TradeWinds

Issue 65

နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုကဏ္ဍ ဆိုင်ရာအကြောင်းအရာအားဆွေးနွေးရန် ပါကစ္စတန်နိုင်ငံ စီးပွားရေးဆိုင်ရာ အမြဲတမ်းအတွင်းဝန် H.E. Mohammad Younus Dagha သည် စီးပွားရေးဆိုင်ရာ အမြဲတမ်း အတွင်းဝန် Wiboonlasana Ruamraksa နှင့် ထိုင်းနိုင်ငံ၏ စီးပွားရေးဝန်ကြီးငှာနတွင် ဧပြီလ ၂၁ ရက်နေ့ က တွေ့ ဆုံဆွေးနွေးခဲ့ကြပါသည်။်

Ruamraksa မှ "ထိုင်းနိုင်ငံက ကုန်သွယ်ရေးကဏ္ဍမှာ ပို့ ကုန်၊ သွင်းကုန်ခွန် နဲ့ အခြားအခွန်အခတွေကို လျှော့ ချဖို့ အတွက်၊ ပါကစ္စတန်နိုင်ငံကနေ ကုန်ကြမ်းတွေကို ပိုပြီးတင်သွင်းနိုင်ဖို့ အတွက် ပါကစ္စတန်နိုင်ငံနဲ့  ကုန်သွယ်ရေးကင်းလွတ်ခွင့် (free trade agreement - FTA) အကြောင်းကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်" ဟု ပြောကြားပါသည်။

၂၀၁၆ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ၃၈ ဦးမြောက်အကြီးဆုံးသော ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းငါးနှစ်အတွင်း ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ပျမ်းမျှအားဖြင့် ယူအက်စ်ဒေါ်လာ ၁ ဒသမ ၀၄ ဘီလျံ ရှိခဲ့ပြီး နှစ်စဉ် တိုးတက်နှုန်း ၂ ဒသမ ၃၃ ရာခိုင်နှုန်း ရှိခဲ့ ပါသည်။

 

Issue 65

ဧပြီလ ၂၁ ရက်နေ့ က နှစ်နိုင်ငံမှပူးတွဲကျင်းပ ပြုလုပ်ခဲ့သည့် ကုန်သွယ်မှုနှင့်စီးပွားရေး ကော်ပိုရေးရှင်း ဆပ်-ကော်မတီ အစည်းအဝေးပွဲကြီးတွင် ထိုင်းနိုင်ငံနှင့် ရုရှားနိုင်ငံများမှ ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကို လျှော့ချသွားရန် သဘောတူညီခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး ယူအက်စ်ဒေါ်လာ ၁၀ ဘီလျံ ဖြင့် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှု ငါးဆတိုးမြင့် လိုသောရည်ရွယ်ချက်ဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အတားအဆီးများကိုလျှော့ချရန်

အစည်းအဝေးကြီးမှ သဘောတူခဲ့ကြောင်း စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ ပြောကြားပါသည်။

နှစ်နိုင်ငံလုံးမှလည်း ထိုင်းနိုင်ငံနှင့် ရုရှား၊ ကာဇက်စတန်၊ ဘီလာရပ်စ်၊ အာမေးနီးယား နှင့် ကာဂျစ်စတန် နိုင်ငံ များပါဝင်သည့် ယူရေးရှား စီးပွားရေး ယူနီယံ (Eurasian Economic Union) အကြား ကုန်သွယ်ရေး ကင်းလွတ်ခွင့် သဘောတူညီမှု (free trade agreement - FTA) နှင့်ဆိုင်သည့် ဖြစ်နိုင်ချေများကို ဆန်းစစ် လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။

 

Issue 65

တရုတ်လူမျိုးများသည် အရည်အသွေးမြင့်မားသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစား အသောက်နှင့် အဖျော်ယမကာများအတွက် ဈေးပိုပေးရရန်ဝန်မလေးကြကြောင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဖွံ့ ဖြိုးတိုးတက်ရေး ငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ဧပြီလ ၁၇ ရက်နေ့ ကပြော ကြားပါသည်။

တရုတ် လူမျိုးများသည် ကျန်းမာရေးအပေါ်ပိုမိုအလေးထားလာကြသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစား အသောက်နှင့် သဘာဝထုတ်ကုန်များမှထုတ်လုပ်သော အစားအသောက်များ၏ ၀ယ်လိုအားမြင့်မား လာ သည်ဟု ချန်ဒူး (Chengdu) ရှိ ထိုင်းကုန်သွယ်ရေးစင်တာ (Thai Trade Center) ၏ အချက်အလက်များအရ သိရှိရပါသည်။ ၂၀၁၅ ခုနှစ်တွင်၊ ၀ယ်လိုအားအမြင့်မားဆုံး ဖျော်ရည်များမှာ အုန်းရည် (၃၀ ရာခိုင်နှုန်း)၊ ပဲနို့ (၆ ရာခိုင်နှုန်း) နှင့် အောလ်မန် (almond) နို့ (၄ ရာခိုင်နှုန်း) တို့ ဖြစ်ခဲ့သည်။

ညွှန်ချုပ် Choklumlerd မှ "တရုတ်ဈေးကွက်အတွက် အလားအလာကောင်းမွန်နေတဲ့ ထိုင်းစားသောက်ကုန်နဲ့  အဖျော်ပမကာတွေကတော့ လတ်လတ်ဆတ်ဆတ် သစ်သီးတွေ၊ အုန်းရည် နဲ့  သရက်သီးဖျော်ရည်လို သစ်သီး တွေကနေထုတ်တဲ့ ဖျော်ရည်တွေ ပါဝင်ပါတယ်" ဟုပြောကြားပါသည်။

Issue 65

စီးပွားရေးဝန်ကြီးငှာနမှ ထိုင်းလုပ်ငန်းရှင်များအား အာဆီယံဒေသကြီးတွင်းရှိ အလားအလာအကောင်းမွန်ဆုံး ဈေးကွက်များတွင်တစ်ခုအပါအ၀င်ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသို့ ကုန်စည်များပိုမိုတင်ပို့ ရောင်းချကြရန် အတွက် တိုက်တွန်းပါကြောင်း စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ ဧပြီလ ၂၁ ရက်နေ့ ကပြောကြားပါ သည်။

ဝန်ကြီး Tantraporn မှ "အင်ဒိုနီးရှားလူမျိုး ၁၀ သန်းကနေ သန်း ၂၀ လောက်၊ ဒါမှမဟုတ် လူဦးရေးစုစုပေါင်းရဲ့  ၁၀ ရာခိုင်နှုန်းလောက်က ၀ယ်လိုအားအရမ်းကောင်းကြပြီး အရည်အသွေးကောင်းမွန်တဲ့ပစ္စည်းတွေကို လိုအပ် နေကြတယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဂျကာတာ (Jakarta)၊ မေဒန် (Medan)၊ စူရာဘာယာ (Surabaya) နဲ့ မာ့ကစာ (Makassar) တို့ လို ဆိပ်ကမ်းတွေရှိပြီး နိုင်ငံရဲ့ အခြားအရပ်ဒေသတွေကို ကုန်ပစ္စည်း တွေဖြန့် ဖြူးရောင်းချမယ့် ဖြန့် ဖြူးရေးဗဟိုစင်တာတွေအဖြစ်အသုံးပြုနိုင်တဲ့ အဓိကမြို့ ကြီးလေးမြို့ ကို ဦးတည် သင့်တယ်" ဟုပြောကြားပါသည်။

၂၀၁၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုးမှာ ယူအက်စ်ဒေါ်လာ ၁၄ ဒသမ ၄၅ ဘီလျံ ရှိခဲ့ပါသည်။

 

Issue 65

ရုတ်ချည်းအောင်မြင်မှုများရရှိလာသည့် ချီလီနိုင်ငံ၏ အစားအသောက်ထရပ်ကား (food truck) စီးပွားရေး လုပ်ငန်းသည် ထိုင်းလုပ်ငန်းရှင်များအတွက် မော်တော်ကားနှင့် မော်တော်ကားဆက်စပ်ပစ္စည်းများကို တောင်အမေရိကနိုင်ငံများသို့ တင်ပို့ နိုင်မည့်အခွင့်အရေးကောင်းကိုဖန်တီးပေးနေသည်ဟု ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေး ငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ မတ်လ ၃၀ ရက်နေ့ ကပြောကြားပါသည်။

စန်ဒီယေဂိုမြို့ တွင်အခြေစိုက်ထားသည့် ထိုင်းကုန်သွယ်ရေးစင်တာ (Thai Trade Centre) ၏ပြောကြားချက် အရ ချီလီနိုင်ငံတွင် အစားအသောက်ထရပ်ကားစီးပွားရေးလုပ်ငန်းဆောင်ရွက်သူများ အရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် ဦးရေ ၈၀၀ ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁,၂၀၀ သို့ တိုးတက်လာခဲ့ပါသည်။

စီးပွားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Chulalak Khemthong မှ "လက်ရှိအခြေအနေက ချီလီနိုင်ငံရဲ့ မိုင်း လုပ်ငန်းမှာ သုံးနေတဲ့ ပစ်ကပ် ထရပ်ကားတွေနဲ့ ထရပ်ကားကြီးတွေကို ထိုင်းနိုင်ငံကအများဆုံးတင်သွင်းနေတာ ဖြစ်ပါတယ်။ အစားအသောက်ထရပ်ကားလုပ်ငန်းရဲ့ ရုတ်ချည်းအောင်မြင်လာမှုကြောင့် ဒီစီးပွားရေးလုပ်ငန်း နယ်ပယ်အတွက် ပြုပြင်မွမ်းမံပြီးသုံးနိုင်တဲ့ ဗန်ကား၊ သုံးဘီးမော်တော်ဆိုင်ကယ် နဲ့ ထရပ်ကားတွေရဲ့  ၀ယ်လို အားမြင့်လာတယ်။ ဒါက ထိုင်းလုပ်ငန်းရှင်တွေအတွက် သူတို့ ရဲ့ ဈေးကွက်ကိုချဲ့ ထွင်နိုင်မယ့်၊ ချီလီနိုင်ငံကို မော်တော်ကားနဲ့ ဆိုင်တဲ့ ပစ္စည်းတွေကိုတင်ပို့ ရောင်းချနိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်သလို၊ ထိုင်း စားသောက်ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့ ကလည်း ဒီမှာ သူတို့ ရဲ့ လုပ်ငန်းသစ်တွေကိုဖွင့်လှစ်နိုင်မယ့် အခွင့်

အရေးကောင်းကြီးတစ်ရပ်ပဲဖြစ်ပါတယ်" ဟုပြောကြားပါသည်။

 

Issue 65

ဧပြီလ ၁၉ ရက်နေ့ တွင်ပြုလုပ်ကျင်းပခဲ့သော ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေး ငှာန (DITP) နှင့် ထိုင်း လိုက်ဖ်စတိုင် ထုတ်ကုန် ဖယ်ဒရေးရှင်း နှင့် ဒီဇိုင်းနှင့် ဝတ္ထုပစ္စည်းများ အသင်း (Thai Lifestyle Products Federation and the Design and Objects Association) တို့ မှပူးပေါင်းပြုလုပ်သည့် Bangkok International Gift and Houseware Fair (BIG + BIH April 2017) ပြပွဲကြီး၏ ဖွင့်ပွဲအခမ်းအနား ကြီးတွင် စီးပွားရေးဝန်ကြီးငှာန ဒုတိယ၀န်ကြီး Winichai Chaemchaeng မှ သဘာပတိအဖြစ် တက်ရောက် ချီးမြှင့်ပေးခဲ့ပါသည်။

ဘန်င (Bangna) BITEC ၌ ဧပြီလ ၁၉ ရက်နေ့ မှ ၂၃ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့သည့် အဆိုပါပြပွဲကြီးတွင်

ထိုင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်းများမှ ကမ္ဘာအရပ်ရပ်ရှိ ၀ယ်ယူသူများအတွက်၎င်းတို့ ထုတ်လုပ်ထားသည့် ပစ္စည်းများကို ဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ဖြင့် ခင်းကျင်းပြသခဲ့ပါသည်။ ပြပွဲကြီးသို့ ဧည့်ပရိသတ် ၄၅,၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ပြီး၊ ပစ္စည်းများကိုရောင်းချခြင်းမှ ယူအက်စ်ဒေါ်လာ ၂၂ မီလီယံ ခန့် (ထိုင်းဘတ် ၈၀၀ မီလီယံ) ရရှိခဲ့ပါသည်။

 

368018