Issue 61

ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ တိုးတက်လာသည်နှင့်အတူ ဟိုတယ်လိုအပ်ချက်များမြင့်မားလာခြင်း ကြောင့် ထိုင်းဟိုတယ်လုပ်ငန်းရှင်များအား ဂျပန်နိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုကြရန် DITP မှ တိုက်တွန်းထားကြောင့် DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ကပြောကြားပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားများလာရောက်လည်ပတ်နှုန်း လျင်မြန်စွာ မြင့်တက်ခဲ့ခြင်းကြောင့် ကျူရှူး (Kyushu) နှင့် အိုကီနာဝါ (Okinawa) မြို့ ကြီးများတွင် အထူးသဖြင့် တည်းခိုခန်းများမလုံလောက်သည့် အခြေအနေဖြစ်ပေါ်လျက်ရှိသည်ဟု ဟီရိုရှီးမား (Hiroshima) မြို့ အခြေစိုက် ထိုင်းကုန်သွယ်စီးပွားရုံးမှ အစီရင်ခံတင်ပြထားပါသည်။

Choklumlerd မှ "ကျူရှူး (Kyushu) ကျွန်းလယ်မှာတည်ရှိတဲ့ ဖူကူအိုကာ (Fukuoka) မြို့ ကြီးမှာ ဟိုတယ်ကြီးတွေ အတွက် မြေကွက်ကျယ်ကြီးတွေမရှိပါဘူး။ ဒါကြောင့် မြို့ ပြဟိုတယ် (city hotel) တွေ ဒါမှမဟုတ် ဟိုတယ်သေးလေးတွေကို ဆောက်မယ်ဆိုရင်ပိုမိုလွယ်ကူပါလိမ့်မယ်" ဟု boutique ဟိုတယ်များသည်လည်း စီးပွားရေးရင်းနှီးမြှပ်နှံမှုအတွက် အလားအလာရှိသည့် အခြားရွေးချယ်စရာ ဖြစ်သည်ဟုဖြည့်စွက်ပြောကြားပါသည်။

DITP ၏ အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်တွင် ကျူရှူး (Kyushu) နှင့် အိုကီနာဝါ (Okinawa) ကျွန်းများ သို့  ကမ္ဘာလှည့်ခရီးသည် လေးသန်းဝန်းကျင်လာရောက်လည်ပတ်ခဲ့ကြောင်းနှင့် ယခင်နှစ်ထက် ၇၃ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်းသိရှိရပါသည်။

 

368310