Issue 63

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) သည် ဖေဖော်ဝါရီလ ၉ ရက်နေ့  တွင် ဟောင်ကောင်နိုင်ငံရှိ AEON ၏ ၀ယ်ယူရေးရာ စီမံခန့် ခွဲရေးတာဝန်ရှိ ပုဂ္ဂိုလ်များ အား ဘန်ကောက်သို့ လေ့လာရေး ခရီးလာရောက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "AEON က ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်တွေကို သူ့  ရဲ့  ဟောင်ကောင်က စတိုးဆိုင်တွေမှာ ဖြန့် ဖြူးရောင်းချဖို့ အတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းသစ်တွေကို လိုချင်တယ်။ မေလ ၁၁ ရက်နေ့ ကနေ ၂၄ ရက်နေ့ အထိ ဟောင်ကောင် မှာရှိတဲ့ AEON စတိုးဆိုင်ခွဲ ၂၄ ဆိုင်မှာပြုလုပ်မဲ့ AEON Thailand Food Fair 2017 ဆိုတဲ့အစီအစဉ်မှာ ရွေးချယ်ခံရတဲ့ ထုတ်ကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်" ဟုပြောကြားပါသည်။

ဤ စီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ထိုင်းနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ ငါးဆယ့်ရှစ် ခုမှပါဝင်ခဲ့သည်။ လူအများ၏ စိတ်ဝင်စားမှုအများဆုံးရရှိခဲ့သည့် ထိုင်းစားသောက်ကုန်များတွင် ရေခဲမုန့် ၊ သစ်သီးခြောက်၊ အသင့်စား စားသောက်ကုန်၊ ပဲနှင့်ဆန်များဖြင့် ပြုလုပ်ထားသည့် အဆာပြေ စားစရာမုန့် နှင့် အုန်းသီးဖြင့် ပြုလုပ်ထားသည့်စားသောက်ကုန်များ ပါဝင်ပါသည်။

 

366114