Issue 62

ကော့စ်ကို- မက္ကဆီကို (Costco-Mexico) သည် ၄င်းတို့ ၏ပြည်နယ် ၁၈ ခုတွင်ရှိသော ဆိုင်ခွဲပေါင်း ၃၂ ဆိုင် မှတဆင့်ဖြန့် ဖြူးရောင်းချရန်အတွက် ဇန်န၀ါရီလ လလယ်ကတည်းကစတင်၍ ထိုင်းဆန်တန်ချိန် ၁၁၂ တန်အားဝယ်ယူတင်သွင်းခဲ့ပြီးဖြစ်ပါသည်။

DITP ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "အလယ်ပိုင်းအမေရိကမှာ ရှိတဲ့ နိုင်ငံတွေကို ထိုင်းဆန်တွေဖြန့် ဖြူးရောင်းချဖို့ အတွက် မက္ကဆီကိုနိုင်ငံက ဘေ့စ် ဖြစ်လာလိမ့်မယ်။ အထူးသဖြင့် ပနားမားနဲ့ ကျူးဘားနိုင်ငံတွေက ဈေးကွက်အလားအလာကောင်းမွန်တဲ့နိုင်ငံတွေဖြစ်နေပါတယ်" ဟု ဇန်န၀ါရီလ ၁၂ ရက်ကပြောကြားခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ယူအက်စ်ဒေါ်လာ ၆.၆ သန်း တန်ဖိုးရှိသည့် ဆန်တန်ချိန်ပေါင်း ၁၆,၁၆၇ တန်အားတင်ပို့ ရောင်းချ နိုင်ခဲ့ပါသည်။ မက္ကဆီကိုနိုင်ငံရှိ ထိုင်းကုန်သွယ်ရေးဗဟိုရုံး (Thai Trade Centre) သည် မက္ကဆီကို၊ ပနားမား နှင့် ကျူးဘားနိုင်ငံများရှိ ဆန်သွင်းကုန်လုပ်ငန်းရှင်များ အား ဘန်ကောက်၊ မွမ်ထုံထနီ IMPACT ၌ မေလ ၃၁ ရက်မှ ဇွန်လ ၄ ရက်နေ့ ထိပြုလုပ်ကျင်းပမည့် THAIFEX – World of Food Asia in Thailand ဆိုသည့် ပြပွဲကြီးသို့ တက်ရောက်လေ့လာကြည့်ရှု ကြရန်အတွက်ဖိတ်ခေါ်ထားပါသည်။

 

367697