Issue 65

တရုတ်လူမျိုးများသည် အရည်အသွေးမြင့်မားသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစား အသောက်နှင့် အဖျော်ယမကာများအတွက် ဈေးပိုပေးရရန်ဝန်မလေးကြကြောင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဖွံ့ ဖြိုးတိုးတက်ရေး ငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ဧပြီလ ၁၇ ရက်နေ့ ကပြော ကြားပါသည်။

တရုတ် လူမျိုးများသည် ကျန်းမာရေးအပေါ်ပိုမိုအလေးထားလာကြသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစား အသောက်နှင့် သဘာဝထုတ်ကုန်များမှထုတ်လုပ်သော အစားအသောက်များ၏ ၀ယ်လိုအားမြင့်မား လာ သည်ဟု ချန်ဒူး (Chengdu) ရှိ ထိုင်းကုန်သွယ်ရေးစင်တာ (Thai Trade Center) ၏ အချက်အလက်များအရ သိရှိရပါသည်။ ၂၀၁၅ ခုနှစ်တွင်၊ ၀ယ်လိုအားအမြင့်မားဆုံး ဖျော်ရည်များမှာ အုန်းရည် (၃၀ ရာခိုင်နှုန်း)၊ ပဲနို့ (၆ ရာခိုင်နှုန်း) နှင့် အောလ်မန် (almond) နို့ (၄ ရာခိုင်နှုန်း) တို့ ဖြစ်ခဲ့သည်။

ညွှန်ချုပ် Choklumlerd မှ "တရုတ်ဈေးကွက်အတွက် အလားအလာကောင်းမွန်နေတဲ့ ထိုင်းစားသောက်ကုန်နဲ့  အဖျော်ပမကာတွေကတော့ လတ်လတ်ဆတ်ဆတ် သစ်သီးတွေ၊ အုန်းရည် နဲ့  သရက်သီးဖျော်ရည်လို သစ်သီး တွေကနေထုတ်တဲ့ ဖျော်ရည်တွေ ပါဝင်ပါတယ်" ဟုပြောကြားပါသည်။

366443