Issue 58

 
 

Tharaphu Décor မှ အနှစ် ၂၀ သက်တမ်းရှိသည့် ကျွန်းသစ်လုပ်ငန်းအတွေ့ အကြုံကို အသုံးချ၍ ၄င်း၏ စီးပွားရေး အခန်းကဏ္ဍကို လျင်မြန် စွာတိုးတက်ဖြစ်ထွန်းနေသည့် ကဏ္ဍများသို့ တိုးချဲ့ နိုင်ရန်အတွက် ကြိုးပမ်း လျက်ရှိနေပါသည်။

Tharaphu Décor ၏ဒါရိုက်တာဖြစ်သူ Apiwitt Phongsphetrarat မှ "ကျွန်တော့်အဖေက မြန်မာနိုင်ငံကနေ ကျွန်းသစ်တွေကို ၀ယ်ယူတင်သွင်းတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီက မြန်မာနိုင်ငံမှာ ကျွန်းသစ်လုပ်ငန်း လုပ်ကိုင်ခွင့် ရလာခဲ့တယ်" ဟုပြောပြပါသည်။

Tharaphu Décor သည် သစ်များတင်ပို့ နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၃ နှစ်မှစတင်ကာ စက်ရုံ တည်ထောင်ဖွင့်လှစ်၍ လုပ်ငန်းများလုပ်ကိုင်ခဲ့ပါသည်။ ထုတ်လုပ်သည့် သစ် ၇၅ ရာခိုင်နှုန်းဝန်းကျင်ကို ဥရောပ နှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ ပြီး ၂၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံနှင့် ကျန်ရှိသည့်သစ်များကို အနီးအနားရှိ အခြားနိုင်ငံများ သို့ တင်ပို့ ရောင်းချခဲ့ပါသည်။

Phongsphetrarat မှ "ကျွန်တော်တို့ ကုမ္ပဏီရဲ့ အားသာချက်က ကျွန်းသစ်ပြုပြင် ထုတ်လုပ်တာနဲ့ ဈေးကွက် ကျွမ်းကျင်မှု ပါ။ ဘာကြောင့်ဆိုရင် အကန့် အသတ်နဲ့ ရှိနေတဲ့ ကုန်ကြမ်းကနေ တန်ဖိုးအမြင့်မားဆုံး ထုတ်ကုန်တွေ ကိုဖန်တီး နိုင်ပြီး အကျိုးအမြတ်တွေရနိုင်တဲ့အတွက်ကြောင့်ပါ။ ကျွန်တော်တို့ ရဲ့ ဝယ်ယူသုံးစွဲသူတွေက စီးပွားရေး အခွင့်အလမ်းဈေးကွက်ကို ကိုယ်စားပြုပါတယ်။ ဘာကြောင့်ဆိုရင် လူတွေက ကျွန်းသစ်ကို အထူးသီးသန့် သစ် အဖြစ် မှတ်ယူကြတဲ့အတွက်ပါ။ Tharaphu Décor က ၀ယ်ယူသုံးစွဲသူတွေရဲ့ အကြိုက်ကို အမှန်တကယ်ကို သိနားလည်တဲ့အတွက် သူတို့ တွေနဲ့ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးကိုတည်ဆောက်ထားနိုင်ပါတယ်" ဟု ပြောပြပါသည်။

သို့ သော်၊ မြန်မာနိုင်ငံသည် များမကြာမီနှစ်များအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံအတွက် တံခါးဖွင့်လှစ်ပေးလိုက်သည့် အတွက် ကုမ္ပဏီမှ ၄င်း၏စီးပွားရေးလုပ်ငန်းကို ဆောက်လုပ်ရေး၊ မီဒီယာ၊ တယ်လီကွန်မြူနကေးရှင်း၊ ထောက်ပံ့ပို့  ဆောင်ရေး နှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းကဏ္ဍများအပါအ၀င် အခြားသောကဏ္ဍများသို့ တိုးချဲ့ လုပ်ကိုင်လျက်ရှိ သည်။

၎င်းမှ "ဒီလုပ်ငန်းတွေက စိတ်ဝင်စားဖို့ ကောင်းပြီး တိုးတက်ကြီးထွားလာမယ့် အလားအလာတွေလည်းရှိနေပါ တယ်။ အခုကျွန်တော်တို့ ဆောက်လုပ်ရေး၊ ထောက်ပံ့ပို့ ဆောင်ရေးနဲ့ ဖြန့် ဖြူးရေးလုပ်ငန်းတွေအတွက် ၀န်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့် ပြန့် ပေးနေပါတယ်။ တယ်လီကွန်မြူနကေးရှင်းကလည်း အရမ်းကိုအရေးပါ တဲ့စီးပွားလုပ်ငန်းတစ်ခုပါ။ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ခိုင်မာတဲ့ဝယ်လိုအားတွေရှိနေပါတယ်။ ဘာကြောင့် ဆိုရင် မြန်မာနိုင်ငံမှာ ခုထက်ထိ သင့်တော်တဲ့ facilities တွေနဲ့ အရည်အချင်းပြည့်မီကျွမ်းကျင်တဲ့ လူသားရင်းမြစ် တွေမရှိသေးတဲ့အတွက်ကြောင့်ပါ" ဟုဆိုပါသည်။ Tharaphu Décor မှ ထိုင်းနိုင်ငံ၏ ထိပ်တန်း အလှအပရေးရာ ပြုပြင်ခွဲစိတ်ပေးသည့် Nitipon Clinic အားမြန်မာနိုင်ငံတွင် ဖွင့်လှစ်လုပ်ကိုင်နိုင်ရန်အတွက် စီးပွားရေးလုပ်ကိုင်ခွင့် (franchise) ရယူထားပြီးဖြစ်ပါသည်။

ဤစီးပွားရေးကဏ္ဍအားလုံးသည် လာမည့် ၁၀ နှစ်မှ အနှစ် ၂၀ အတွင်း စဉ်ဆက်မပြတ် တိုးတက်ကြီးထွားလာလိမ့် မည်ဖြစ်ကြောင်း Phongsphetrarat မှယုံကြည်ပါသည်။ မြန်မာနိုင်ငံ၏ ပြငှာန်းထား သည့် ဥပဒေ၊ စည်းမျဉ်းများ နှင့် အစိုးရ ဖွဲ့ စည်းပုံများသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် စိန်ခေါ်ချက်ဖြစ်နိုင်သော်လည်း၊ မြန်မာ အစိုးရမှ ရင်းနှီးမြှပ်နှံ သူများအတွက် ပိုမိုအဆင်ပြေလွယ်ကူချောမွေ့ စေမည့် အခြေအနေကို ဖန်တီးပေးနိုင်ရန် အတွက် ကြိုးပမ်းအားထုတ်လျက်ရှိနေပါသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးငှာန၏ အချက်အလက်များအရ ၂၀၁၅ - ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း လုပ်ငန်းစီမံကိန်း ၂၁၇ ခုအတွက် နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI) ပေါင်း ယူအက်စ်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ ရှိကြောင်းသိရှိရပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍတွင် အများဆုံးရင်းနှီးမြှပ်နှံမှုများပြုကြပြီး ၄င်း၏နောက်တွင် သယ်ယူပို့ ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ကုန်ထုတ်လုပ် ရေး ကဏ္ဍများတွင် ရင်းနှီးမြှပ်နှံကြသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံလိုကြသည့်သူများအား Phongsphetrarat မှ "ရင်းနှီးမြှပ်နှံလိုတဲ့ နယ်ပယ်ထဲကို သွားပါ။ ကြည့်ရှုလေ့လာပါ။ ဈေးကွက်အရွယ်အစားနဲ့ သူ့ ရဲ့ တိုးတက်ဖြစ်ထွန်း နိုင်တဲ့ အခြေအနေကို အကဲဖြတ်ပါ။ ကနဦး ရင်းနှီးမြှပ်မှုစရိတ်က အတော်ကြီးပေမယ့် မြန်မာနိုင်ငံမှာ ကုန်အမှတ်တံဆိပ်ကိုလူသိများလာစေဖို့ အတွက် အခုသုံးစွဲရတဲ့ ဘတ်ဂျက်ပမာဏက နောက်သုံးနှစ်ကနေ ငါးနှစ်အထိ သုံးစွဲရမယ့် ပမာဏထက် အရမ်းကို ချိုသာပါ တယ်" အကြံပြုပြောပြပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.sesiafurniture.com အားဝင်ရောက်လေ့လာဖတ်ရှုပါ။ သို့ မဟုတ် Phongsphetrarat အား အီးမေးလ် အကောင့် This email address is being protected from spambots. You need JavaScript enabled to view it. မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

366576