Issue 61

တောင်ကိုရီးယားနိုင်ငံ၏ အစားအသောက်နှင့်ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ကြီးငှာန (South Korea's Ministry of Food and Drug Safety (MFDS)) မှ စည်းမျဉ်းသစ်ကို ထုတ်ပြန် ထားကြောင်း စီးပွားရေးဝန်ကြီး Apiradee Tantraporn မှထုတ်ပြန်ကြေငြာပါသည်။ ၄င်းထုတ်ပြန် လိုက်သည့်စည်းမျဉ်းသစ်သည် အရှေ့ အာရှနိုင်ငံများသို့ တင်ပို့ ရောင်းချသည့် အစားအသောက်နှင့် တိရိစ္ဆာန်စာများအတွက် အရည်အသွေးအာမခံပေးသည့် အေဂျင်စီများ အနေဖြင့် ပထမဦးစွာ MFDS တွင် မှတ်ပုံတင်ရန် ဖြစ်ကြောင်း ဖြစ်ပါသည်။

စည်းမျဉ်းသစ်သည် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ တွင် စတင်သက်ဝင်မည်ဖြစ်ပြီး၊ အရည် အသွေး အာမခံများတွင် HACCP၊ ISO 22000၊ GMP၊ halal၊ kosher နှင့် သက်သတ်လွတ် အစား အသောက်များလည်း ပါဝင်ပါသည်။

"စီးပွားရေးဝန်ကြီးငှာနအနေနဲ့ ထိုင်းပို့ ကုန်တွေ အပယ်မခံရအောင် MDFS မှာမှတ်ပုံတင်ဖို့ အတွက် သက်ဆိုင်ရာအေဂျင်စီတွေကို အသိပေးဖို့  DITP ကိုညွှန်ကြားထားပါတယ်" ဟု Tantraporn မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကပြောကြားပါသည်။

ထိပ်တန်းပို့ ကုန်များဖြစ်သည့် ပင်လယ်စာ၊ သကြား၊ ပြုပြင်ထား သည့် ပင်လယ်စာ၊ စည်သွတ် သစ်သီး ဗူးများ နှင့် ပြုပြင်ထားသည့်ကြက်သားများအပါအ၀င် ၂၀၁၆ ခုနှစ် ပထမ ဆယ်လအတွင်း ထိုင်းနိုင်ငံ မှ တောင်ကိုရီယားနိုင်ငံသို့ တင်ပို့ ရောင်းချရသည့်တန်ဖိုးမှာ ယူအက်စ်ဒေါ်လာ ၃၃၉ သန်း ဖြစ်ပါသည်။

366919