်ဝင် အမွေ

ကွယ်လွန်သွားပြီဖြစ်သော ဘုရင်မင်းမြတ်ကြီး ဘူမိဘော (King Bhumibhol) ချန်ထားရစ်ခဲ့သည့် အမွေအဖြစ် ထိုင်းလယ်သမားများနှင့် ၄င်းတို့ လူမှုအဖွဲ့ အစည်းများ၏ ဘ၀တိုးတက်မြင့်မားလာစေရေး အားဆက်လက်

ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားအဖြစ် ဒွိုင်ခမ် (Doi Kham) ၏ စိတ်ထဲ နှလုံးသားထဲမှခံယူထားပါသည်။

ထိုင်းနိုင်ငံသည် ၄င်း၏ပေါများကြွယ်ဝလှသည့် သစ်သီးများနှင့် သစ်သီးများဖြင့်ပြုလုပ်သည့် ထုတ်ကုန်များ ကြောင့် လူသိများထင်ရှားပါသည်။ တိုင်းပြည်သည် ၂၀၁၆ ခုနှစ်အတွင်း ယူအက်စ်ဒေါ်လာ ၇၄၁ ဒသမ ၇ သန်း တန်ဖိုးရှိ သစ်သီးဖျော်ရည်များကို တင်ပို့ ရောင်းချနိုင်ခဲ့ပြီး၊ ယခင်နှစ်ထက် ၁၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက် လာခဲ့ပါသည်။

ဒွိုင်ခမ် (Doi Kham) အား လွန်လေခဲ့ပြီဖြစ်သည့် တော်ဝင် ဘုရင်မင်းမြတ်ကြီး ဘူမိဘော အဒူရာဒက် (King Bhumibhol Adulyadej) ဦးစီးဦးဆောင်ခဲ့သည့် တော်ဝင်စီမံကိန်း၏ လူမှုစီးပွားရေးလုပ်ငန်းအဖြစ် ၁၉၆၉ ခုနှစ် က စတင်တည်ထောင်ခဲ့ပါသည်။ တောင်သူလယ်သမားများနှင့် ၄င်းတို့ ၏လူမှုအဖွဲ့ အစည်းများ၏ဘ၀ တိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ပြုပြင်ထားသည့် စားသောက်ကုန်များ (processed food products) ကို ရောင်း ချ ပါသည်။ ယနေ့ တွင်၊ ချန်းမိုင် (Chiang Mai)၊ ချန်းရိုင်း (Chiang Rai)၊ စာခွန်နကော် (Sakonnakon) နှင့် ဘူရီရမ် (Burriam) ခရိုင်များတွင် ဒွိုင်ခမ် (Doi Kham) စက်ရုံများမှ လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက် ရှိ ပါသည်။ ၄င်းစက်ရုံများသည် အသင့်သောက် သစ်သီးဖျော်ရည်များ၊ သစ်သီးဖျော်ရည်အဆီများ၊ သစ်သီး ခြောက်များ၊ သစ်သီးယိုများ၊ စည်သွတ်သစ်သီးများ၊ ခရမ်းချဉ်သီးအနှစ်၊ အေးခဲသစ်သီး နှင့် ပဲပိစပ်မှုန့် များကို ထုတ်လုပ်ရန်အတွက် ကျေးရွာ ရာပေါင်းများစွာရှိ တောင်သူလယ်သမားများထံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်း ရွက်များကို ၀ယ်ယူလျက်ရှိသည်။

ဒွိုင်ခမ် (Doi Kham) စားသောက်ကုန်လုပ်ငန်း၏ ဥက္ကဌ နှင့် အလုပ်အမှုဆောင်အရာရှိ (chief executive) ဖြစ်သူ မစ္စတာ Pipatpong Israsena မှ "ကျွန်တော်တို့ ရဲ့ စားသောက်ကုန်တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေက သဘာဝစစ်စစ်ပစ္စည်းတွေပါ။ စားသုံးသူတွေသောက်သုံးတဲ့ ဖျော်ရည်စက်တိုင်းကို ကျွန်တော်တို့ တောင်သူ လယ်သမားတွေရဲ့ စိတ်စေတနာတွေနဲ့ ပြုလုပ်ထားတာပါ" ဟုဆိုပါသည်။

ဒွိုင်ခမ် (Doi Kham) အတွက် ထုတ်ကုန်အရည်အသွေးကောင်းမွန်မှုမှာ ပထမဦးစားပေးဖြစ်သည်။ ထို့ အတွက် ကြောင့် အကောင်းဆုံးသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များရရှိနိုင်မှုအားသေချာစေရန်အတွက် ကုမ္ပဏီမှ တောင်သူလယ်သမားများအား အပြင်ပေါက်ဈေးထက် ဈေးအနည်းငယ်ပိုပေး၍ ၀ယ်ယူသည်ဟု မစ္စတာ Israsena မှဖြည့်စွက်ပြောပြပါသည်။ ကုမ္ပဏီသည် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက် ရေးငှာန (DITP) မှချီးမြင့်သော အထူးသဖြင့် လုပ်ငန်းခွင်ဝန်းကျင်၊ လူမှုဝန်းကျင် နှင့် သဘာဝ ၀န်းကျင်အပေါ် တာဝန်ခံယူမှု များတွင် စိတ်ချယုံကြည်ရသည့် အကောင်းဆုံး အရည်အသွေး အမှတ်သင်္ကေတ ဖြစ်သည့် Thailand Trust Mark (T Mark) ဆုအားလည်းရရှိထားပါသည်။

မစ္စတာ Israsena မှ "ဒွိုင်ခမ် (Doi Kham) က သဘာဝ ၀န်းကျင်အပေါ်မှာ အထူးအလေးထားပါတယ်။ ကျွန်တော်တို့ ရေသန့် စင်ရေးစနစ် (water treatment system) ကို တပ်ဆင်ထားပြီး၊ ရေရင်းမြစ်တွေ သန့်  ရှင်း နေစေဖို့ အတွက် စီမံကိန်းလုပ်ငန်းတစ်ခုကိုလည်း အစပျိုးဆောင်ရွက်ခဲ့ပါတယ်။ လောလောလတ်လတ်မှာ ဆိုရင်၊ ကျွန်တော်တို့ စက်ရုံတွေရဲ့ ခေါင်မိုးတွေပေါ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဆိုလာပြားတွေကို တပ် ဆင်ထားပါပြီ။ ဘန်ကောက်မှာရှိတဲ့ ကျွန်တော်တို့ ရဲ့ ရုံးအဆောက်အဦးကလည်း ရွှေအဆင့် LEED (Leadership in Energy and Environmental Design) အသိအမှတ်ပြုလက်မှတ်ကို ရရှိထားပါတယ်။ အဲဒါ က ဘာလဲဆိုရင်၊ ရင်းမြစ်ကို ကျွမ်းကျင်စွာစီမံခန့် ခွဲနိုင်တဲ့၊ ရေနဲ့ စွမ်းအင်ကို ချွေတာသုံးစွဲတဲ့၊ greenhouse (ဖန်လုံအိမ်) ဂက်စ်ထုတ်လုပ်တာကို လျှော့ချနိုင်တဲ့ အသိအမှတ်ပြုလက်မှတ်ဖြစ်ပါတယ်" ဟုပြောပြပါသည်။

ပြည်တွင်းတွင် ဈေးကွက်အခိုင်အမာရရှိထားသည့် ဒွိုင်ခမ် (Doi Kham) သည် ယခုအခါတွင် ၄င်း၏ လူ့ အဖွဲ့  အစည်းသို့ ပြန်လည်ပေးဆပ်ခြင်းဆိုသည့် အဓိကရည်မှန်းချက်ပန်းတိုင်အား ဦးထိပ်ပန်ဆင်လျက် မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဂျပန် နှင့် တရုတ်နိုင်ငံများကဲ့သို့ သော အခြားသော အာရှ တိုက် ရှိ နိုင်ငံ နယ်ပယ်ဒေသများသို့ ဈေးကွက်ချဲ့ ထွင်လျက်ရှိပါသည်။

"ကျွန်တော် နှစ်ပေါင်း တစ်ရာအတွင်းမှာ ဒွိုင်ခမ် (Doi Kham) ကို လွန်လေတဲ့ ဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက် (King Bhumibhol Adulyadej) ချန်ရစ်ခဲ့တဲ့ အမွေတွေထဲက အမွေတစ်ခုဖြစ်စေချင်ပါတယ်။ လူတွေ မကြာခဏမေးလေ့ရှိတဲ့မေးခွန်းက sustainability (ရေရှည်တည်တံ့ခိုင်မြဲရေး) ကို လက်တွေ့ အကောင် အထည်ဖော်နိုင်ပါ့မလားဆိုတာကိုပါ။ ဒွိုင်ခမ် (Doi Kham) ကသက်သေပါပဲ။ ကုမ္ပဏီက သူ့ ရဲ့ မူဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကနေတဆင့် သူတို့ အတွက် ပိုမိုကောင်းမွန်တဲ့ ဘ၀ကိုဖန်တီးနိုင်ဖို့  တောင်သူလယ်သမား တွေနဲ့ သူတို့ တွေရဲ့ လူမှု အသိုက်အ၀န်းတွေကို ကူညီစောင့်ရှောက်ပေးနေစဉ်မှာပဲ အမြတ်အစွန်းလည်း ရရှိနိုင် တယ်ဆိုတာပါပဲ" ဟု မစ္စတာ Israsena မှပြောကြားပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

Issue 67

ဒီဇိုင်းနှင့်ဆန်းသစ်မှုတို့ သည် နိုင်ငံရပ်ခြားဈေးကွက်များတွင်းသို့ ထိုးဖောက် ၀င်ရောက်ရန်အတွက် မည်သို့  ပံ့ပိုးကူညီနေကြောင်းကို ရေချိုးခန်း ဒီဇိုင်းများမှ ထင်ဟပ်ဖော်ပြနေပါသည်။

ရေချိုးခန်းဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်နေသည့် ထိပ်တန်းထုတ်လုပ်သူ Bathroom Design ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သည့် မစ္စတာ Eard Charuratana မှ "ကျွန်တော်တို့ စီးပွားလုပ်ငန်းရဲ့  အောင်မြင်မှုအတွက် ဒီဇိုင်းနဲ့ ဆန်းသစ်မှုက အရမ်းကိုအရေးပါ ပါတယ်။ ကျွန်တော်တို့ တွေက သုတေသနနဲ့ ဖွံ့ ဖြိုးတိုးတက်ရေး (research and development (R&D)) ဦးစားပေးဆောင်ရွက် တယ်။ ဘာကြောင့်ဆိုရင် ကျွန်တော်တို့ ဖောက်သည်တွေရဲ့ ကွဲပြားတဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် အကောင်းဆုံး ပစ္စည်းတွေကို ဖြည့်ဆည်းပေးအပ်သွားနိုင်ဖို့ အတွက်ပါ" ဟုဆိုပါသည်။

Bathroom Design သည် ဖောက်သည်တစ်ဦးချင်းစီ၏ လိုအပ်ချက်တိုင်းနှင့် ကိုက်ညီမည့် ရေချိုးကန် များကို ဖန်တီးနေသည့်အပြင်၊ ၄င်း၏ ဒီဇိုင်းတွင် ခေတ်မီနည်းပညာနှင့် ဆန်းသစ်မှုကို ပေါင်းစပ်ပေးခြင်း ဖြင့် တန်ဖိုးမြင့်တက်လာစေပါသည်။ ဤတွင် သုံးစွဲသူမှ မိုဘိုင်းဖုန်းဖြင့် ရေချိုးကန်အား ရေဖြည့်နိုင်မည့် I-Command၊ မွှေးကြိုင်သည့် ရနံ့ များဖြင့် ရေခိုးရေငွေ့  moisturizer များထုတ်လွှတ်ပေးနိုင်သည့် I-Aroma နှင့် အရောင်ရိပ် အမျိုးမျိုးထုတ်လွှတ်ပေးနိုင်သည့် I-Color များလည်းပါဝင်ပါသည်။

မစ္စတာ Charuratana မှ "ကျွန်တော်တို့ ရဲ့  R&D အဖွဲ့ က ကျွန်တော်တို့ လိုအပ်တဲ့ ရေးချိုးကန်က ဘယ်လိုအမျိုးအစားလဲ၊ ကျွန်တော်တို့ ရဲ့ ဖောက်သည်တွေက ဘာတွေကို နှစ်သက်ကြမလဲ ဆိုတဲ့ မေးခွန်းတွေကို အမြဲပဲမေးမြန်းစူးစမ်းလေ့လာပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတစ်နိုင်ငံစီ ဒါမဟုတ် ဒေသ တစ်ခုစီက လူတွေရဲ့  ခန္ဓာကိုယ်အရွယ်အစားတွေ၊ ရေးချိုးတဲ့ပုံစံတွေနဲ့ အကြိုက်တွေက ကွဲပြား ကြတဲ့အတွက်ကြောင့်ပါ။ ဂျပန်လူမျိုးတွေက ရေနွေးငွေ့ ရေချိုးကန်ထဲမှာ နောက်ကိုမှီချပြီး အပန်းဖြေ ရတာကို နှစ်ခြိုက်ကြတယ်။ သူတို့ တွေက function ခပ်နည်းနည်းနဲ့ ရေချိုးကန်သေးကို ကြိုက်ကြ တယ်။ အာရပ်လူမျိုးတွေက လူလေးယောက်လောက် တစ်ပြိုင်တည်း ချိုးနိုင်တဲ့ ရေချိုးကန် အကြီးကြီး ကိုကြိုက်ကြတယ်" ဟုရှင်းလင်းပြောပြပါသည်။

၁၉၉၆ ခုနှစ် စတင်တည်ထောင်ခဲ့သည့် ရေချိုးခန်းဆိုင်ရာအလှဆင် တွဲဖက်ပစ္စည်းများကို တင်သွင်းသူ Bathroom Design သည် နောင်နှစ်အနည်းငယ်အတွင်းတွင် ၄င်း၏ကိုယ်ပိုင် အမှတ်တံဆိပ်ကို စတင် ထုတ်လုပ်ခဲ့သည်။ လက်ရှိတွင်၊ ရေချိုးကန်များ နှင့် အခြား ကျန်းမာရေးနှင့်သန့် ရှင်းရေးသုံး အသုံး အဆောင်ပစ္စည်းများကို ထုတ်လုပ်နေလျက်ရှိပြီး၊ အာရှ၊ ဥရောပနှင့် အရှေ့ အလယ်ပိုင်းရှိ နိုင်ငံပေါင်း ၃၀ ကျော်သို့ ၎င်း၏ ထုတ်ကုန်များကို တင်ပို့ ရောင်းချလျက်ရှိသည်။

စက်မှုလုပ်ငန်းစီးပွားရေးဆိုင်ရာရုံး (Office of Industrial Economics) ၏ အချက်အလက်များအရ ၂၀၁၅ ခုနှစ်တွင် ကျန်းမာရေးနှင့်သန့် ရှင်းရေးသုံး အသုံး အဆောင်ပစ္စည်း များကိုတင်ပို့ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၁၇၀ သန်းခန့် ဖြင့် ထိုင်းနိုင်ငံကြွေထည်မြေထည်ထုတ်ကုန်များကို တင်ပို့ ရောင်းချ ခြင်းမှ ခန့် မှန်းခြေ အားဖြင့် အမေရိကန်ဒေါ်လာ ၇၅၈ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။ အဓိက တင်ပို့  ရောင်းချသည့် နိုင်ငံများတွင် ဂျပန်၊ အမေရိကန်၊ တရုတ်၊ ဂျာမနီ နှင့် အာဆီယံနိုင်ငံများ ပါဝင်ပါသည်။

"နိုင်ငံတိုင်းမှာ ကျွန်တော်တို့ ရဲ့  ဖောက်သည်တွေလိုအပ်တဲ့အချိန်တိုင်းမှာ ပံ့ပိုးကူညီပေးနိုင်မယ့်

မူပိုင်ဖြန့် ဖြူးရောင်းချသူတွေရှိပါတယ်။ သူတို့ တွေက ဖောက်သည်တွေအတွက် ရေချိုးကန် အသုံးပြု နည်းကို ရှင်းလင်းပြောပြပေးရမယ့်အပြင်၊ ရောင်းချပြီးတဲ့နောက်မှာ ရေချိုးကန်ကို တပ်ဆင်ပေးဖို့ ၊ ရေချိုးကန်ကို ပြုပြင်ထိန်းသိမ်းပေးတဲ့ဝန်ဆောင်မှုတွေ ပေးဖို့ အတွက်လည်း တာဝန်ရှိတယ်။ ကမ္ဘာ့ ဈေးကွက်မှာ၊ ကျွန်တော်တို့ အတွက် အင်အားကြီးမားတဲ့ ပြိုင်ဖက်တွေလည်း အများကြီးရှိနေပါ တယ်။ ဒါကြောင့်၊ ကျွန်တော်တို့ ရဲ့  R&D က ဦးတည်တဲ့ဈေးကွက်အတွက် အကောင်းဆုံး ပစ္စည်းတွေကို ပေးအပ်ရမှာဖြစ်ပါတယ်" ဟု မစ္စတာ Charuratana မှဆိုပါသည်။

ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) မှ ထိုင်းနိုင်ငံနှင့် နိုင်ငံရပ်ခြားတွင် ကျင်းပပြုလုပ်သည့် ကုန်စည်ပြပွဲများသို့ တက်ရောက်ခြင်းဖြင့် ယုံကြည်စိတ်ချရသည့်၊ အလားအလာရှိသည့် မိတ်ဖက်အချို့ ကို ကုမ္ပဏီမှတွေ့ ဆုံရရှိခဲ့သည်။ ထို့ အပြင်၊ ၄င်း၏ ဖောက်သည် ရှေးရှု ဒီဇိုင်နှင့်ဆန်းသစ်မှုများကြောင့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် ဆုပေါင်းများကိုလည်း ဆွတ်ခူး ရရှိနိုင်ခဲ့ပြီးဖြစ်ပါသည်။ လက်ခံရရှိထားသည့်ဆုများတွင် Thailand's Demark၊ ဂျပန်နိုင်ငံ၏ G-Mark နှင့် ဂျာမနီနိုင်ငံ၏ Red Dot Design ဆုများပါဝင်သည်။

မစ္စတာ Charuratana မှ "ကုမ္ပဏီက အာရှဒေသကြီးမှာ ဆန်းသစ်တဲ့ရေချိုးခန်း အလှဆင် တွဲဖက် ပစ္စည်း ဈေးကွက်ရဲ့ ဦးဆောင်သူဖြစ်ဖို့ အတွက် ရည်မှန်းထားပါတယ်။ နောက်ပြီး၊ ကျွန်တော်တို့ က ကျွန်တော်တို့ ရဲ့ စီးပွားလုပ်ငန်းကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့ လို နိုင်ငံရပ်ခြားဈေးကွက်တွေမှာ တိုးချဲ့  ဖို့ အတွက်လည်း ရည်မှန်းထားပါတယ်" ဟုပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.bathroomtomorrow.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

Issue 64

ထိပ်တန်း ထိုင်းအလှကုန်တံဆိပ်မှ နိုင်ငံအရပ်ရပ်မှဖောက်သည်များသည် မည်သည့်အတွက်ကြောင့် ၄င်း၏ ထုတ်ကုန်များကို နှစ်သက်ကြရသည်နှင့် ၄င်း၏အနာဂတ်အစီအစဉ်အား ယခုကဲ့သို့ ရှင်းလင်းပြောကြားပါသည်။

များမကြာမီနှစ်များအတွင်းက ထိုင်းနိုင်ငံ၏ အလှကုန် ပစ္စည်းလုပ်ငန်းသည် ၄င်း၏အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များ ကြောင့် ကမ္ဘာ၏ချီးကျူးမှုကို လက်ခံရရှိလာခဲ့သကဲ့သို့ ထိုင်းအလှကုန်အမှတ်တံဆိပ်အချို့ သည်လည်း ကမ္ဘာ့အလယ် တွင်ထင်ရှားကျော်ကြားလာခဲ့ပါသည်။ အလှကုန်လုပ်ငန်းကြီးသည်လည်း တိုင်းပြည်၏စီးပွားရေး အတွက် အရေးပါသည့် အခန်း ကဏ္ဍမှပါဝင်လာခဲ့ပါသည်။ Thai Cosmetic Manufacturers Association (ထိုင်းအလှကုန်ထုတ်လုပ်သူများအဖွဲ့ ) ၏ ခန့် မှန်းချက်အရှ ထိုင်းနိုင်ငံ၏ အလှကုန်ပစ္စည်းများကို အဓိကအားဖြင့် အာဆီယံနိုင်ငံများ (၄၀ ရာခိုင်နှုန်း)၊ ဂျပန်နိုင်ငံ နှင့် သြစတြေးလျနိုင်ငံများသို့ တင်ပို့ ရောင်းချခြင်းမှ ၂၀၁၆ ခုနှစ် တွင် ယူအက်စ်ဒေါ်လာ ၃ ဘီလျံ (ထိုင်းဘတ် ၁၀၆ ဘီလျံ) ခန့် ရရှိခဲ့သည်ဟု သိရှိရပါသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၏အလှကုန်လုပ်ငန်းသည် အာဆီယံနိုင်ငံများအလယ်တွင် အကြီးမားဆုံးဖြစ်ပြီး၊ အာရှတွင် ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံများပြီလျင် တတိယမြောက်နေရာတွင်ရှိနေပါသည်။ အာဆီယံနိုင်ငံများ အလယ်တွင် ထိုင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်များအတွက် ထိပ်တန်း OEM အလှကုန် ပစ္စည်း ထုတ်လုပ်သူအဖြစ်ရပ်တည်လျက်ရှိနေပါသည်။

၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Mistine အမှတ်တံဆိပ်၏ ပိုင်ရှင်ဖြစ်သည့် Better Way (Thailand) သည် ကနဦးတွင် ပြည်တွင်းဈေးကွက်အတွက် အထူးသဖြင့် body care၊ တစ်ကိုယ်ရေ စောင့်ရှောက်ရေး၊ မိတ်ကပ်၊ ရေမွှေး နှင့် skin care ဆိုင်ရာ အရည်အသွေးကောင်းအလှကုန် ပစ္စည်းများကိုစတင်ထုတ်လုပ်ခဲ့ပါသည်။ ယခုအခါတွင် ကုမ္ပဏီမှ အထူးသဖြင့် အာရှနိုင်ငံများ၊ အရှေ့ အလယ်ပိုင်း နှင့် မြောက်အမေရိကနိုင်ငံများ စသည့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်များသို့ ၎င်း၏အလှကုန်များကို တင်ပို့ ရောင်းချလျက်ရှိနေပါသည်။ လွန်ခဲ့သည့် သုံးနှစ်က တရုတ်ပြည်မကြီး တွင် Mistine ထုတ်ကုန်များကို ဖြန့် ဖြူးရောင်းချရန်အတွက် Better Way Shenzhen ပူးတွဲကုမ္ပဏီကိုတည်ထောင်ခဲ့ ပါသည်။

Mistine ၏ လက်ထောက်ဈေးကွက်ဒါရိုက်တာ Ongart Wongdacharoj မှ "တရုတ်နိုင်ငံက အရမ်းကို အလားအလာ ရှိတဲ့ ဈေးကွက်ပါ။ ဒီနိုင်ငံမှာ အွန်လိုင်းဈေးကွက်က ကျွန်တော်တို့ ရဲ့ အဓိကဈေးကွက်လမ်းကြောင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အွန်လိုင်းဈေးကွက်မှာ ကျွန်တော်တို့ ရဲ့ ပစ္စည်းကို လက်လီဖြန့် ဖြူးရောင်းချသူ အနည်းဆုံး ၂၀,၀၀၀ ရှိ နေပါတယ်" ဟုဆိုပါသည်။

Mistine သည် တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအလယ်တွင် နှစ်ပေါင်းများစွာကပင် ထင်ရှားသည့် အလှကုန်တံဆိပ်ဖြစ်ပါသည်။ ကြီးမားသည့် ရွှေးပြောင်းလုပ်သားအင်အားနှင့် ထိုင်းမီဒီယာများကို ကျေးဇူးတင်ရှိရမည် ပင်ဖြစ်သည်။

Wongdacharoj မှ "ကမ္ဘောဒီးယား၊ လာအို နဲ့ မြန်မာနိုင်ငံက လူတွေက ကျွန်တော်တို့ ရဲ့ ထုတ်ကုန်ကို အရမ်းကို နှစ်သက်ကြတယ်။ ဘာကြောင့်ဆိုရင် လူအတော်များများက ကျွန်တော်တို့ ရဲ့ နိုင်ငံမှာ အလုပ်လုပ်နေတုန်း ကျွန်တော် တို့ ရဲ့ အလှကုန်တွေကို သုံးစွဲကြပြီး၊ သူတို့ ရဲ့ နိုင်ငံတွေကို ပြန်သွားကြတဲ့အခါမှာလည်း သူတို့ ချစ်ခင်တဲ့လူတွေ အတွက် ပြန်ဝယ်သွားကြတဲ့အတွက်ကြောင့်ပါ။ ဒီတိုင်းပြည်တွေကလူတွေကလည်း ထိုင်း TV ချယ်နယ်တွေကို ကြည့်ကြတဲ့အတွက် ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေကို TV ကြော်ငြာတွေကတဆင့် သိရှိနေကြတာဖြစ်ပါတယ်" ဟု ဆိုပါသည်။

Wongdacharoj မှ Mistine သည် ၄င်း၏ အရည်အသွေး၊ သုတေသနနှင့် ထိရောက်အောင်မြင်သည့် ဈေးကွက်ဗျူဟာ များကြောင့် အောင်မြင်ရသည်ဟုဆိုပါသည်။ ၄င်းမှ "ကျွန်တော်တို့ က အရည်အသွေးကောင်း မွန်တဲ့ ထုတ်ကုန်တွေ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးပါတယ်။ ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေကို နိုင်ငံတကာစံချိန်စံညွှန်း အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်တဲ့ထုတ်လုပ်သူတွေနဲ့ ထုတ်လုပ်ထားတာပါ။ ထုတ်ကုန်သစ်တွေကိုမဖြန့် ဖြူး ခင်၊ ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ထုတ်ကုန်တွေဖြစ်ဖို့ အတွက် သေသေချာချာ အချိန်ယူပြီး သုတေသနပြုစမ်းသပ်မှုတွေလုပ်ပါတယ်" ဟုဆိုပါသည်။

Mistine မှ ၄င်း၏အမျိုးမျိုးသောထုတ်ကုန်များကို ထိုင်းနိုင်ငံ၏နာမည်ကျော်များနှင့် ကြော်ငြာသည်။ ၄င်းမှ "သူတို့  တွေက အစီအစဉ်တင်ဆက်သူတွေပဲမဟုတ်ပါဘူး။ သူတို့ က ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေကိုလည်း သုံးကြရမှာ ဖြစ်ပါတယ်။ မဖြန့် ဖြူးခင်မှာ သူတို့ တွေအားလုံး ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေကို စမ်းသုံးကြည့်ပြီးဖြစ်ပါတယ်" ဟု ပြောပြပါသည်။

၂၀၁၆ ခုနှစ်တွင် Mistine မှ ရောင်းချရငွေပေါင်း ယူအက်စ်ဒေါ်လာ သန်း ၄၀၀ (ထိုင်းဘတ် ၁၄ ဘီလျံ) ၀န်းကျင် ရရှိခဲ့ ပြီး၊ ၄င်းတို့ မှ ၁၀ ရာခိုင်နှုန်းသည် နိုင်ငံတကာဈေးကွက်များမှ ရရှိလာခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီမှ ၄င်း၏စီးပွားလုပ်ငန်း ကို တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံများအပါအ၀င်၊ နိုင်ငံရပ်ခြားသို့ တိုးချဲ့ သွားရန်စီစဉ်ထားပါသည်။

ပိုမိုသိရှိလိုပါက www.mistinecosmetics.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

Issue 65

အုန်းသီးအကြောင်းအား ကျွမ်းကျွမ်းကျင်ကျင်နှံ့ နှံ့ စပ်စပ်သိရှိသူများ၏ ပံ့ပိုးကူညီမှုကြောင့် ၄င်း၏ ကျန်းမာရေး နှင့် အလှအပရေးရာ ထုတ်ကုန်ပစ္စည်း များဖြင့် ထိုင်းအသေးစားနှင့်အလတ်စား (Thai SME) လုပ်ငန်းတစ်ခုမှ စားသုံးသူများ၏ စိတ်ကိုညှို့ ငင်ဖမ်းယူနိုင်ခဲ့ပါသည်။

လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက်အတွင်း ဆက်လက်ယှဉ်ပြိုင်ရပ်တည်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ နညှ်းဗျူဟာအများမှ တစ်ခုမှာ လယ်ယာစိုက်ပျိုးရေးထုတ်ကုန် ပစ္စည်း များအား တန်ဖိုးမြင့်လာစေခြင်းပင်ဖြစ် သည်။ ၄င်းနည်းဗျူဟာသည် ကောင်းစွာအကျိုးသက်ရောက်မှုရှိကြောင်း Tropicana Oil မှ သက်သေထူ လျက်ရှိပါသည်။

Suradej Ninek မှ "လယ်ယာစိုက်ပျိုးရေးထွက်ကုန်တွေက ထိုင်းနိုင်ငံရဲ့ အားပါ။ ကောင်းမွန်တဲ့ သုတေသနနဲ့  ဖွံ့ ဖြိုးတိုးတက်မှု (research and development - R&D) တွေကြောင့် ကျွန်တော်တို့ တွေ အကြီးမားဆုံး အကျိုး ကျေးဇူးတွေကို ရရှိနိုင်ပြီး စားသုံးသူတွေအတွက် တန်ဖိုးမြင့်ထုတ်ကုန်သစ်တွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်" ဟုဆိုပါသည်။ Suradej Ninek သည် ၄င်း၏ OTOP (One Tambon One Product - ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်ခု) စီးပွားလုပ်ငန်းအား နိုင်ငံရပ်ခြားဈေးကွက်များအတွင်းရှိ လူကြိုက်အများဆုံး ထိုင်းအမှတ်တံဆိပ် ကုန်စည်များမှ တစ်ခုအဖြစ် အောင်အောင်မြင်မြင်ပြောင်းလဲနိုင်ခဲ့သည့် ပုဂ္ဂိုလ်၊

Tropicana Oil ၏ မန်းနေဂျင်းဒါရိုက်တာတစ်ဦးဖြစ်ပါသည်။

Ninek သည် Tropicana Oil ၏ ပထမဆုံးထုတ်ကုန်ဖြစ်သော ၁၀၀ ရာခိုင်နှုန်း သန့် စင်သည့် အေးခဲဖိသိပ် အုန်းဆီကို ထုတ်လုပ်ရန် နှင့် သုတေသနပြုရန် ၄င်း၏ကုမ္ပဏီကို ၂၀၀၃ ခုနှစ်ကစတင်တည်ထောင်ခဲ့ ပါသည်။

၎င်းမှ "ကျွန်တော့် ဇာတိချက်ကြွေဖြစ်တဲ့ စူရတ်ငှာနီ (Surat Thani) ခရိုင်က ရရှိခဲ့ ဗဟုသုတကို ခေတ်မီတဲ့ နည်းစနစ်နဲ့ ပေါင်းစပ်ပြီး ကျန်းမာရေးအတွက် အလွယ်တကူအသုံးပြုလို့ ရတဲ့၊ သောက်သုံးလို့ ရတဲ့ ထူးခြားတဲ့ ရနံ့ နဲ့ သန့် စင်တဲ့အုန်းဆီကို ထုတ်လုပ်နိုင်ခဲ့တာပါ" ဟုရှင်းပြပါသည်။

ထိုင်း စီးပွားရေး တက္ကသိုလ် ၏ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာလေ့လာရေးစင်တာ (Centre for International Trade Studies) အရ ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အုန်း နှင့် အုန်းမှထုတ်လုပ်သည့် ထုတ်ကုန်များကို တင်ပို့ ရောင်းချရသည့် တန်ဖိုးသည် ခန့် မှန်းခြေအားဖြင့် ယူအက်စ် ၃၂၁ သန်း (ထိုင်းဘတ် ၁၁ ဒသမ ၂ သန်း) ရှိကြောင်း သိရပါသည်။ ၄င်းမှ ရာခိုင်နှုန်း ၆၀ ခန့် မှာ ယူအက်စ်၊ ယူကေ နှင့် သြစတြေးလျ နိုင်ငံများသို့ အုန်းနို့ ၊ ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံများသို့  အုန်းဆီ၊ တရုတ်၊ ယူအေအီး နှင့် ဟောင်ကောင် နိုင်ငံများသို့ လတ်လတ်ဆတ်ဆတ် အုန်းသီး နှင့် ယူအက်စ် နှင့် သြစတြေးလျ နိုင်ငံများသို့ ဗူးအုန်းရည်များကို တင်ပို့ ရောင်းချရခြင်းမှ ဖြစ်သည်။

Tropicana Oil အမှတ်တံဆိပ်ဖြင့် ထုတ်ကုန်တစ်မျိုးတည်းကိုသာ စတင်ထုတ်လုပ်ခဲ့သော်လည်း ယခုအခါတွင် Ninek သည် ပစ္စည်းအမျိုးအစား နှင့် ဦးတည်ရှေးရှုသည့် ဖောက်သည်များအပေါ်အခြေခံ၍ ပစ္စည်းအမျိုးမျိုးကို အမှတ်တံဆိပ်သုံးခုဖြင့် ထုတ်လုပ်နေနိုင်ပြီဖြစ်ပါသည်။ ၄င်းအမှတ်တံဆိပ်များမှာ စားသုံးသူ အမြောက်အမြား အတွက် ကျန်းမာရေးနှင့်အလှအပရေးရာပစ္စည်းများထုတ်လုပ်နေသည့် Tropicana Oil၊ အလှအပအတွက် အကောင်းဆုံးအဖြေရှာပေးမည့် Kalapa နှင့် စားသုံးဆီထုတ်လုပ်သည့် Rain&Shine တို့ ပင်ဖြစ်ပါသည်။

၎င်းမှ "ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေ ကောင်းမွန်ဖို့ ၊ တိုးတက်ဖို့ အတွက် အမြဲဆောင်ရွက်နေသလို၊ ကျွန်တော်တို့ ရဲ့  ဖောက်သည်တွေ ကို အုန်းသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကိုပညာပေးပါတယ်။ ကုမ္ပဏီက သုတေသနလုပ်ငန်းနဲ့  ဖွံ့ ဖြိုးတိုးတက်ရေး (R&D) အတွက် နှစ်စဉ် အသုံးစရိတ်ပေါင်းရဲ့  ၅ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေအတွက် ထူးကဲသာလွန်ကောင်းမွန်ခြင်းနဲ့  ယုံကြည်စိတ်ချရတဲ့ အရည်အသွေးရဲ့ သင်္ကေတဖြစ်တဲ့ Thailand Trust Mark (T Mark) ဆုအပါအ၀င် ကမ္ဘာ အရပ်ရပ်က အဖွဲ့ အစည်းတွေပေးတဲ့ စံနှုန်းလက်မှတ်တွေကိုလည်း ရရှိထားပါတယ်။ ကျွန်တော်တို့ ရဲ့  လုပ်ငန်း ကို နိုင်ငံခြားမှာ လွယ်လွယ်ကူကူနဲ့ ပဲတိုးချဲ့ နိုင်ဖို့  ဒီထောက်ခံချက် လက်မှတ်တွေက အထောက်အကူ ဖြစ်စေ ပါတယ်" ဟုဆိုပါသည်။

လက်ရှိတွင် ကုမ္ပဏီသည် ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှား နှင့် နယူးဇီလန်[T1] နိုင်ငံများ အပါအ၀င် ဈေးကွက် ၁၆ ခုသို့ ၎င်း၏ထုတ်ကုန်များကို တင်ပို့ ရောင်းချလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် တွင် Tropicana အား ကမ္ဘာ့အမှတ်တံဆိပ်ဖြစ်လာစေရန်အတွက် Ninek မှ ဦးတည်ချက်ပန်းတိုင်ချမှတ် ထားပါ သည်။ ဤပန်းတိုင်သို့ ရောက်ရှိနိုင်ရန်အတွက် ကုမ္ပဏီ မှ၎င်း၏ လူ့ စွမ်းအားရင်းမြစ်များတိုးတက်ကောင်းမွန် လာစေရန်၊ ကမ္ဘာအရပ်ရပ်ရှိ စားသုံးသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ထုတ်ကုန်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရှေးရှုဆောင်ရွက်လျက်ရှိပါသည်။

"ကျွန်တော်တို့  ကျွန်တော်တို့ ရဲ့  logo (ကိုယ်ပိုင်အမှတ်အသား) နဲ့ ထုပ်ပိုးမှုပုံစံသစ်ကို ဒီနှစ်နှောင်းပိုင်းမှာ မိတ်ဆက်ပေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေကို မရောင်းရသေးပေမယ့် အလားအလာရှိတဲ့ ဥရောပနဲ့ အရှေ့ အလယ်ပိုင်းဒေသတွေမှာ ကျွန်တော်တို့ ရဲ့ စီးပွားရေးကိုတိုးချဲ့ သွားဖို့ လည်းရှိပါတယ်" ဟု ၄င်းမှ ပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.tropicanaoil.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။ 

Issue 59

ခိုင်မာသည့် အာဆီယံစီပွားရေးနယ်ပယ်တွင်းပါဝင်ရန် ထိုင်း franchise မှဒေသအလိုက် တိုးချဲ့ မှုများ ကိုဆောင်ရွက်လျက်ရှိပါသည်။

ထိုင်းအိမ်နီးချင်းနိုင်ငံများတွင် စီးပွားရေးတိုးတက်ခိုင်မာလာသည်နှင့်အတူ ၀င်ငွေတိုးတက်လာခြင်းကြောင့် ကားဝယ်ယူမှုတိုးတက်လာပါသည်။ ထို့ ကြောင့် ကားနှင့်သက်ဆိုင်သည့်စီးပွားရေးလုပ်ငန်းများလည်း တိုးတက် လာခဲ့ပါသည်။

ကမ္ဘောဒီးယား Automotive Industry Federation ၏ပြောကြားချက်အရ ယခင်နှစ်အတွင်း မော်တော်ယာဉ် အသစ်နှင့်အဟောင်း များကို တင်ပို့ ရောင်းချခြင်းသည် ၁၀ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး မော်တော်ယာဉ် အစင်းရေ ၅၅,၀၀၀ အားရောင်းချနိုင်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်တွင်လည်း ၁၀ ရာခိုင်နှုန်းဝန်းကျင် တိုးတက် လာရန်မျှော်မှန်းထားပါသည်။ မြန်မာ လမ်းပန်းဆက်သွယ်မှုစီမံခန့် ခွဲရေးရုံး (Myanmar's Road Transport Administration Bureau) ၏စာရင်းဇယားအရ ၂၀၁၅ ခုနှစ်တွင် မော်တော်ယာဉ်သစ်ရောင်းချရမှု နှုန်းသည် ယခင်နှစ် မော်တော်ယာဉ် ၆,၃၆၂ စင်းထက် ၇၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်းသိရှိရပါသည်။ လာအိုနိုင်ငံတွင်လည်း Department of Public Works and Transport ငှာန၏ အစီရင်ခံမှုအရ ၂၀၁၅ ခုနှစ် တွင် ယခင်နှစ်ထက် မော်တော်ယာဉ်အစင်းပေါင်း ၁ ဒသမ ၇၁ သန်းဖြင့် ၈ ဒသမ ၁၇ ရာခိုင်နှုန်းတိုးတက် လာခဲ့ ကြောင်း သိရသည်။

ကားထိန်းသိမ်းစောင့်ရှောက်ရေးဝန်ဆောင်မှုလုပ်ငန်းကိုဆောင်ရွက်နေသည့် Moly Care ၏ ပင်ရင်းကုမ္ပဏီ ဖြစ်သည့် ထိုင်း-ဂျာမာန် ကားကုမ္ပဏီ Car-Lack ၏ မန်နေဂျာချုပ် Sirijit Karnchanabatr မှ "မကြာမီနှစ်တွေ အတွင်းက တစ်ရှိန်ထိုးများပြားလာတဲ့ကားတွေကြောင့် ကမ္ဘောဒီးယား၊ မြန်မာ နဲ့ လာအို နိုင်ငံတွေက အလား အလာမြင့်မားကောင်းမွန်တဲ့ဈေးကွက်သစ်တွေဖြစ်ကြပါတယ်။ ဒီနိုင်ငံတွေထဲက လူချမ်းသာတွေက တန်ဖိုး အရမ်းကြီးတဲ့ကားတွေကို ပိုင်ဆိုင်ကြတဲ့အတွက် သူတို့ ကားတွေအတွက် အထူးဝန်ဆောင်မှုတွေကို လိုအပ် ပါတယ်။ Moly Care ကဒီဈေးကွက်တွေနဲ့ပတ်သက်ရင် ရှေ့ ဆောင်သူပါပဲ။ သူတို့ ရဲ့ ကားတွေကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရလဲဆိုတာကို ကျွန်မတို့ ကသင်ကြားပြသပေးတယ်" ဟုဆိုသည်။

ကားရေဆေးခြင်း၊ ကားအရောင်တင်ခြင်း၊ ကားအတွင်းပိုင်းသန့် ရှင်းခြင်း၊ အင်ဂျင်အား သန့်  ရှင်းခြင်း၊ ဆေး ရောင်များကိုဖယ်ရှားခြင်း နှင့် ဖန်အုပ်ခြင်းများအပါအ၀င် အကောင်းဆုံး ပရီမီယံ ကား ထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့်ဆိုင်သည့် ၀န်ဆောင်မှုများကို ပေးမည့် Moly Care အား ဂျာမာန်ကား ထိန်းသိမ်းစောင့်ရှောက်ရေး ပစ္စည်း သွင်းကုန်လုပ်ငန်းရှင် နှင့် ဖြန့် ဖြူးရောင်းချသူ Car-Lack မှ ၂၀၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ သည်။

ကုမ္ပဏီသည် ၂၀၁၀ ခုနှစ်တွင် ၄င်း၏စီးပွားလုပ်ငန်းအား အိမ်နီးချင်းနိုင်ငံများသို့ တိုးချဲ့ ခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံ၊ ဖနွမ်းပင်မြို့ တွင် franchise လုပ်ငန်းခွဲကို တည်ထောင်နိုင်ခဲ့သည်။ ယခုအခါတွင် ၄င်း ၌ပင် လုပ်ငန်းခွဲ နှစ်ခုရှိနေပြီဖြစ်ပါသည်။ ထို့ နောက်၊ ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၄ ဆိုင်နှင့် မြန်မာနိုင်ငံတွင် တစ်ဆိုင် ဖွင့်လှစ်ထားရှိထားသည်။ Moly Care သည်လက်ရှိတွင် ထိုင်းနိုင်ငံ၌ ဆိုင်ခွဲပေါင်း ၅၀ ရှိပြီး အများစု မှာ franchise ဆိုင်များဖြစ်ကြ ၍ နိုင်ငံရပ်ခြားတွင် ဆိုင်ခွဲပေါင်း ၇ ဆိုင်ရှိနေပါသည်။

ကုမ္ပဏီမှ နိုင်ငံရပ်ခြားသို့ စီးပွားလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ခြင်းမှာ စီးပွားရေး (ကုန်သွယ်ရေး) ၀န်ကြီး ငှာန၏ အဓိကကျသည့် ပံ့ပိုးကူညီမှုကြောင့်ဖြစ်သည်ဟု Karnchanabatr မှဆိုသည်။ ၄င်းမှ "စီးပွားရေး ၀န်ကြီးငှာနကနေကျင်းပပေးတဲ့ စီးပွားရေးတွဲဖက်တဲ့အခမ်းအနားနဲ့ ကုန်စည်ပြပွဲတွေမှာ ပါဝင်ခဲ့တဲ့အတွက် အဆက်အသွယ်တွေကို ရရှိခဲ့တာ" ဟုပြောပြပါသည်။

သို့ သော်၊ ဒေသတွင်းရှိဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် မှန်ကန်သင့်လျော်သည့် စီးပွားရေး မိတ်ဖက်ကို ရွေးချယ်ရန် မလွယ်ကူကြောင်း၊ တခါတရံ သဘောတူညီမှုစာချုပ်ရေးထိုးနိုင်ရန်အတွက် တစ်နှစ် ကျော်ပင်ကြာမြင့်နိုင်ကြောင်း ၄င်းမှ အလားအလာကောင်းမွန်နေသည့် ကုမ္ပဏီများကို သတိပေး ပြောဆိုပါ သည်။

၎င်းမှ "နိုင်ငံရပ်ခြားမှာ စီးပွားလုပ်ငန်းတိုးချဲ့ မယ်ဆိုရင် မှန်ကန်တဲ့မိတ်ဖက်က အရမ်းကိုအရေးကြီးပါတယ်။ ကျွန်မတို့ ရဲ့ စီးပွားရေးလုပ်ငန်းအပေါ်စိတ်ဝင်စားမှုအားကြီးတဲ့၊ ကျွန်မတို့ ရဲ့ စီမံခန့် ခွဲမှုအတိုင်းလိုက်နာနိုင်တဲ့ လူတွေကို ကျွန်မတို့ ကအချိန်ယူရွေးချယ်ပါတယ်။ Moly Care ရဲ့ စီးပွားမိတ်ဖက်တွေက သူတို့ တွေရဲ့ ဦးတည် ချက်ကို သက်သေပြနိုင်ဖို့ အတွက် ဈေးကွက်သုတေသနပြုဖိုလိုအပ်တဲ့ ကျွန်မတို့ ရဲ့ မေးခွန်းလွှာကို ပြည့်ပြည့် စုံစုံဖြည့်စွက်ပေးရပါမယ်။ ဒီလုပ်ရပ်ကြောင့် သူတို့ တွေလည်းစီးပွားလုပ်ငန်းရဲ့ ထင်ရှားတဲ့ပုံရိပ်ကို မြင်လာနိုင်မှာ ဖြစ်ပါတယ်" ဟုပြောပြပါသည်။

စွမ်းဆောင်နိုင်သည့် မိတ်ဖက်အားရှာဖွေခြင်းအပြင်၊ အရည်အသွေးမြင့်မားကောင်းမွန်သည့် ပစ္စည်းများနှင့် ၀န်ဆောင်မှုများ၊ ကားထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ဗဟုသုတ နှင့် ကောင်းမွန်သည့် မားကက်တင်း ဗျူဟာများသည်လည်း အဓိကကျသည့် အကြောင်းရင်းများဖြစ်သည်ဟု Karnchanabart မှပြောပြပါသည်။

ဗီယက်နမ်၊ အင်ဒိုနီးရှားး နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ၎င်း၏ franchise လုပ်ငန်းကို တိုးချဲ့ သွားရန်အတွက် Moly Care မှစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ Karnchanabart မှ "Moly Care အတွက် franchise စီးပွားလုပ်ငန်း က အရမ်းကောင်းတဲ့စီးပွားရေးပုံစံဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် ဒေသခံ စီးပွားမိတ်ဖက်တွေက ဒေသ အတွက် ထိရောက်တဲ့ ဈေးကွက်နည်းဗျူဟာနဲ့ ဒေသရဲ့ စည်းမျဉ်းဥပဒေတွေကို အနားလည်ဆုံးလို့ ကျွန်မတို့  ယုံကြည်တယ်။ နောက်ပြီး အဲဒါတွေက အခြားနိုင်ငံတွေမှာ စီးပွားလုပ်ငန်းအောင်မြင်ရတဲ့ အဓိကကျ အရေးပါ တဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ ယုံကြည်ထားပါတယ်" ဟုရှင်းလင်းပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.molycare.com သို့ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ သို့ မဟုတ် This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်ရေးသားမေးမြန်း စုံစမ်းနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

365257