Issue 57

အတွေ့ အကြုံရင့်ကျက်သည့် ထိုင်းစားဖိုမှူးတစ်ဦးမှ ဒေသခံတရုတ်လူမျိုးများကို စစ်မှန်သည့် ထိုင်း ဟင်းလျာ များ ချက်ပြုတ်ပြင်ဆင်ပုံအား သင်ကြားပြသပေးလျက်ရှိပါသည်။

"ဒီ (ထိုင်း) အစားအစာက တရုတ်နိုင်ငံမှာ အရမ်းကို လူကြိုက်များတာပါ။ ဘာကြောင့်ဆိုရင် တရုတ်လူမျိုး ကမ္ဘာလှည့်ခရီးသွားတွေက ထိုင်းနိုင်ငံကို လာလည်ကြတယ်။ ထိုင်းအစာကို စားကြည့်တယ်။ နောက်ပြီး အရမ်းကြိုက်သွားကြတယ်" ဟု Aiyara Center ၏ စီမံခန့် ခွဲရေးအမှုဆောင်အရာရှိ Wanasnan Kanokpattanagkul မှဆိုပါသည်။ ၄င်းမှ တုံးယမ်ကွန်း (tom yum goong) ဟင်းချိုသည် အရမ်းကို လူကြိုက်များသည့် ဟင်းဖြစ်ကြောင်း ပြောပြပါသည်။ ဤသည်မှာ တရုတ်နိုင်ငံဈေးကွက်သည် ထိုင်း စားသောက်ဆိုင်များ အတွက် အလားအလာကောင်းမွန်နေသည့် အဓိကနောက်ခံအကြောင်းရင်းတစ်ရပ်ပင် ဖြစ်ပါတော့သည်။

Kanokpattanangkul မှ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ကောက်ခံစုစည်းခဲ့သည့် အချက်အလက်များအရ၊ တရုတ် နိုင်ငံတွင် ထိုင်းစားသောက်ဆိုင်ပေါင်း ၅၆၉ ဆိုင်ရှိကြောင်း နှင့် ဘေဂျင်းမြို့ တော်တွင် ၉၁ ဆိုင်၊ ရှန်ဟိုင်းတွင် ၁၅၇ ဆိုင် နှင့် ကွမ်ကျိုးတွင် ၆၁ ဆိုင် နှင့် ကျန်ရှိသော စားသောက်ဆိုင်များမှာ အခြားသောမြို့ များတွင် တည်ရှိ နေပါသည်။ ဤသည်မှာ ကမ္ဘာ့သဘာဝဖြစ်စဉ်များ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါသည်။ DITP ၏ ၂၀၁၅ ခုနှစ် အချက်အလက်များက ညွှန်းဆိုနေသည်မှာ အာရှတိုက်ရှိ ထိုင်းစားသောက်ဆိုင်ပေါင်း ၃,၀၂၂ ဆိုင် အပါအ၀င်၊ နိုင်ငံရပ်ခြားဒေသများတွင် ထိုင်းစားသောက်ဆိုင်ပေါင်း ၁၄,၉၀၈ ဆိုင်ရှိနေပြီ ဖြစ်ကြောင်းပင်။

သို့ သော်၊ ၂၀၁၆ ခုနှစ် မတ်လ၏ အချက်အလက်အရ ထိုင်းဟင်းလျာ စစ်စစ်များကို ရရှိနိုင်သော ထိုင်း လက်ရွေးစင် (Thai Select) အမှတ်တံဆိပ်ကို ကိုယ်စားပြုနေသည့် စားသောက်ဆိုင်ပေါင်း ၁,၃၀၁ ဆိုင်သာ ရှိကြောင်း သိရှိရပါသည်။

Kanokpattanagkul မှ တရုတ်နိုင်ငံ၊ စီချွမ် ခရီးသွားလုပ်ငန်း တက္ကသိုလ် ၌ တရုတ်လူမျိုးများကို ထိုင်းအစား အစာချက်ပြုတ်ပြင် ဆင်နည်း သင်ကြားပို့ ချရခြင်း၏ အကြောင်းရင်းမှာ တရုတ်နိုင်ငံတွင် ထိုင်းဟင်းလျာ စစ်စစ် များကိုသာ တောင့်တသည့် ၀ယ်လိုအားမြင့်မားလာခြင်းကြောင့်ပင်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည့် ၁၄၄ နာရီကြာ သင်တန်းအား အဓိက ကဏ္ဍကြီးနှစ်ခု ပိုင်းခြားထားပါသည်။ ၄င်းတို့ မှာ ၉၆ နာရီ ကြာ သင်ယူ ရမည့် ချက်ပြုတ်နည်းစွမ်းရည်များ၊ စားသောက်ဆိုင်စီမံခန့် ခွဲရေးနှင့် ရင်းနှီးမြှပ်နှံမှု သင်တန်း နှင့် ၄၈ နာရီ ကြာ သင်ယူရမည့် အခြေခံ ထိုင်းဘာသာစကားနှင့် ယဉ်ကျေးမှု သင်တန်းများပင်ဖြစ်ပါသည်။

၎င်းမှ "ကျွန်မရဲ့ သင်တန်းသားတွေကို ပထမနေ့ မှာကတည်းက သင်တန်းကို တက်ချင်တယ်ဆိုရင် အချိန်မှန်ရ မယ်၊ လေ့လာသင်ယူ ချက်ပြုတ်နေတဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်ရှိနေရမယ်လို့ ပြောထားပါတယ်။ အင်္ဂလိပ်လို နဲ့  ဆက်ဆံပြောဆိုနိုင်ရမယ်။ အကြောင်းပ အင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားပို့ ချလို့ ပါ" ဟုပြောပြပါသည်။

သင်တန်းကို အောင်မြင်လိုသည့် သင်တန်းသားအားလုံးသည် ထိုင်း ပါဝင်ပစ္စည်းများ၊ ဟင်းခတ်အမွှေးအကြိုင် များအသုံးပြုပြီး ဆန်းသစ်သည့် ဟင်းပွဲများကို ဖန်တီးရမည် ဖြစ်ပါသည်။

၎င်းမှ "ထိုင်းအရသာပေါက်ဖို့ က သင်တန်းရဲ့ အဓိကရည်ရွယ်ချက်ပါ။ သင်တန်းသားတွေက အငံအရသာ အတွက် ငါးငံပြာရည်နဲ့ ပုစွန် ငါးပိ တို့ လိုမျိုး ထိုင်းအနံ့ အရသာနဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး ကွဲပြားတဲ့ အရသာတွေကို ဖန်တီးနိုင်ဖို့ အတွက် သင်ယူရပါတယ်။ ကျွန်မတို့ က သဘောင်္သီးသုပ် (som tum) နဲ့ တုံယမ်း (tom yum) ဟင်းချိုအပါအ၀င် ဟင်းချက်နည်း ၁၅ မျိုးကို သင်ကြားပေးပါတယ်။ သင်တန်းသားတွေက ထိုင်း ချက်ပြုတ်နည်းတွေကို လေ့လာသူယူကြရပြီး၊ ထိုင်းဟင်းလျာ စစ်စစ်တွေကို ချက်ပြုတ်နိုင်ဖို့ အတွက် ထိုင်း အစားအစာရဲ့ အယူအဆကို နားလည်သဘောပေါက်လာကြပါတယ်။ ဒါပေမယ့်၊ သူတို့ တွေက သူတို့ ရဲ့  ကိုယ်ပိုင် ဟင်းပွဲသစ်တွေကို ဖန်တီးနိုင်ဖို့ အတွက် နောက်ပိုင်းမှာဆက်ပြီး လေ့ကျင့်ဖို့ လိုအပ်သလို၊ သူတို့ ရဲ့  အရည်အချင်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း အသုံးချဖို့ လိုပါတယ်" ဟုဆိုပါသည်။

တရုတ်နိုင်ငံတွင် ထိုင်းစားသောက်ဆိုင်ဖွင့်လှစ်လိုသူများအတွက် Kanokpattanangkul မှ အကြံပေးသည့် ၀န်ဆောင်မှုကိုလည်း ဆောင်ရွက်လျက်ရှိနေသည့်အပြင်၊ ၄င်း၏ ကိုယ်ပိုင်စားသောက်ဆိုင်ကိုလည်း ဖွင့်လှစ် ထားရှိလျက်ရှိနေပါသည်။

"ထိုင်းစားသောက်ဆိုင်ဈေးကွက်က ကြီးမားကျယ်ပြန့် လာနေပြီး ဈေးကွက်လိုအပ်ချက်တွေကလည်း များပြား လာနေပါတယ်။ စားသောက်ဆိုင်ဖွင့်ချင်တယ်ဆိုရင်၊ ပထမအနေနဲ့ ကိုယ်ဖွင့်လိုတဲ့နေရာရဲ့ အခန်းငှားခနဲ့ အစား အသောက်ကုန်ကျစရိတ်တွေကို သိရှိဖို့ လိုပါတယ်။ စားသောက်ဆိုင် အရမ်းအကြီး ကြီး မဖွင့်သင့်ပါဘူး။ ၃၀၀- ၃၅၀ စတုရန်းပေလောက်ပဲကျယ်ဝန်းတဲ့ စားသောက်ဆိုင်လေးကိုပဲ စဖွင့်သင့်ပါတယ်" ဟု ၄င်းမှပြောပြပါသည်။

တရုတ်နိုင်ငံဈေးကွက်တွင် ထိုင်းစားသောက်ဆိုင်လုပ်ငန်းအတွက် ပိုမိုတောက်ပသည့် အခွင့်အလမ်းကို မြင်တွေ့ နေရကြောင်း Kanokpattanangkul မှဆိုပါသည်။ ၄င်းပြင် လာမည့် အနှစ် ၂၀ အတွင်း တရုတ်နိုင်ငံ တစ်ဝှမ်းလုံးရှိ ထိုင်းစားသောက်ဆိုင်ပိုင်ရှင်များအားလုံးသည် ၄င်း၏ တပည့်များသာဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဆိုပါသည်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု ၍ Line: ၀၈၁၈၄၀၄၄၆၀ နှင့် We Chat: Wanasanan ၁၃၆၇၈၇၃၃၅၀ သို့  ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Aiyara Center ၏ ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများကို ရိုက်ကူးဖော်ပြပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

366824