Issue 55

အာဆီယံဒေသနိုင်ငံများအတွင်း ထိုင်းစီးပွားရေးလုပ်ငန်းများမှ ၄င်းတို့ ၏ သုံးစွဲမှုရင်းမြစ် (custom base) ကိုတိုးမြင့်နိုင်ရန်အတွက် အွန်လိုင်းဈေးကွက်မှ အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

နိုင်ငံတကာဈေးကွက်များ၏အခြေအနေမည်သို့ ပင်ရှိစေကာမူ၊ အီး-ကုန်သွယ်ရေး၏ကဏ္ဍသည် နှစ်စဉ် တိုးတက်လျက် ရှိနေပါသည်။ ၂၀၁၄ ခုနှစ်ကောက်ယူခဲ့သည့် Frost and Sullivan ၏စစ်တမ်းအရ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ်နိုင်ငံများရှိ အီး-ကုန်သွယ်ရေးကဏ္ဍသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၄.၅ ဘီလီယံ (ထိုင်းဘတ် ၁.၁. ထရီလီယံ) တန်ဖိုး သို့  မဟုတ် ၃၇.၆ % တိုးတက်လာလိမ့်မည်ဟု ခန့် မှန်းထားပါသည်။

Electronic Transactions Development Agency (ETDA) မှလည်း ဤခန့် မှန်းချက်ကို ထောက်ခံပါသည်။ ၄င်းမှ ၂၀၁၅ ခုနှစ်အတွင်း အီး-ကုန်သွယ်ရေး အားဖြင့်ရောင်းချရသည့်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၇.၃ ဘီလီယံ (ထိုင်းဘတ် ၂ ထရီလီယံ) သို့ ရောက်ရှိနိုင်မည်ဟုမျှော်လင့်ထားပြီး ယခင်နှစ်ထက် ၃.၆၅% တိုးတက် လာပါသည်။

အီး-ကုန်သွယ်ရေးအတွက် အထူးအကြံပေး Dr. ဂျင်ဂျူတာ အီစာရီရာပက် (Dr. Jinjuta Issariyapat) မှ "အွန်လိုင်းပြင်ပစီးပွားလုပ်ငန်းတွေကကျဆင်းနေပေမယ့်၊ အီး-ကုန်သွယ်ရေးကတော့ ဘယ်တော့မှ ကျမသွားပါ ဘူး။ နှိုင်းယှဉ်ရမယ်ဆိုရင် စဉ်ဆက်မပြတ်တိုးတက်လာပါတယ်" ဟုဆိုပါသည်။

Dr. အီစာရီရာပက် (Dr. Issariyapat) မှ အီး-ကုန်သွယ်ရေးလျင်မြန်စွာတိုးတက်လာရခြင်း၏ သဘောသဘာဝ ကိုရှင်းလင်းပြောပြပါသည်။

၎င်းမှ "အဲဒါက အွန်လိုင်းရှော့ပင်းသက်သက်ပဲမဟုတ်ပါဘူး။ အွန်လိုင်းနဲ့ အော့ဖ်လိုင်း စီးပွားရေးကိုပေါင်းစည်း ပေးတဲ့ "Omni (အားလုံး)- ကုန်သွယ်စီးပွားရေးဖြစ်ပါတယ်။ ဒီဟာက ရိုးရာစဉ်လာ အော့ဖ်လိုင်းကုန်သွယ်ရေး ကို ပိုမိုလွယ်ကူထိရောက်မှုရှိစေပါတယ်။ ဒါ့အပြင်၊ ဆိုရှယ်မီဒီယာ ဒါမှမဟုတ် ဆိုရှယ်ကုန်သွယ်စီးပွားရေး ကိုလည်းအရောင်းမြင့်တင်ဖို့ အတွက်အသုံးပြုကြတယ်" ဟုဆိုပါသည်။

Dr. အီစာရီရာပက် (Dr. Issariyapat) ၏ပြောကြားချက်အရ အာဆီယံ၏ အီး-ကုန်သွယ်ရေးကဏ္ဍသည် ၀ယ်ယူသူများမှ အွန်လိုင်းတွင်ဝယ်ယူ၍ ခရက်ဒစ်ကတ်အသုံးပြုငွေပေးချေနိုင်ကြသည့်စင်္ကာပူနှင့် မလေးရှားနိုင်ငံများတွင် အတိုးတက်အဖွံ့ ဖြိုးဆုံးဖြစ်ကြောင်း သိရှိရပါသည်။

၎င်းမှ "(အာဆီယံ) ထဲမှာရှိတဲ့ အချို့ တိုင်းပြည်တွေမှာ အီး-ကုန်သွယ်ရေးကို အွန်လိုင်းကက်တလော့တွေ ကြည့်ဖို့ အတွက် အများဆုံးအသုံးပြုကြပြီး ပစ္စည်းဝယ်ဖို့ အတွက် အော့ဖ်လိုင်းကုန်သွယ်ရေးလမ်းကြောင်းတွေ ကိုပဲအသုံးပြုကြတယ်။ ခြုံပြီးပြောရမယ်ဆိုရင် အာဆီယံဒေသတွင်းမှာရှိတဲ့ လူတွေက အွန်လိုင်းကိုအသုံးပြုပြီး ပစ္စည်းတွေကို ပိုမိုဝယ်ယူလာကြပါပြီ" ဟုဆိုပါသည်။

လတ်တလောတွင် အာဆီယံ၌ အိုင်တီဆိုင်ရာ ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ နှင့် အားဖြည့်ဆေးဝါးများမှာ အွန်လိုင်းတွင်ခေတ်စားနေသည့် ကုန်ပစ္စည်းများဖြစ်ကြသော်လည်း အွန်လိုင်းတွင်ရောင်းဝယ်နေကြသည့် ပစ္စည်းအမျိုးအစားများပိုမိုကျယ်ပြန့် လာလိမ့်မည်ဟု Dr. အီစာရီရာပက် (Dr. Issariyapat) ယုံကြည်နေပါသည်။

၎င်းမှ "အာဆီယံဈေးကွက်အနာဂတ်က Grab Taxi လို နောက်ပြီး အတတ်ပညာရှင်တွေ၊ အိမ်အကူတွေ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းတွေလို ၀န်ဆောင်မှုပေးတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ မှီတည်နေ ပါတယ်။ ဘာကြောင့်ဆိုရင် အာဆီယံတိုင်းပြည်တွေမှာက ၀န်ဆောင်မှုပေးနိုင်တဲ့ဝန်ထမ်းတွေရဖို့ အတွက် အခက်အခဲနဲ့ ကြုံနေရလို့ ပါ။ ဒီလိုစီးပွားရေးလုပ်ငန်းမျိုးကို လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီသစ်တွေက အရေးပါတဲ့ အခန်းကဏ္ဍ ကနေပါဝင်နေကြပါတယ်" ဟုဆိုပါသည်။

ဒေသဆိုင်ရာ နယ်စပ်ဒေသများတစ်လျှောက်တွင် အီး-ကုန်သွယ်ရေးလုပ်ငန်းကို နီးကပ်စွာပူးပေါင်းဆောင်ရွက် နေကြပါသော်လည်း နယ်စပ်ဒေသများတွင်ကျင့်သုံးနေကြသည့် အခွန်ကောက်ခံမှုစနစ်၊ စည်းမျဉ်း ဥပဒေများ သည် အီး-ကုန်သွယ်ရေးအတွက် ဖြေရှင်းပေးရန်လိုအပ်နေသေးကြောင်း Dr. အီစာရီရာပက် (Dr. Issariyapat) မှဆိုပါသည်။

၎င်းမှ "ဒီကန့် သတ်မှုတွေကို ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်၊ ဒီဒေသကြီးတွင်းမှာ ရှိတဲ့ အီး-ကုန်သွယ်ရေးလုပ်ငန်းက ကြီးထွားလာမယ်လို့ ကျွန်မယုံကြည်တယ်။ ပိုပါသည်။ CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) လေးနိုင်ငံက ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်တွေကို အရည်အသွေးအကောင်းဆုံးလို့ ရှုမြင်ထားကြတဲ့အတွက် စီးပွားရေး ကောင်းမှာအသေအချာပါပဲ။ ကျွန်မတို့ တိုင်းပြည်ရဲ့ တန်ဖိုးကို တက်စေတာသာမက၊ ထိုင်း SME လုပ်ငန်းတွေ နိုင်ငံတကာဈေးကွက်ထဲကို ၀င်ရောက်နိုင်မယ့် အခွင့်အလမ်းပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ www.etda.or.th, www.frost.com အားဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။

 

 

365328