Issue 64

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) သည် မတ်လ ၂၀ ရက်နေ့  က ဘန်ကောက်ရှိ Chada ဟိုတယ်တွင် Cambodia Connect: A New Business Opportunity 4.0 ဆိုသည့် နှီးနှောဖလှယ်ပွဲအားကျင်းပခဲ့ပါသည်။

နှီးနှောဖလှယ်ပွဲအားပြုလုပ်ကျင်းပရသည့် ရည်ရွယ်ချက်မှာ ထိုင်းလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်မှု အားတိုးမြင့်နိုင်ရန် နှင့် ၄င်းတို့ ၏လုပ်ငန်းများအား အကျိုးအမြတ်အတွက် အလားအလာကောင်း များရှိနေသည့် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်) လေးနိုင်ငံ၏ ဈေးကွက်များသို့ ချဲ့  ထွင်ရန်အတွက် တိုက်တွန်းအားပေးရန်ဖြစ်သည်။

DITP ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Matyawongse Amatyakul မှ "ကမ္ဘောဒီးယားနိုင်ငံမှာ က လူသုံးကုန် ပစ္စည်းအားလုံး ကိုလိုအပ်နေတယ်။ နောက် သူ့ ရဲ့ အခြေခံအဆောက်အအုံတွေကလည်း တိုးတက်လာနေပြီဖြစ်လို့  ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ ရဲ့ စီးပွားလုပ်ငန်းတွေကို ချဲ့ ထွင် ပြီး ဖနွမ်းပင် (Phanom Penh)၊ စိုင်ယမ်ရိ (Siem Reap) နဲ့ စီဟန်နုပ်ဗီးလ် (Sihanoukville) တို့ လိုမြို့ ကြီးတွေမှာ ရင်းနှီး မြှပ်နှံဖို့ အတွက် အချိန်အခါကောင်း ပဲဖြစ်ပါ တယ်" ဟုပြောဆိုပါသည်။

 

368734