Issue 56

လျင်မြန်စွာကြီးထွားလာနေသည့် အာဆီယံစီးပွားရေးလုပ်ငန်းအောင်မြင်ရသည့် အကြောင်းရင်းကို ထိုင်း pioneer တစ်ဦးမှ ယခုလိုပြောပြခဲ့ပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများအတွက် အလားအလာကောင်းမွန်သည့် ဈေးကွက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ သော် ဤ ဖွံ့ ဖြိုးဆဲနိုင်ငံသို့ ထိုင်းနှင့်ဂျပန်နိုင်ငံများမှ လူသိများထင်ရှားသည့် စားသုံးကုန်ပစ္စည်းအမှတ်တံဆိပ် ၁၄ မျိုးကို တစ်ဦးတည်းတင်သွင်းဖြန့် ဖြူးနေသော Excellent United International ၏ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်သူ Kich Aungvitulsatit အတွက်မူ မြန်မာနိုင်ငံသည် သူ၏ ဒုတိယအိမ်ပင်ဖြစ်ပါသည်။ Aungvitulsatit သည် မြန်မာနိုင်ငံဈေးကွက်သို့ ၁၉၉၀ ခုနှစ်အတွင်းက Red Bull အားဖြည့်အချိုရည် နှင့် Three Lady Cooks ခရမ်းချဉ်သီးဆော့စ်ငါး သေတ္တာအား ဖြန့် ဖြူးရောင်းချခြင်းဖြင့် စတင်ဝင်ရောက်လာခဲ့ပါသည်။ ယခုအခါတွင် ၄င်း၏ကုမ္ပဏီသည် ထိုင်းအားဖြည့်အချိုရည် Sponsor၊ Singha ဆိုဒါရည်၊ ဂျပန်နိုင်ငံမှထုတ်လုပ်သည့် ARS ခြင်ပြေးဆေး၊ ထိုင်းဆေးဖက်ဝင်အပင်များဖြင့်ထုတ်လုပ်ထားသည့် သွားတိုက်ဆေး နှင့် Twin Lotus တစ်ကိုယ်ရေသန့် ရှင်းရေးသုံး ပစ္စည်းများ စသည်ဖြင့် ပစ္စည်းအမျိုးပေါင်း ၁၄ မျိုးအား ဖြန့် ဖြူးရောင်းချပေးနေပါသည်။

၎င်းမှ "ထိုင်းကုန်စည်တွေရဲ့ အရည်အသွေးမြင့်မားကောင်းမွန်မှုနဲ သင့်တော်တဲ့ဈေးနှုန်းတွေကြောင့် မြန်မာလူမျိုး တွေကြားမှာရေပန်းစားတယ်။ ဒါပေမယ့်၊ ထိုင်းစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန် ကဲလို့ မရပါဘူး။ ဘာကြောင့်ဆိုရင် ပြိုင်ဖက်တွေကလည်း သူတို့ ရဲ့ ကုန် ပစ္စည်းတွေ တိုးတက်ကောင်းမွန်ဖို့  အတွက် ကြိုးပမ်းနေကြလို့ ပါ။ အခုဆိုရင် သူတို့ ထုတ်ကုန်အချို့ ရဲ့ အရည်အသွေးက ထိုင်းကုန်စည်နီးပါး ကောင်းမွန်မြင့်မားနေကြပါပြီ" ဟုဆိုပါသည်။

ကုမ္ပဏီသည် လက်ရှိတွင် ရန်ကုန်၊ မန္တလေး နှင့် မြ၀တီမြို့ ကြီးများတွင် အခြေစိုက်ရုံးများဖွင့်လှစ်ထားပြီး ထိုင်း လူမျိုး ၁၂ ဦးအပါအ၀င် ၀န်ထမ်းပေါင်း ၁၅၀ ကျော်ရှိနေပြီဖြစ်ပါသည်။ ကုမ္ပဏီသည် ကုန်ပစ္စည်းများကို ရန်ကုန်နှင့် အနီးအနားမြို့ များရှိ စူပါမား ကက်များ၊ convenience စတိုးဆိုင်များ နှင့် ဈေးဆိုင်များတွင် တိုက်ရိုက် ဖြန့် ဖြူးရောင်းချပေးလျက်ရှိပြီး အခြားနယ်မြို့ များတွင်လည်း တဆင့်ခံ ဆပ်-ကန်ထရိုက်တာများခန့် အပ် ၍ ဖြန့်  ဖြူးရောင်းချပေးလျက်ရှိနေပါသည်။ Aungvitulsatit မှ ၂၀၁၇ ခုနှစ်တွင် ဆပ်-ကန်ထရိုက်တာ ၃၀ ဦးရရှိရန် နှင့် ၄င်း၏ဖြန့် ဖြူးရေးကွန်ယက်တွင်းရှိ စူပါမားကက် နှင့် convenience စတိုးဆိုင် ၃၀၀ ကျော်တို့ တွင် ၄င်း၏ ကုန် ပစ္စည်းများရောင်းချနိုင်ရန်မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။

၎င်းမှ "မြန်မာနိုင်ငံမှာက စားသုံးကုန်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍသုံးစက်ပစ္စည်းတွေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ ပျိုးစေ့တွေက ၀ယ်လိုအားအရမ်းကောင်းတယ်။ မြန်မာမှာက အခွင့်အလမ်းကောင်းတွေရှိနေပေမယ့် ထောက်ပံ့ပို့ ဆောင်ရေးအတွက် အခြေခံအဆောက်အအုံက မကောင်းဘူး။ မြေဈေးကြီးတယ်။ ကျွမ်းကျင်လုပ်သားတွေမရှိတာက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ အတွက် စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်" ဟုဖြည့်စွက်ပြောပြပါသည်။

ထိုင်းနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး၏ စာရင်းဇယားများအရ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ ၁၈ ဦးမြောက် အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှု၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၇၄ ဘီလီယံ ရှိခဲ့ပြီး၊ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၁၇ ဘီလီယံ မှာ ထိုင်းမှ မြန်မာသို့ ပစ္စည်းများတင်ပို့ ရောင်းချသည့် အိတ်စ်ပို့ လုပ်ငန်းမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။ အဓိက တင်ပို့  ရောင်းချသည့် ကုန်များမှာ လောင်စာဆီ၊ အဖျော်ယမကာရည်များ၊ စက်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စတီးလ် နှင့် စတီးလ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ မော်တော်ကားများ နှင့် မော်တော်ကားပစ္စည်းများ နှင့် စားသောက်ကုန်များ ဖြစ်ကြပါသည်။

ဤနယ်စပ်ကုန်သွယ်ရေးဈေးကွက်ကို ထိုးဖောက်ရန်အတွက် နိုင်ငံမှ ပြငှာန်းထားသည့် စည်းမျဉ်းစည်ကမ်းများကို ကုမ္ပဏီများမှ လိုက်နာသင့်ကြောင်း၊ စားသုံးသူများ၏အမူအကျင့်နှင့် လိုက်ဖ်စတိုင်ကို နားလည်သဘောပေါက် ရန်အတွက် မြန်မာ့ယဉ်ကျေးမှုကိုလေ့လာသင့်ကြောင်း အကြံပြုပြောဆိုပါသည်။ ၄င်းမှ "မြန်မာနိုင်ငံမှာ ကုန် ပစ္စည်းကို သိရှိစေဖို့ အတွက် ကုန်စည်ပြပွဲလုပ်တာက အကောင်းဆုံးနည်းပါ။ ဈေးကွက် မှာ ၀င်ရောက်ရောင်းချ လိုသူတွေအနေနဲ့ က ကုန်ပစ္စည်းတွေကို လူသိများထင်ရှားလာအောင် below the line မားကက်တင်း လို တိုက်ရိုက်မားကက်တင်းလုပ်တာ၊ ကုန်စည်ပြပွဲလုပ်တာ စတဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်သင့်ပါတယ်" ဟုအကြံပေးပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအခြေအနေသည် လာမည့် ၁၀ နှစ်အတွင်းတွင် ပိုမိုထိရောက်ကောင်းမွန်သည့် စီးပွားရေးဥပဒေ၊ သင့်လျော်သည့်မြေဈေးများဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာနိုင်မည့် အကောင်းဆုံး အချိန်အဖြစ် ပိုမိုကောင်းမွန်လာလိမ့်မည်ဟု Aungvitulsatit မှယုံကြည်မျှော်လင့်နေပါသည်။ သို့ သော်၊ ယခုအချိန်တွင် ဈေးကွက်တွင်းသို့ ဝင်ရောက်လိုသည့် လူများအား သတိထားဆင်ခြင်ကြရန်အတွက် ၄င်းမှ အကြံပြုပြောဆိုထားပါသည်။

၎င်းမှ "ပန်းတိုင်ရောက်ဖို့ အတွက် ဆုံးဖြတ်ချက်ခိုင်မာရမယ်။ စိတ်ရှည်သည်းခံရမယ်။ အလုပ်ကြိုးစားရမယ်။ နောက်ပြီး ဘယ်တော့မှ အရှုံးမပေးရဘူး။ ဒါ့အပြင်၊ ကိုယ်စီးပွားရေးလုပ်နေတဲ့ ၀န်းကျင်နယ်မြေ ဖွံ့ ဖြိုးတိုးတက် လာအောင်ကူညီရမယ်။ မရေမရော သံသယတွေဖြစ်လာရင် ဈေးကွက်ထဲမှာရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေ ဆီက အကြံဥာဏ်တောင်းပါ" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.euithailand.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

366697