Issue 60

DITP သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မှ ၂၆ ရက်နေ့ ထိ ဘန်ကောက်မြို့ တော်၊ IMPACT Muang Thong Thani ရှိ Challenger ခန်းမ ၌ ပြုလုပ်ကျင်းပမည့် ၅၉ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ (BGJF59) တွင်ပါဝင်ပြသရန်အတွက် စိတ်ဝင်စားမှုရှိကြသည့် ကုမ္ပဏီ များအား ဆိုင်ခန်းများကြိုတင်မှာယူကြရန် ဖိတ်ခေါ်ထားပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ အောက်တိုဘာလ ၃၁ ရက်နေ့ တွင် "ပြပွဲကြီးက ထိပ်တန်း ကျောက်မျက်နဲ့ လက်ဝတ်ရတနာထုတ်လုပ်သူတွေဆီက အရည်အသွေးကောင်း မွန်တဲ့ ကျောက်ရိုင်း တွေကို ကမ္ဘာအရပ်ရပ် က၀ယ်ယူသူတွေအနေနဲ့  ၀ယ်ယူနိုင်မယ့် အခွင့်အလမ်းကောင်းဖြစ်သလို စီးပွားဖက် အသစ်တွေနဲ့ ပိုမိုကျယ်ပြန့် တဲ့ကွန်ယက်ကို တည်ထောင်နိုင်မယ့် အခွင့်အရေးကောင်းလည်းဖြစ်ပါတယ်" ဟု ပြောကြားပါသည်။

ယခင်ပြပွဲကြီးတွင် ဆိုင်ခန်းပေါင်း ၂,၁၀၀ ပါဝင် ပြသခဲ့သော်လည်း ယခုပြပွဲကြီးတွင် ဆိုင်ခန်းပေါင်း ၂,၅၀၀ ပါဝင် ပြသမည်ဟု ခန့် မှန်းထားသည်။ ၅၈ ကြိမ်မြောက် ဘန်ကောက်နှင့် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲကြီးတွင် ယူအက်စ်ဒေါ်လာ ၄၇၆ ဒသမ ၈၅ သန်း (ထိုင်းဘတ် ၁၆ ဒသမ ၆၉ ဘီလီယံ) ဖိုး ရောင်းချခဲ့ရ သည်။ လူကြိုက်များကြသည့် ပစ္စည်းများမှာ စိန်ထည်၊ ငွေထည်၊ ရွှေထည်၊ တန်ဖိုးကြီးကျောက်မျက်ထည်များ နှင့် တန်ဖိုးသင့်ကျောက်မျက်ထည်များ ဖြစ်ကြသည်။

၅၉ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲအကြောင်း ပိုမိုသိရှိလိုပါက www.bkkgems.com သို့ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ သို့ မဟုတ် အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it.. သို့  လည်းရေးသားမေးမြန်းနိုင်ပါသည်။

 

368745