TradeWinds

Issue 61

ထိုင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးငှာန၊ ချူလာလောင်ကွန်း တက္ကသိုလ်နှင့် အခြားအစိုးရအဖွဲ့ အစည်းများမှ ပူးပေါင်းလျက် Sustainable Energy & Technology Asia 2017 (SETA 2017) ပွဲကြီးအား 'Towards A Low Carbon Society' ဆိုသည့်ခေါင်းစဉ်ဖြင့် ဘန်ကောက်ရှိ BITEC Bang Na တွင် ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်နေ့ မှ ၁၀ ရက်နေ့ အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

ထို SETA ပြပွဲကြီးတွင် မူဝါဒရေးဆွဲသူများမှ ၄င်းတို့ ၏ စွမ်းအင်ရင်းမြစ်အစီအစဉ်များနှင့်သက်ဆိုင် သည့်သဘောထားအမြင်များကိုမျှဝေမည့် CEO ဖိုရမ်၊ လျှပ်စစ်နှင့် hybrid ယာဉ်များပြပွဲများ၊ အစည်း ဝေးပွဲများ နှင့် စီးပွားလုပ်ငန်းတွဲဖက်မည့် အစီအစဉ်များပါဝင်မည်ဖြစ်ပါသည်။

၎င်းအခမ်းအနားပြပွဲကြီးသည် နိုင်ငံရပ်ခြားမှ ပါဝင်ပြသမည့်သူ ၁၀၀ ကျော် အပါအ၀င် ပါဝင်ပြသမည့် သူ ၂၅၀ ၀န်းကျင် နှင့် ကမ္ဘာတစ်ဝှမ်းမှ လာရောက်လည်ပတ်ကြည့်ရှုသူ ၅၀၀၀ ကျော်တို့ ၏ စိတ်ဝင်စားမှုအားရရှိရန် မျှော်မှန်းထားပါသည်။

 

Issue 61

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံးဆန် ဆုအားဆွတ်ခူးခဲ့သည့် ထိုင်းနိုင်ငံ၏ Hom Mali ဆန် သို့ မဟုတ် ထိုင်းဂျက်စမင် ဆန် အတွက်ချီးကျူးဂုဏ်ပြုပွဲအား စီးပွားရေးဝန်ကြီးငှာနနှင့် ထိုင်းဆန် ပို့  ကုန်လုပ်ငန်းရှင် အသင်းကြီး (Thai Rice Exporters Association) တို့ မှကြီးမှူး၍ ဘန်ကောက်ရှိ Sukhothai Hotel ၌ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ပြုလုပ်ကျင်းပခဲ့ကြပါသည်။

ဆန်ကုန်သည်အသင်းကြီး (Rice Trader Organisation) မှ ကြီးမှူး၍ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့ အထိ ချင်းမိုင်မြို့ တွင်ကျင်းပခဲ့သော ရှစ်ကြိမ်မြောက် ကမ္ဘာ့ဆန်ညီလာခံ (World Rice Conference) တွင် Hom Mali ဆန်အားရွေးချယ်၍ ပထမဆုအားပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါ သည်။ ယူအက်စ်နိုင်ငံမှ Calrose ဆန်သည် ဒုတိယဆု၊ ကမ္ဘောဒီးယားနိုင်ငံမှ ဂျက်စမင်ဆန်သည် တတိယဆု စသည်ဖြင့်ဆုများလည်းအသီးသီးရရှိခဲ့ပါသည်။ ပုံပန်းသွင်ပြင်၊ အရသာ၊ ရနံ့ နှင့် ဆန်လုံး အလျား များပေါ်မူတည်သော အကဲဖြတ်သည့် ပြိုင်ပွဲအစီအစဉ်မတိုင်မီ နိုင်ငံအတော်များများမှ ပေးပို့  သောရနံ့ မွှေးသည့်ဆန်နမူနာပေါင်း ၅၀ ကျော်အားလက်ခံရရှိခဲ့ပါသည်။ Hom Mali ဆန်သည် ပထမဆုအား၂၀၀၉ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၀ ခုနှစ်တွင်တစ်ကြိမ် နှင့် ၂၀၁၄ ခုနှစ်တစ်ကြိမ် စသည် ဖြင့် ရရှိခဲ့ဖူးပြီးဖြစ်ပါသည်။

 

Issue 61

ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ တိုးတက်လာသည်နှင့်အတူ ဟိုတယ်လိုအပ်ချက်များမြင့်မားလာခြင်း ကြောင့် ထိုင်းဟိုတယ်လုပ်ငန်းရှင်များအား ဂျပန်နိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုကြရန် DITP မှ တိုက်တွန်းထားကြောင့် DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ကပြောကြားပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားများလာရောက်လည်ပတ်နှုန်း လျင်မြန်စွာ မြင့်တက်ခဲ့ခြင်းကြောင့် ကျူရှူး (Kyushu) နှင့် အိုကီနာဝါ (Okinawa) မြို့ ကြီးများတွင် အထူးသဖြင့် တည်းခိုခန်းများမလုံလောက်သည့် အခြေအနေဖြစ်ပေါ်လျက်ရှိသည်ဟု ဟီရိုရှီးမား (Hiroshima) မြို့ အခြေစိုက် ထိုင်းကုန်သွယ်စီးပွားရုံးမှ အစီရင်ခံတင်ပြထားပါသည်။

Choklumlerd မှ "ကျူရှူး (Kyushu) ကျွန်းလယ်မှာတည်ရှိတဲ့ ဖူကူအိုကာ (Fukuoka) မြို့ ကြီးမှာ ဟိုတယ်ကြီးတွေ အတွက် မြေကွက်ကျယ်ကြီးတွေမရှိပါဘူး။ ဒါကြောင့် မြို့ ပြဟိုတယ် (city hotel) တွေ ဒါမှမဟုတ် ဟိုတယ်သေးလေးတွေကို ဆောက်မယ်ဆိုရင်ပိုမိုလွယ်ကူပါလိမ့်မယ်" ဟု boutique ဟိုတယ်များသည်လည်း စီးပွားရေးရင်းနှီးမြှပ်နှံမှုအတွက် အလားအလာရှိသည့် အခြားရွေးချယ်စရာ ဖြစ်သည်ဟုဖြည့်စွက်ပြောကြားပါသည်။

DITP ၏ အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်တွင် ကျူရှူး (Kyushu) နှင့် အိုကီနာဝါ (Okinawa) ကျွန်းများ သို့  ကမ္ဘာလှည့်ခရီးသည် လေးသန်းဝန်းကျင်လာရောက်လည်ပတ်ခဲ့ကြောင်းနှင့် ယခင်နှစ်ထက် ၇၃ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်းသိရှိရပါသည်။

 

 

Issue 61

နိုင်ငံရပ်ခြားဈေးကွက်များတွင် ထိုင်းကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍတိုးတက်စေရေးအတွက်

ဒေသဆိုင်ရာအကြံပေး ပုဂ္ဂိုလ်များအဖြစ်ဆောင်ရွက်ပေးကြရန် ထိပ်တန်း ထိုင်းကုမ္ပဏီ ခုနစ်ခုမှ အမှုဆောင်အရာရှိကြီးများအား DITP မှ ဖိတ်ခေါ်ခဲ့ပါသည်။

ဤအစီအစဉ်အရ တရုတ်နိုင်ငံအတွက် CP၊ ဥရောပတိုင်းပြည်များအတွက် Central Group၊ အာဆီယံ နိုင်ငံများအတွက် Berli Jucker၊ ယူအက်စ်နိုင်ငံအတွက် Thai Union Frozen၊ ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံများအတွက် Sahapat Group၊ အိန္ဒိယနိုင်ငံအတွက် SCG နှင့် အရှေ့ အလယ် ပိုင်းဒေသအတွက် Double A တို့ မှ အကြံပေးများအဖြစ် အသီးသီးဆောင်ရွက်သွားကြရန်ဖြစ်သည်။

"သူတို့ တွေရဲ့ အကူအညီနဲ့ အခြားနည်းဗျူဟာတွေကြောင့် ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပို့ ကုန်လုပ်ငန်း ကဏ္ဍ ၃ ရာခိုင်နှုန်းတိုးတက်လာဖို့ အတွက် DITP က မျှော်လင့်ပါတယ်" ဟု ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ က DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှပြောကြားပါသည်။

 

Issue 61

တောင်ကိုရီးယားနိုင်ငံ၏ အစားအသောက်နှင့်ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ကြီးငှာန (South Korea's Ministry of Food and Drug Safety (MFDS)) မှ စည်းမျဉ်းသစ်ကို ထုတ်ပြန် ထားကြောင်း စီးပွားရေးဝန်ကြီး Apiradee Tantraporn မှထုတ်ပြန်ကြေငြာပါသည်။ ၄င်းထုတ်ပြန် လိုက်သည့်စည်းမျဉ်းသစ်သည် အရှေ့ အာရှနိုင်ငံများသို့ တင်ပို့ ရောင်းချသည့် အစားအသောက်နှင့် တိရိစ္ဆာန်စာများအတွက် အရည်အသွေးအာမခံပေးသည့် အေဂျင်စီများ အနေဖြင့် ပထမဦးစွာ MFDS တွင် မှတ်ပုံတင်ရန် ဖြစ်ကြောင်း ဖြစ်ပါသည်။

စည်းမျဉ်းသစ်သည် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ တွင် စတင်သက်ဝင်မည်ဖြစ်ပြီး၊ အရည် အသွေး အာမခံများတွင် HACCP၊ ISO 22000၊ GMP၊ halal၊ kosher နှင့် သက်သတ်လွတ် အစား အသောက်များလည်း ပါဝင်ပါသည်။

"စီးပွားရေးဝန်ကြီးငှာနအနေနဲ့ ထိုင်းပို့ ကုန်တွေ အပယ်မခံရအောင် MDFS မှာမှတ်ပုံတင်ဖို့ အတွက် သက်ဆိုင်ရာအေဂျင်စီတွေကို အသိပေးဖို့  DITP ကိုညွှန်ကြားထားပါတယ်" ဟု Tantraporn မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကပြောကြားပါသည်။

ထိပ်တန်းပို့ ကုန်များဖြစ်သည့် ပင်လယ်စာ၊ သကြား၊ ပြုပြင်ထား သည့် ပင်လယ်စာ၊ စည်သွတ် သစ်သီး ဗူးများ နှင့် ပြုပြင်ထားသည့်ကြက်သားများအပါအ၀င် ၂၀၁၆ ခုနှစ် ပထမ ဆယ်လအတွင်း ထိုင်းနိုင်ငံ မှ တောင်ကိုရီယားနိုင်ငံသို့ တင်ပို့ ရောင်းချရသည့်တန်ဖိုးမှာ ယူအက်စ်ဒေါ်လာ ၃၃၉ သန်း ဖြစ်ပါသည်။

Issue 61

ထိုင်းနိုင်ငံမှဆန်များတွင် ပလတ်စတစ် အရောအနှောများပါဝင်နေသည်ဟု ယူအက်စ် ဖေ့စ်ဘွတ် post

တစ်ခုတွင်ရေးသားထားပါသည်။ ထိုရေးသားချက်ကိုတုံ့ ပြန်သည့်အနေဖြင့် ထိုင်းနိုင်ငံမှတင်ပို့ သည့် ဆန်များတွင် အခြားအရာဝတ္ထုများရောနှောပါဝင်နေခြင်း မရှိပါဟု စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ ဇန်န၀ါရီလ ၆ ရက်နေ့ ကအတည်ပြုပြောကြားပါသည်။

ဝန်ကြီး Tantraporn မှ "ဂျက်စမင်ဆန် အမှတ်တံဆိပ်ကို တင်ပို့ ရောင်းချနေတဲ့ Siam Grains က သူတို့ က ခေတ်မီတဲ့ထုတ်လုပ်မှုနဲ့ ထုပ်ပိုးမှု နည်းပညာတွေကို သုံးထား တဲ့အတွက် သူတို့ ရဲ့  ဆန်တွေ မှာ အခြားအရာတွေရောနှောပါဝင်နေခြင်းမရှိတာကို ရဲရဲအာမခံနိုင်ပါ တယ်လို့  ဆိုရှယ်မီဒီယာဆိုက် ပေါ်မှာ ဆိုထားပါတယ်။ တင်းကြပ်တဲ့ အရည်အသွေးစစ်ဆေးမှုတွေကို အောင်မြင်မှ နိုင်ငံခြားတိုင်းပြည် တွေကိုဆန်တင်ပို့ နိုင်တဲ့အတွက် ထိုင်းဆန်တွေက အရည်အသွေးအမြင့်မားဆုံးပါ" ဟုပြောကြားပါ သည်။

ဖေ့စ်ဘွတ်တွင် ဗွီဒီယိုအားတင်ခဲ့သည့်အဆိုပါ ပုဂ္ဂိုလ်အား တင်ပို့ ရောင်းချသူများမှ တရားစွဲဆိုသွားရန် စဉ်းစားနေကြကြောင်း ၀န်ကြီးမှအတည်ပြုပြောကြားပါသည်။

လောလောဆယ်တွင်၊ DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ထိုင်းနိုင်ငံ၏ စည်သွတ် သစ်သီးဗူးများတွင် HIV ဗိုင်းရပ်စ် ပါဝင်နေသည်ဆိုသည့် မကြာမီကထွက်ရှိလာသည့် ကောလဟာလ အားငြင်းဆန်ထားပါသည်။

Choklumlerd မှ "သတင်းက နောက်ပြောင်လိမ်လည်မှုပါ။ HIV ဗိုင်းရပ်စ် ရှင်သန်နိုင်ဖို့ အတွက် လူသား လက်ခံဆဲလ် လိုအပ်ပါတယ်။ အဲဒီဗိုင်းရပ်စ်က လူ့  ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ အချိန်အကြာ ကြီးအသက်မရှင်နိုင်ပါဘူး။ ဒါကြောင့်၊ စည်သွတ်သစ်သီးဗူးတွေမှာ HIV ဗိုင်းရပ်စ်ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်က ဖြစ်နိုင်ချေမရှိပါဘူး။ ထိုင်းစည်သွတ်ထုတ်ကုန်တွေကို သေသေချာချာကို စစ်ဆေးထား တာပါ။ နောက်ပြီး၊ နိုင်ငံခြားတိုင်းပြည်တွေကိုမတင်ပို့ မီမှာ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းတွေနဲ့  ကိုက်ညီမှုရှိတယ်ဆိုတဲ့ထောက်ခံချက်တွေကို ရယူထားတာပါ" ဟုပြောကြားပါသည်။

 

 

367995