Issue 61

ထိုင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးငှာန၊ ချူလာလောင်ကွန်း တက္ကသိုလ်နှင့် အခြားအစိုးရအဖွဲ့ အစည်းများမှ ပူးပေါင်းလျက် Sustainable Energy & Technology Asia 2017 (SETA 2017) ပွဲကြီးအား 'Towards A Low Carbon Society' ဆိုသည့်ခေါင်းစဉ်ဖြင့် ဘန်ကောက်ရှိ BITEC Bang Na တွင် ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်နေ့ မှ ၁၀ ရက်နေ့ အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

ထို SETA ပြပွဲကြီးတွင် မူဝါဒရေးဆွဲသူများမှ ၄င်းတို့ ၏ စွမ်းအင်ရင်းမြစ်အစီအစဉ်များနှင့်သက်ဆိုင် သည့်သဘောထားအမြင်များကိုမျှဝေမည့် CEO ဖိုရမ်၊ လျှပ်စစ်နှင့် hybrid ယာဉ်များပြပွဲများ၊ အစည်း ဝေးပွဲများ နှင့် စီးပွားလုပ်ငန်းတွဲဖက်မည့် အစီအစဉ်များပါဝင်မည်ဖြစ်ပါသည်။

၎င်းအခမ်းအနားပြပွဲကြီးသည် နိုင်ငံရပ်ခြားမှ ပါဝင်ပြသမည့်သူ ၁၀၀ ကျော် အပါအ၀င် ပါဝင်ပြသမည့် သူ ၂၅၀ ၀န်းကျင် နှင့် ကမ္ဘာတစ်ဝှမ်းမှ လာရောက်လည်ပတ်ကြည့်ရှုသူ ၅၀၀၀ ကျော်တို့ ၏ စိတ်ဝင်စားမှုအားရရှိရန် မျှော်မှန်းထားပါသည်။

 

368342