TradeWinds

Issue 62

ဇန်န၀ါရီလ ၁၇ ရက်မှ ၂၀ ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ Davos မြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ စီးပွားရေးဖိုရမ် ၂၀၁၇ ခုနှစ် (World Economic Forum 2017) အစည်းအဝေးသို့  စီးပွားရေးဝန်ကြီး Apiradi Tantraporn မှတက်ရောက်ခဲ့ပါသည်။

ထိုအစည်းအဝေးဖိုရမ်နှင့် ပတ်သက်၍ ၀န်ကြီး Tantraporn မှ "ကျွန်မ နိုင်ငံတကာက ရုပ်ရှင် လုပ်ငန်း အမှုဆောင်တွေနဲ့ လည်းတွေ့ ဆုံပြီး ကျွန်မတို့ ရဲ့ နိုင်ငံက လုပ်ငန်းနယ်ပယ်သစ်တွေကိုလည်း ကြိုးစား ပြီးမြေတောင်မြှောက်ပေးနေတဲ့အတွက် ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှပ်နှံကြဖို့ အတွက် ဖိတ်ခေါ်ခဲ့ ပါတယ်" ဟုဆိုပါသည်။

ဝန်ကြီး Tantraporn သည် Grow Asia ၏ အမှုဆောင်ဒါရိုက်တာ Grahame Dixie နှင့်တွေ့ ဆုံ ၍ ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး နှင့် ဆန်းသစ်ပြောင်းလဲသည့်လယ်ယာ ထွက်ကုန်များ ဖန်တီးဖော်ဆောင်ရေးအတွက် ဖြစ်နိုင်ချေရှိသည့် ပူးပေါင်းဆောင်ရွက်မှုများအကြောင်း ကိုဆွေးနွေးခဲ့ကြပါသည်။

 

Issue 62

ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင် ဘန်ကောက်၊ လာ့တ်ဖရောင်ရှိ စင်ထရယ်ပလာဇာ၊ စန်ထာရာ ဂရန်း (Centara Grand, Central Plaza, Ladprao, Bangkok) ၌ DITP မှကြီးမှူးကျင်းပသော စီးပွားရေး တွဲဖက်ပေးသည့် အစီအစဉ်တွင် အီရန်နိုင်ငံရှိ ကစ်ရှ်ကင်းလွတ်ခွင့်ဇုံ (Kish Free Zone) မှ buyer တစ်ဆယ့်သုံးဦးသည် ထိုင်းထုတ်လုပ်သူ ၆၀ ကျော်နှင့်တွေ့ ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "မတ်လကုန်ပိုင်းလောက်မှာကျင်းပကြမယ့် အီရန်နိုင်ငံသား တွေရဲ့ နှစ်သစ်ကူးပွဲကြီးဖြစ်တဲ့ Nowruz မှရောင်းချဖို့ အတွက် အီရန်နိုင်ငံက buyer (၀ယ်ယူသူ) တွေ က ထိုင်းကုန်စည်တွေကိုဝယ်ယူခဲ့ကြပါတယ်" ဟုပြောကြားပါသည်။ ထို့ အပြင်၊ ၄င်းမှ အစည်းအဝေး ပွဲကြီးတွင် စုစုပေါင်းတန်ဖိုး ယူအက်စ်ဒေါ်လာ ၁၃ သန်း ၀ယ်ယူရန်အတွက်သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်းဖြည့်စွက်ပြောကြားပါသည်။

ကျောက်မျက်နှင့်လက်ဝတ်ရတနာ၊ ကလေးအ၀တ်အထည်၊ လက်မှုအနုပညာပစ္စည်းများ၊ အိမ်အလှဆင် ပစ္စည်းများ၊ သစ်သားဖြင့်ပြုလုပ်ထားသော ပရိဘောဂ ပစ္စည်းများ၊ ပလတ်စတစ် မီးဖိုချောင်သုံး ပစ္စည်းများ နှင့် စည်သွတ်သစ်သီးဗူးများသည် အများ၏စိတ်ဝင်စားမှုအခံရဆုံး ထိုင်း ကုန်စည်များဖြစ်ကြပါသည်။

 

Issue 62

စီးပွားရေးဝန်ကြီးငှာနသည် နှစ်နိုင်ငံနိုင်ကြား ပို့ ကုန်နှင့် ရင်းနှီးမြှပ်နှံမှုတိုးပွားလာစေရန် ရည်ရွယ်၍ ရုရှား နှင့် ကာဇက်စတန်နိုင်ငံများအတွက် ကုန်သွယ်ရေးကိုယ်စားလှယ်များခန့် အပ်လိုက်ကြောင်း DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် က ပြော ကြားပါသည်။

ရုရှားနိုင်ငံ၏ ဗလာဒီဗိုစတော့ခ် (Vladivostok) မြို့ အတွက် ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ်ခန့်  အပ်လိုက်သည့် Ivan Nadein သည် ထောက်ပံ့ပို့ ဆောင်ရေး (logistics) လုပ်ငန်းအား ကျွမ်းကျင် သည့် အတွေ့ အကြုံရှိ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး၊ ကာဇက်စတန်ဈေးကွက်အတွက် ခန့် အပ် လိုက်သည့် Aigul Sultanova သည် စီးပွားရေးလုပ်ငန်းများတွဲဖက်ခြင်းနှင့် အခမ်းအနားပြပွဲများ စီစဉ် ကျင်းပခြင်းများအတွက် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။

ဗလာဒီဗိုစတော့ခ် (Vladivostok) နှင့် ကာဇက်စတန် နိုင်ငံရှိ စီးပွားရေးအခွင့်အလမ်းများဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ မော်စကိုရှိ DITP ရုံးသို့ အီးမေးလ် လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. ဖြင့်ရေးသားမေးမြန်းနိုင်ပါသည်။ သို့ မဟုတ်၊ Ivan အား This email address is being protected from spambots. You need JavaScript enabled to view it. နှင့် Sultanova အား This email address is being protected from spambots. You need JavaScript enabled to view it. တို့ ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါ သည်။

 

Issue 62

ဟောင်ကောင်နိုင်ငံတွင် ဆိုင်ခွဲများစွာဖွင့်လှစ်ထားသည့် 759 Store လုပ်ငန်းကြီးသည် Siam Diamond Export Thailand ထံမှ တန်ချိန် ၁၃၆ တန်ရှိ Thai Hom Mali ဆန်နှင့် အခြားထိုင်းဆန်များ ကို ကနဦးအနေဖြင့် ၀ယ်ယူတင်သွင်းခဲ့သည်ဟု ဟောင်ကောင်နိုင်ငံရှိ DITP ရုံး၏ အမှုဆောင် ဒါရိုက်တာ Wittayakorn Maneenetr မှ ဇန်န၀ါရီလ ၁၂ ရက်နေ့ တွင် အတည်ပြုပြောကြားပါသည်။

Maneenetr မှ "ဒီဟာက ဟောင်ကောင်စူပါစတိုး (Hong Kong Superstore) နဲ့ စိုင်ယမ်ဒိုင်းမွန်း (Siam Diamond) တို့ အကြားရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ နားလည်မှုစာချွန်လွှာအရ 759 Store လုပ်ငန်းကြီးက့ စိုင်ယမ်ဒိုင်းမွန်း (Siam Diamond) ကနေ ဆန်တန်ချိန် ၁၀,၀၀၀ ကိုဝယ်ယူမျာဖြစ်ပါတယ်" ဟုပြောကြားပါသည်။

 

Issue 62

သြစတြေးလျနိုင်ငံမှ မချက်ပြုတ်ရသေးသည့် ပုစွန်စိမ်းတင်ပို့ ရောင်းချခြင်း တားမြစ်ပိတ်ပင်ထား သော်လည်း ထိုင်းပို့ ကုန်လုပ်ငန်းရှင်များကိုထိခိုက်နိုင်ခြင်းမရှိဟု သိရှိရပါသည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာ့အခြားအရပ်ဒေသများ (သြစတြေးလျနှင့်နယူးဇီလန်နိုင်ငံများအပါအ၀င်) သို့ ချက်ပြုတ် ထားသည့် သို့ မဟုတ် ပြုပြင်ထုတ်လုပ်ထားသည့် ပုစွန်များကိုသာ တင်ပို့ ရောင်းချနေသောကြောင့် ဖြစ်သည်ဟု စီးပွားရေးဝန်ကြီး Apiradi Tantraporn မှဇန်န၀ါရီလ ၁၃ ရက်နေ့ ကပြောကြားပါသည်။

ဆစ်ဒနီမြို့ ရှိ DITP ရုံး၏အစီရင်ခံစာအရ သြစတြေးလျနိုင်ငံမှ ပုစွန်စိမ်း၊ မချက်ပြုတ်ရသေးသည့် ပုစွန် အသားစိမ်း နှင့် အချိန် ၆ လကြာမြင့်ပြီဖြစ်သော အရသာထည့်သွင်းထားသည့် ပုစွန်အသားများ တင်သွင်းခွင့်အား တားမြစ်ပိတ်ပင်သည့်ကြေငြာချက်ကို ဇန်န၀ါရီလ ၉ ရက်နေ့ ကထုတ်ပြန်ကြေငြာ လိုက်ကြောင်းသိရှိရပါသည်။

စီးပွားရေးဝန်ကြီး Tantraporn မှ "၀န်ကြီးငှာနအနေနဲ့ ဒီအကြောင်းအရာကို အနီးကပ်စောင့်ကြည့် လေ့လာသွားမှာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံက ထိုင်းပုစွန် ပို့ ကုန်လုပ်ငန်းရှင်တွေအတွက် အကြီးမားဆုံးဈေးကွက်မဟုတ်ပေမယ့်၊ တင်းကြပ်တဲ့အရည်အသွေးစံချိန်စံညွှန်းတွေနဲ့  တန်ဖိုးမြင့်မား တဲ့ဈေးကွက်တစ်ခုဖြစ်ပါတယ်။ ဒီဈေးကွက်ထဲကို တင်ပို့ ရောင်းချနိုင်တာနဲ့ အမျှ ထိုင်းပုစွန်တွေကို ကမ္ဘာ့ဈေးကွက်ထဲကိုတင်ပို့ ရောင်းချနိုင်ဖို့ အတွက် ယုံကြည်မှုတွေဖြစ်ပေါ်လာစေပါတယ်" ဟု ပြော ကြားပါသည်။

၂၀၁၆ ခုနှစ် ပထမ ၁၁ လတာကာလအတွင်း သြစတြေးလျနိုင်ငံသို့ ထိုင်းမှပုစွန်တင်ပို့ ရောင်းချသည့် တန်ဖိုးမှာ ယူအက်စ်ဒေါ်လာ ၃၁ သန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း ပိုလာခဲ့သည်။ ယူအက်စ်၊ ဂျပန်၊ ဗီယက်နမ် နှင့် ကန်နဒါနိုင်ငံများပြီးလျှင် သြစတြေးလျသည် ထိုင်းပုစွန်အတွက် ပဉ္စမမြောက် အကြီးမားဆုံးဈေးကွက်ဖြစ်ပါသည်။

 

Issue 62

ကော့စ်ကို- မက္ကဆီကို (Costco-Mexico) သည် ၄င်းတို့ ၏ပြည်နယ် ၁၈ ခုတွင်ရှိသော ဆိုင်ခွဲပေါင်း ၃၂ ဆိုင် မှတဆင့်ဖြန့် ဖြူးရောင်းချရန်အတွက် ဇန်န၀ါရီလ လလယ်ကတည်းကစတင်၍ ထိုင်းဆန်တန်ချိန် ၁၁၂ တန်အားဝယ်ယူတင်သွင်းခဲ့ပြီးဖြစ်ပါသည်။

DITP ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "အလယ်ပိုင်းအမေရိကမှာ ရှိတဲ့ နိုင်ငံတွေကို ထိုင်းဆန်တွေဖြန့် ဖြူးရောင်းချဖို့ အတွက် မက္ကဆီကိုနိုင်ငံက ဘေ့စ် ဖြစ်လာလိမ့်မယ်။ အထူးသဖြင့် ပနားမားနဲ့ ကျူးဘားနိုင်ငံတွေက ဈေးကွက်အလားအလာကောင်းမွန်တဲ့နိုင်ငံတွေဖြစ်နေပါတယ်" ဟု ဇန်န၀ါရီလ ၁၂ ရက်ကပြောကြားခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ယူအက်စ်ဒေါ်လာ ၆.၆ သန်း တန်ဖိုးရှိသည့် ဆန်တန်ချိန်ပေါင်း ၁၆,၁၆၇ တန်အားတင်ပို့ ရောင်းချ နိုင်ခဲ့ပါသည်။ မက္ကဆီကိုနိုင်ငံရှိ ထိုင်းကုန်သွယ်ရေးဗဟိုရုံး (Thai Trade Centre) သည် မက္ကဆီကို၊ ပနားမား နှင့် ကျူးဘားနိုင်ငံများရှိ ဆန်သွင်းကုန်လုပ်ငန်းရှင်များ အား ဘန်ကောက်၊ မွမ်ထုံထနီ IMPACT ၌ မေလ ၃၁ ရက်မှ ဇွန်လ ၄ ရက်နေ့ ထိပြုလုပ်ကျင်းပမည့် THAIFEX – World of Food Asia in Thailand ဆိုသည့် ပြပွဲကြီးသို့ တက်ရောက်လေ့လာကြည့်ရှု ကြရန်အတွက်ဖိတ်ခေါ်ထားပါသည်။

 

367918