Issue 63

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) သည် စီးပွားရေးလုပ်ငန်း အခွင့်အလမ်း များနှင့် မိတ်ဖက်များရှာဖွေနိုင်ရန်အတွက် ထိုင်း အခမ်းအနားပွဲစီစဉ်သူများအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၁ ရက်နေ့ ထိ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းခရီးစဉ် အားစီစဉ်ပို့ ဆောင်ပေးခဲ့ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဒီဒေသမှာ ထိုင်းလူမျိုး အခမ်းအနားပွဲစီစဉ်သူတွေကို ကျယ်ကျယ်ပြန့် ပြန့် လက်ခံကြတဲ့အတွက် သူတို့ တွေအတွက် အလားအလာကအရမ်းကိုကောင်းမွန်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေး အလျင်အမြန်တိုးတက်နေတဲ့အတွက် အခမ်းအနားပွဲစီစဉ်သူတွေအတွက် စိတ်ဝင်စားဖို့  ကောင်းတဲ့ဈေးကွက်တစ်ခုဖြစ်လာပါတယ်" ဟုဆိုပါသည်။

"နိုင်ငံချင်းကလည်းနီးစပ်နေလို့  သယ်ယူပို့ ဆောင်ရေးလွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ အကြောင်းရင်း တွေ ကလည်း ထိုင်းပွဲစီစဉ်သူတွေကို တစ်ပန်းသာစေပါတယ်။ ဒါ့အပြင်၊ မြန်မာလူမျိုးတွေက ထိုင်းလူမျိုးတွေနဲ့ ထိုင်း ထုတ်ကုန်တွေအပေါ် အကောင်းမြင်ကြတယ်" ဟု၎င်းမှပြောကြားပါသည်။

 

368759