TradeWinds

Issue 63

ထိုင်းနိုင်ငံဆိုင်ရာ အာဂျင်တီးနားသံအမတ်သစ် H.E. Mrs. María Alicia Cuzzoni de Sonschein နှင့် စီးပွားရေး ၀န်ကြီး Minister Apiradi Tantraporn တို့ သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် စီးပွားရေးဝန်ကြီးငှာနရုံး၌ တွေ့  ဆုံဆွေးနွေးခဲ့ကြပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "ကျွန်မတို့ အာဂျင်တီးနားနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ အရှေ့ ပိုင်း စီးပွားရေးဇုံ (Eastern Economic Corridor (EEC)) မှာရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့  ဖိတ်ခေါ်ထားပါတယ်။ ဘာကြောင့်ဆိုရင် ထိုင်းနိုင်ငံက ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်မှုအခွင့်အရေးတွေကို ပေးအပ် နေတဲ့အပြင်၊ CLMV လေးနိုင်ငံမှာ ကုန်ကြမ်း ပစ္စည်းတွေကိုဝယ်ယူနိုင်ပြီး သူတို့ ရဲ့ ဈေးကွက်ကိုလည်းချဲ့ ထွင်နိုင်မယ့် အချက်အချာနေရာတစ်ခုအဖြစ်နဲ့ လည်းအသုံးပြုနိုင်တဲ့ အတွက်ကြောင့်ပါ။ အာဂျင်တီးနားက သူတို့ ရဲ့ စီးပွားရေး ကို ထိုင်းနိုင်ငံကို ချဲ့ ထွင်ချင်ပါတယ်။ အထူးသဖြင့် အမဲသားတင်ပို့ တဲ့လုပ်ငန်းမှာပါ။ သံအမတ်ကြီးက ထိုင်းရင်းနှီးမြှုပ်နှံ သူတွေကို အာဂျင်တီးနားရဲ့ မိုင်းတွင်းကဏ္ဍ နဲ့ ပြန်လည်ထုတ်လုပ်နိုင်တဲ့စွမ်းအင် (renewable energy) ကဏ္ဍတွေ မှာရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်" ဟုပြောကြားပါသည်။

ထိုင်းနိုင်ငံ၏ ECC ဖွံ့ ဖြိုးရေးစီမံကိန်းသည် ထိုင်းနိုင်ငံ၏အရှေ့ပိုင်းပင်လယ်ကမ်းခြေဒေသအား အာဆီယံနိုင်ငံများ အတွင်း စီးပွားရေးဆိုင်ရာ အဓိကဦးဆောင်သူအဖြစ် အကောင်အထည်ဖော်ဆောင်ရန်ရည်ရွယ်သည်။ ၄င်း စီမံကိန်း တွင် ချုံဘူရီ (Chon Buri)၊ ရရောင်း (Rayong) နှင့် ချာချုံစောင် (Chachoengsao) ခရိုင်းများပါဝင်ပါသည်။ စီမံကိန်း ကြီးသည် နောင်မျိုးဆက် မော်တော်ကားလုပ်ငန်း (next-generation automotives)ကဏ္ဍ၊ စမတ်အီလက်ထရွန်နစ် လုပ်ငန်းကဏ္ဍ၊ ပြီးပြည့်စုံသည့် ဆေးဝါးကုသမှုနှင့် wellness ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ၊ လယ်ယာစိုက်ပျိုး ရေး နှင့် ဇီဝနည်းပညာကဏ္ဍ၊ အနာဂတ်အစားအစာ (food for the future) လုပ်ငန်းကဏ္ဍများကဲ့သို့ သော လုပ်ငန်း ကဏ္ဍ ၁၀ ခု ဖွံ့ ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

Issue 63

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) သည် ဖေဖော်ဝါရီလ ၉ ရက်နေ့  တွင် ဟောင်ကောင်နိုင်ငံရှိ AEON ၏ ၀ယ်ယူရေးရာ စီမံခန့် ခွဲရေးတာဝန်ရှိ ပုဂ္ဂိုလ်များ အား ဘန်ကောက်သို့ လေ့လာရေး ခရီးလာရောက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "AEON က ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်တွေကို သူ့  ရဲ့  ဟောင်ကောင်က စတိုးဆိုင်တွေမှာ ဖြန့် ဖြူးရောင်းချဖို့ အတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းသစ်တွေကို လိုချင်တယ်။ မေလ ၁၁ ရက်နေ့ ကနေ ၂၄ ရက်နေ့ အထိ ဟောင်ကောင် မှာရှိတဲ့ AEON စတိုးဆိုင်ခွဲ ၂၄ ဆိုင်မှာပြုလုပ်မဲ့ AEON Thailand Food Fair 2017 ဆိုတဲ့အစီအစဉ်မှာ ရွေးချယ်ခံရတဲ့ ထုတ်ကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်" ဟုပြောကြားပါသည်။

ဤ စီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ထိုင်းနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ ငါးဆယ့်ရှစ် ခုမှပါဝင်ခဲ့သည်။ လူအများ၏ စိတ်ဝင်စားမှုအများဆုံးရရှိခဲ့သည့် ထိုင်းစားသောက်ကုန်များတွင် ရေခဲမုန့် ၊ သစ်သီးခြောက်၊ အသင့်စား စားသောက်ကုန်၊ ပဲနှင့်ဆန်များဖြင့် ပြုလုပ်ထားသည့် အဆာပြေ စားစရာမုန့် နှင့် အုန်းသီးဖြင့် ပြုလုပ်ထားသည့်စားသောက်ကုန်များ ပါဝင်ပါသည်။

 

Issue 63

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) သည် စီးပွားရေးလုပ်ငန်း အခွင့်အလမ်း များနှင့် မိတ်ဖက်များရှာဖွေနိုင်ရန်အတွက် ထိုင်း အခမ်းအနားပွဲစီစဉ်သူများအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၁ ရက်နေ့ ထိ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းခရီးစဉ် အားစီစဉ်ပို့ ဆောင်ပေးခဲ့ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဒီဒေသမှာ ထိုင်းလူမျိုး အခမ်းအနားပွဲစီစဉ်သူတွေကို ကျယ်ကျယ်ပြန့် ပြန့် လက်ခံကြတဲ့အတွက် သူတို့ တွေအတွက် အလားအလာကအရမ်းကိုကောင်းမွန်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေး အလျင်အမြန်တိုးတက်နေတဲ့အတွက် အခမ်းအနားပွဲစီစဉ်သူတွေအတွက် စိတ်ဝင်စားဖို့  ကောင်းတဲ့ဈေးကွက်တစ်ခုဖြစ်လာပါတယ်" ဟုဆိုပါသည်။

"နိုင်ငံချင်းကလည်းနီးစပ်နေလို့  သယ်ယူပို့ ဆောင်ရေးလွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ အကြောင်းရင်း တွေ ကလည်း ထိုင်းပွဲစီစဉ်သူတွေကို တစ်ပန်းသာစေပါတယ်။ ဒါ့အပြင်၊ မြန်မာလူမျိုးတွေက ထိုင်းလူမျိုးတွေနဲ့ ထိုင်း ထုတ်ကုန်တွေအပေါ် အကောင်းမြင်ကြတယ်" ဟု၎င်းမှပြောကြားပါသည်။

 

 

Issue 63

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှ ဖေဖော်ဝါရီလအတွင်း ကြီးမှူးကျင်းပ ခဲ့သည့် ၅၉ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီး (BGJF 59) တွင် ရရှိခဲ့သည့် အခွန်ဘဏ္ဍာ သည် ယခင်နှစ်ထက်သာလွန်နိုင်သည်ဟု ကြိုတင်ခန့် မှန်းပြောဆိုထားပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ကျင်းပခဲ့တဲ့ ပြပွဲကြီးကနေ ယူအက်စ် ဒေါ်လာ ၄၇၅ မီလျံ (ထိုင်းဘတ် ၁၆ ဒသမ ၉၆ ဘီလျံ) ရခဲ့တဲ့ အတွက် DITP က ပြပွဲကြီးကနေ ရောင်းချရတဲ့တန်ဖိုး ယူအက်စ်ဒေါ်လာ ၄၈၇ မီလျံ ကျော် (ထိုင်းဘတ် ၁၇ ဘီလျံ) ရရှိဖို့ မျှော်မှန်းထားပါတယ်" ဟုပြောကြားပါသည်။

ပြပွဲကြီးသည် နိုင်ငံရပ်ခြားမှ ပြပွဲတင်ဆက်ပြသသူများ (overseas exhibitors) ၏အလယ်တွင် ပိုမိုထင်ရှား ကျော်ကြားလာသည်ဟု DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ယခုကဲ့သို့  ပြောကြားပါသည်။ "နိုင်ငံခြားကနေ လာရောက်ပါဝင်ပြသသူ ဦးရေက အရင်နှစ် ကထက် ၁၈ ရာခိုင်နှုန်း ပိုများလာတယ်။ နောက်ပြီး ကမ္ဘာအရပ်ရပ်က ဧည့်သည် ၂၃,၀၀၀ ကျော်ရဲ့ စိတ်ဝင်စားမှုကို လည်းရရှိခဲ့ပါတယ်။"

ထိုင်းနိုင်ငံသည် ကမ္ဘာ့ ၁၀ နိုင်ငံမြောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ အများဆုံးထုတ်လုပ်တင်ပို့ သော နိုင်ငံ အဖြစ်ရပ်တည်လျက်ရှိပါသည်။ ရွှေအားချန်လှပ်၍ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ မှ ဒီဇင်ဘာလအတွင်း ကျောက်မျက် နှင့် လက်ဝတ်ရတနာများကို တင်ပို့ ရောင်းချခြင်းမှ ယူအက်စ်ဒေါ်လာ ၆ ဒသမ ၉၇ ဘီလျံ (ထိုင်းဘတ် ၂၄၃ ဒသမ ၉ ဘီလျံ) အား ရရှိခဲ့ပါသည်။

ယခုနှစ်အတွက် ရွှေအားချန်လှပ်၍ ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့ ရောင်းချရမှု ၅ ရာခိုင်နှုန်း တိုးတက်၍ ယူအက်စ်ဒေါ်လာ ၇ ဒသမ ၃၂ ဘီလျံ (ထိုင်းဘတ် ၂၅၆ ဒသမ ၆ ဘီလျံ) ရရှိရန် ခန့် မှန်းထားကြောင်း စီးပွားရေးဝန်ကြီးမှ ပြောကြားပါသည်။

ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်နေ့ ထိ ဘန်ကောက်မြို့ ၊ မွမ်ထုံနီ ရှိ Impact အဆောက်အအုံ Challenger ခန်းမ များ ၌ပြုလုပ်ကျင်းပခဲ့သည့် ပြပွဲကြီးတွင် ကမ္ဘာအရပ်ရပ် နိုင်ငံများရှိ ကုမ္ပဏီပေါင်း ၇၃၀ နီးပါး (ပြခန်းပေါင်း ၂,၀၀၀ ကျော်) မှပြ၀င်ပြသခဲ့ပါသည်။

Issue 63

ထိုင်းလုပ်ငန်းရှင်များမှ စီးပွားရေးလုပ်ငန်းများအတွက် အလားအလာကောင်းမွန်နေသည့် ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံမြို့ ကြီးများတွင် စီးပွားရေးအခွင့်အလမ်းများအား စူးစမ်းလေ့လာရှာဖွေနိုင်ရန်အတွက် စီးပွားရေးဝန်ကြီးငှာန (Ministry of Commerce) နှင့် အာဆီယံကွန်ရက်စင်မြင့် ဖြစ်သည့် C asean တို့ မှပူးပေါင်း၍ Deepening CLMV: Urbanization Project ဆိုသည့် စီမံကိန်းအား ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကစတင် ဆောင် ရွက် ခဲ့ပါသည်။

စီးပွားရေးဝန်ကြီးငှာန၏ ဒုဝန်ကြီး Winichai Chaemchaeng မှ "အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ အတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ စီယမ်ရိ မြို့ (Siem Reap)၊ မြန်မာနိုင်ငံရဲ့  မန္တလေးမြို့ ၊ လာအိုနိုင်ငံရဲ့ ချန်ပါစက်မြို့  (Champasak) နဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဟိုင်ဖုန်မြို့  (Hai Phong) ကြီးတွေက ထိုင်းရင်းနှီးမြှုပ်နှံသူတွေ အထူး အလေး ထားရှေးရှုရမယ့်မြို့ ကြီးတွေဖြစ်ကြပါတယ်။ စီးပွားရေးဝန်ကြီးငှာနနဲ့  C asean တို့ ပူးပေါင်းပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်ရတာက ထိုင်းလုပ်ငန်းတွေနဲ့  CLMV လေးနိုင်ငံရဲ့ အစိုးရနဲ့  ပုဂ္ဂလိက ကဏ္ဍတွေက ကိုယ်စား လှယ်တွေကြား စီးပွားရေးလုပ်ငန်းပူးပေါင်းလုပ်ဆောင်ချင်သူတွေအတွက် ကွန်ရက်ချိတ်ဆက် ဆက်သွယ်ပေးနိုင်ဖို့  ပဲဖြစ်ပါတယ်" ဟုပြောကြားပါသည်။

၎င်းမှ "ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ လက်တွေ့ ဖြစ်ပေါ်နေတဲ့ဈေးကွက်အခြေအနေကို သိရှိနိုင်ဖို့ နဲ့  အလားအလာ ကောင်းမွန်တဲ့ စီးပွားရေး မိတ်ဖက်တွေကို ရှာဖွေနိုင်ဖို့ အတွက် ဒီမြို့ ကြီးတွေဆီကို စီးပွားရေးလုပ်ငန်းခရီးတိုတွေ ပို့  ဆောင်ပေးဖို့  ကျွန်တော်တို့ စီစဉ်ပေးသွားဖြစ်ပါတယ်" ဟုဖြည့်စွက်ပြောကြားပါသည်။

ဤအစီအစဉ်အား ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ အီးမေးလ် လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. သို့  စာဖြင့် ရေးသားဆက်သွယ်မေးမြန်းနိုင်သကဲ့သို့ ၊ တယ်လီဖုန်းနံပါတ် +662-785-9093 သို့ ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါသည်။

 

Issue 63

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် စီးပွားရေးဝန်ကြီးငှာန၌ ထိုင်း စီးပွားရေးရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြုလုပ်သော ဆွေးနွေးပွဲအပြီးတွင် ဒုတိယ၀န်ကြီးချုပ် Somkid Jatusripitak မှ ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ပို့ ကုန် လုပ်ငန်း ၅ ရာခိုင်နှုန်းတိုးတက်ရမည်ဆိုသည့် ရည်မှန်းချက်အား ချမှတ်ဖော်ဆောင်နေသည်ဟု ပြောကြားခဲ့ပါသည်။

ဒုဝန်ကြီးချုပ် Jatusripitak မှ "ဒီရည်မှန်းချက်ကို ချမှတ်ဖော်ဆောင်ရတာက ကျွန်တော်တို့ ရဲ့ အဓိကကုန်သွယ်ရေး မိတ်ဖက်တွေရဲ့ စီးပွားရေးပြန်လည်နလန်ထူလာတဲ့အတွက် နဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေဈေးကောင်း ရ လာတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်" ဟုပြောကြားပါသည်။

ဒုဝန်ကြီးချုပ်မှ အမေရိကန်နိုင်ငံသို့ ၃.၂ ရာခိုင်နှုန်း၊ အီးယူနိုင်ငံများသို့  ၃ ရာခိုင်နှုန်း၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့  ၄ ရာခိုင်နှုန်း၊ အာဆီယံနိုင်ငံများသို့  ၅ ရာခိုင်နှုန်း၊ အရှေ့ အလယ်ပိုင်းဒေသသို့  ၂ ရာခိုင်နှုန်း နှင့် အာဖရိကနိုင်ငံများသို့  ၂.၅ ရာခိုင်နှုန်း စသည်ဖြင့် ၄င်းဈေးကွက်များသို့ တင်ပို့ သည့် ပို့ ကုန်ပမာဏ ကြီးမားတိုးတက်လာသည်ဟု ထုတ်ဖော်ကြေညာခဲ့ပါသည်။

367958