Issue 65

ဧပြီလ ၁၉ ရက်နေ့ တွင်ပြုလုပ်ကျင်းပခဲ့သော ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေး ငှာန (DITP) နှင့် ထိုင်း လိုက်ဖ်စတိုင် ထုတ်ကုန် ဖယ်ဒရေးရှင်း နှင့် ဒီဇိုင်းနှင့် ဝတ္ထုပစ္စည်းများ အသင်း (Thai Lifestyle Products Federation and the Design and Objects Association) တို့ မှပူးပေါင်းပြုလုပ်သည့် Bangkok International Gift and Houseware Fair (BIG + BIH April 2017) ပြပွဲကြီး၏ ဖွင့်ပွဲအခမ်းအနား ကြီးတွင် စီးပွားရေးဝန်ကြီးငှာန ဒုတိယ၀န်ကြီး Winichai Chaemchaeng မှ သဘာပတိအဖြစ် တက်ရောက် ချီးမြှင့်ပေးခဲ့ပါသည်။

ဘန်င (Bangna) BITEC ၌ ဧပြီလ ၁၉ ရက်နေ့ မှ ၂၃ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့သည့် အဆိုပါပြပွဲကြီးတွင်

ထိုင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်းများမှ ကမ္ဘာအရပ်ရပ်ရှိ ၀ယ်ယူသူများအတွက်၎င်းတို့ ထုတ်လုပ်ထားသည့် ပစ္စည်းများကို ဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ဖြင့် ခင်းကျင်းပြသခဲ့ပါသည်။ ပြပွဲကြီးသို့ ဧည့်ပရိသတ် ၄၅,၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ပြီး၊ ပစ္စည်းများကိုရောင်းချခြင်းမှ ယူအက်စ်ဒေါ်လာ ၂၂ မီလီယံ ခန့် (ထိုင်းဘတ် ၈၀၀ မီလီယံ) ရရှိခဲ့ပါသည်။

 

367956