Issue 61

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံးဆန် ဆုအားဆွတ်ခူးခဲ့သည့် ထိုင်းနိုင်ငံ၏ Hom Mali ဆန် သို့ မဟုတ် ထိုင်းဂျက်စမင် ဆန် အတွက်ချီးကျူးဂုဏ်ပြုပွဲအား စီးပွားရေးဝန်ကြီးငှာနနှင့် ထိုင်းဆန် ပို့  ကုန်လုပ်ငန်းရှင် အသင်းကြီး (Thai Rice Exporters Association) တို့ မှကြီးမှူး၍ ဘန်ကောက်ရှိ Sukhothai Hotel ၌ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ပြုလုပ်ကျင်းပခဲ့ကြပါသည်။

ဆန်ကုန်သည်အသင်းကြီး (Rice Trader Organisation) မှ ကြီးမှူး၍ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့ အထိ ချင်းမိုင်မြို့ တွင်ကျင်းပခဲ့သော ရှစ်ကြိမ်မြောက် ကမ္ဘာ့ဆန်ညီလာခံ (World Rice Conference) တွင် Hom Mali ဆန်အားရွေးချယ်၍ ပထမဆုအားပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါ သည်။ ယူအက်စ်နိုင်ငံမှ Calrose ဆန်သည် ဒုတိယဆု၊ ကမ္ဘောဒီးယားနိုင်ငံမှ ဂျက်စမင်ဆန်သည် တတိယဆု စသည်ဖြင့်ဆုများလည်းအသီးသီးရရှိခဲ့ပါသည်။ ပုံပန်းသွင်ပြင်၊ အရသာ၊ ရနံ့ နှင့် ဆန်လုံး အလျား များပေါ်မူတည်သော အကဲဖြတ်သည့် ပြိုင်ပွဲအစီအစဉ်မတိုင်မီ နိုင်ငံအတော်များများမှ ပေးပို့  သောရနံ့ မွှေးသည့်ဆန်နမူနာပေါင်း ၅၀ ကျော်အားလက်ခံရရှိခဲ့ပါသည်။ Hom Mali ဆန်သည် ပထမဆုအား၂၀၀၉ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၀ ခုနှစ်တွင်တစ်ကြိမ် နှင့် ၂၀၁၄ ခုနှစ်တစ်ကြိမ် စသည် ဖြင့် ရရှိခဲ့ဖူးပြီးဖြစ်ပါသည်။

 

367204