TradeWinds

Issue 67

ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) နှင့် တိုကျိုရှိ ထိုင်း ကုန်သွယ်ရေးရုံးတို့ မှ pop-up စတိုး စီမံကိန်း Thai Sense.jp အမည်ရသည့် ရွေးချယ်ထားသော ဆိုင်ငါးဆိုင်တွင် ထိုင်းဖက်ရှင် အမှတ် တံဆိပ်များကို ဇွန်လ ၁၆ ရက်နေ့ မှ ဇူလိုင်လ ၉ ရက်နေ့  အထိ ကြော်ငြာရောင်းချသွားနိုင်ရန်အတွက် စီစဉ်ပေးခဲ့ပါသည်။

ရွေးချယ်ထားသည့်ဆိုင်ကြီးသည် အမှတ်တံဆိပ်အမျိုးမျိုးနှင့် ဖက်ရှင်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး ကိုရောင်းချနေသော အ၀တ်အထည်နှင့်လက်ဝတ်ရတနာပစ္စည်းများရောင်းချသည့် (boutique) ဆိုင် ကြီးဖြစ်ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ "ဒီအစီအစဉ်က ဂျပန်လူမျိုးတွေ ထိုင်း ဖက်ရှင်တံဆိပ်တွေကိုသိလာဖို့ ရည်ရွယ်ပါတယ်။ ကျွန်မတို့ တွေက ထိုင်းအမှတ်တံဆိပ်တွေကို သူတို့  တွေရဲ့  အရည်အသွေးနဲ့ ဒီဇိုင်းကောင်းမွန်တဲ့ နိုင်ငံတကာစံချိန်စံညွှန်းမီ တံဆိပ်တွေအဖြစ် အသိအမှတ် ပြု လက်ခံလာစေချင်ပါတယ်။ ဒီအစီအစဉ်ကနေ ရောင်းချရတဲ့ တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ ၄၀,၀၀၀ (ဂျပန်ယန်း ၄ ဒသမ ၅ သန်း) ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်" ဟုပြောပြပါသည်။

ဤအစီအစဉ်အရ၊ ရွေးချယ်ထားသော ဆိုင်ကြီးငါးဆိုင်ဖြစ်ကြသည့် ရှီဘူယာရှိ Rose Bud Salon ဆိုင်၊ Lumine-Est Department Store ရှိ Cleopatra fig ဆိုင်၊ ဟာရာဂျူကူရှိ Apt.335 NY ဆိုင်၊ အိုဆာကာ၏ တန်နိုဂျီ ရှိ Rose Bud Salon ဆိုင် နှင့် အိုဆာကာရှိ Cleopatra fig ဆိုင်များရှိ pop-up stores ဆိုင်များတွင် asv၊ Curated၊ iCONic၊ ISSUE၊ Lalalove၊ Leisure Projects၊ Milin၊ Mirror Mirror Brand၊ Shaka၊ TandT၊ TuTTi နှင့် VICK'S စသည့် ထိုင်းဖက်ရှင် အမှတ်တံဆိပ် ၁၂ မျိုးအား ၀ယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

 

Issue 67

ဇွန်လ ၇ ရက်နေ့ က စတင်ခဲ့သည့် Tai Le Gou လုပ်ငန်းစီမံကိန်းဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ Winichai Chaemchaeng မှ ထိုင်းနိုင်ငံ၏ အသေးစား နှင့် အလတ်စား လုပ်ငန်းများ (SMEs) တရုတ်နိုင်ငံ၏ မြို့ ကြီးခြောက်မြို့ တွင် ၄င်းတို့ ၏ ထုတ်ကုန်များကို ဖြန့် ဖြူး ရောင်းချနိုင်မည့်နည်းလမ်းများ တိုးချဲ့ သွားနိုင်ရန်အတွက် ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ် မှု လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP)၊ Charoen Pokphand Group နှင့် Loxley တို့ သည် ၄င်း တို့ ၏အင်အားများကိုပေါင်းစည်း၍ ဒေသ ဆိုင်ရာအကြံပေးများအဖြစ်ပံ့ပိုးကူညီသွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

ဤလုပ်ငန်းစီမံကိန်းအရ၊ လယ်ယာစိုက်ပျိုးရေး၊ ပြုပြင်ထားသည့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ၊ ကျန်းမာရေးနှင့် အလှအပရေးရာ၊ စားသောက်ကုန် အစရှိသည်တို့ ကဲ့သို့ သော ထုတ်ကုန်အမျိုးအစား အချို့ ရှိ အလားအလာကောင်း မွန်သည့် ထုတ်ကုန်များကို ဒေသဆိုင်ရာအကြံပေး ပုဂ္ဂိုလ်များမှ ရွေးချယ်၍ ထိုင်းနိုင်ငံထုတ်ကုန်များအားဝယ်လိုအားမြင့်မားသည့် ရှန်ဟိုင်း၊ ဘေဂျင်း၊ ချန်ဒူး၊ ရှန်ဇန်း၊ ရှန်တုန် နှင့် ကွမ်ကျိုးမြို့ များရှိ ၄င်းတို့ ၏စတိုးဆိုင်ကြီးများတွင် ဖြန့် ဖြူးရောင်းချပေးသွားမည် ဖြစ်ပါ သည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ "Tai Le Gou လုပ်ငန်းစီမံကိန်းက အခုက စပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်အထိပါ။ ဒီစီမံကိန်းက တရုတ်နိုင်ငံကို တင်ပို့ တဲ့ ထိုင်းထုတ်ကုန် တွေရဲ့ ပို့ ကုန်တန်ဖိုးမြင့်မားဖို့ အတွက် အထောက်အကူဖြစ်စေမယ့်၊ နောက်ပြီး တရုတ်လူမျိုးစားသုံးသူ တွေရဲ့ ကြိုဆိုလက်ခံမှုကို ပိုမိုရရှိမဲ့ စီမံကိန်းဖြစ်ဖို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်" ဟုပြောကြားခဲ့ပါ သည်။

 

 

Issue 67

တောင်ကိုရီးယားအစိုးရသည် တိုင်းပြည်တွင်ဖြစ်ပေါ်နေသည့် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ပြည်တွင်းဈေးကွက်၌ ကြက်ဥ ပြတ်လပ်နေခြင်းကို ကူညီဖြေရှင်းပေးရန်အတွက် ထိုင်းကြက်ဥများကို တင်သွင်းရန်ဆုံးဖြတ်ခဲ့သည်ဟု ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ ဇွန်လ ၂၁ ရက်နေ့ ကပြောကြားပါသည်။

"ဒါက တောင်ကိုရီးယားနိုင်ငံက အာဆီယံတိုင်းပြည်တွေကနေ ကြက်ဥတင်သွင်း တာ ပထမဆုံး အကြိမ်ပဲ။ တောင်ကိုရီးယားက ထိုင်းကနေ အပတ်စဉ်ကြက်ဥအလုံးပေါင်း ၂ သန်း ကနေ ၂ ဒသမ ၃ သန်း ၀န်းကျင်အထိတင်သွင်းသွားဖို့ စီစဉ်ထားတယ်" ဟု မစ္စ Choklumlerd မှ ပြောကြားပါသည်။

၎င်းတို့ အားထည့်သွင်း စဉ်စားပေးနိုင်ရန်အတွက် အလားအလာကောင်းမွန်သည့် ထိုင်းကြက်ဥပို့ ကုန် လုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံမွေးမြူရေးလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးဌာန (Thailand's Department of Livestock Development) ၌လာရောက် မှတ်ပုံတင်ကြရန် တိုက်တွန်းအားပေးထား ပါသည်။ လက်ရှိတွင်၊ ထိုင်းကုမ္ပဏီနှစ်ခုအား တောင်ကိုရီးယားနိုင်ငံသို့ ကြက်ဥများတင်သွင်းခွင့် ပြုပေး ထားပြီးဖြစ်ပြီး၊ ပိုမိုများပြားသည့် ကြက်ဥများအား တင်သွင်းရန်လိုအပ်နေဆဲပင်ဖြစ်ပါသည်။

Issue 67

ယခင်နှစ်၏ ပထမသုံးလတာကာလနှင့် နှိုင်းယှဉ်ပါက၊ ၂၀၁၇ ခုနှစ်၏ ပထမသုံးလတာ ကာလအတွင်း ထိုင်းနိုင်ငံ၏ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများ တင်ပို့ သည့်လုပ်ငန်းမှာ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ သည်ဟု လျှပ်စစ်၊ အီလက်ထရွန်နစ်၊ တယ်လီကွန်မြူ နကေးရှင်း နှင့် မဟာမိတ်လုပ်ငန်းများ အသင်း အဖွဲ့ ကလပ်မှ ဇွန်လ ၂၀ ရက်နေ့ တွင် အစီရင်ခံတင်ပြခဲ့ကြပါသည်။

အဓိက တင်ပို့ ရောင်းချရသည့်ထုတ်ကုန်များတွင် အိမ်သုံး လျှပ်စစ်နှင့်အီလက်ထရွန်နစ် ပစ္စည်းများ၊ အိုင်တီဆိုင်ရာထုတ်ကုန် ပစ္စည်းများပါဝင်ပြီး၊ အမေရိကန်နိုင်ငံ၊ အာဆီယံနိုင်ငံများ၊ အီးယူ၊ ဂျပန် နှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့ ရောင်းချရခြင်းဖြစ်ပါသည်။

ထိုင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ "ကမ္ဘာတစ်ဝှမ်းလုံးက ထိုင်းနိုင်ငံကထုတ်တဲ့ပစ္စည်းတွေကို အသိအမှတ်ပြု ကြတဲ့အတွက် ကျွန်မတို့ ကလည်း စဉ်ဆက်မပြတ် ဆန်းသစ်တဲ့ ပစ္စည်းတွေကို ကမ်းလှမ်းပေးအပ် နေပါတယ်" ဟုပြောကြားပါသည်။

လျှပ်စစ်နှင့်အီလက်ထရွန်နစ်လုပ်ငန်းကဏ္ဍများရှိ နောက်ဆုံးပေါ်နည်းပညာများကို ပြသမည့် Bangkok RHVAC နှင့် Bangkok E&E ပြပွဲများအား DITP နှင့် မိတ်ဖက်များမှ ကြီးမှူး၍ ဘန်ကောက်မြို့ ၊ ဘန်န အရပ်ရှိ BITEC တွင် စက်တင်ဘာလ ၇ ရက်နေ့ မှ ၁၀ ရက်နေ့ အထိပြုလုပ်ကျင်းပသွားမည် ဖြစ်ပါ သည်။ ပြပွဲများတွင် ပြခန်းပေါင်း ၁,၀၀၀ ကျော် နှင့် လာရောက်လည်ပတ်ကြည့်သူပေါင်း ၁၀,၀၀၀ ကျော်ရှိရန်အတွက် DITP မှရည်မှန်းထားသည်။

Issue 67

ပြင်သစ်နိုင်ငံ၊ ကန်းမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ကန်းရုပ်ရှင်ပွဲတော် ၂၀၁၇ ခုနှစ် (the Cannes Film Festival 2017) သို့ ထိုင်းရုပ်ရှင်ကုမ္ပဏီ ကိုးခုမှ တက်ရောက်ခဲ့ပါသည်။ ထို့ အပြင်၊ ၄င်းတို့ သည် ပွဲတော်အတွင်း ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) မှ မေလ ၁၈ ရက်နေ့ မှ ၂၂ ရက်နေ့ အထိ ကြီးမှူးကျင်းပခဲ့သော စီးပွားရေးလုပ်ငန်းတွဲဖက်ပေးသည့် အစီအစဉ်၌ ပါဝင်ခဲ့ကြပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ "ဒီနှစ် စီးပွားရေးလုပ်ငန်းတွဲဖက်ပေးတဲ့ အစီအစဉ်ကနေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၄ သန်း (ထိုင်းဘတ် သန်း ၈၃၀) ရရှိခဲ့ပါတယ်။ ဒါမှ မဟုတ် ၂၀၁၆ ခုနှစ်ရဲ့ မှာရရှိခဲ့တဲ့ ပမာဏရဲ့ နှစ်ဆကိုရရှိခဲ့ပါတယ်။ လူကြိုက်အများဆုံးရုပ်ရှင်ကား တွေက ထိုင်း horror (ထိတ်လန့် ကြောက်မက်ဖွယ်) ရုပ်ရှင်ကားတွေဖြစ်ပြီး၊ ထိုင်းဟာသကားတွေနဲ့  အက်ရှင်ကားတွေလည်း အပြုသဘောဆောင်တဲ့တုံ့ ပြန်မှုတွေကို ရရှိခဲ့ပါတယ်" ဟုပြောကြားပါသည်။

Issue 67

ထိုင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ THAIFEX-World of Food Asia 2017 ပြပွဲကြီးတွင် အမေရိကန်ဒေါ်လာ ၃၀၅ ဒသမ ၈၄ သန်း (ထိုင်းဘတ် ၁၀,၃၈၆ သန်း) ဖိုးရရှိခဲ့ပြီး လာရောက်သူ ဧည့်ပရိသတ်ပေါင်း ၁၅၀,၀၀၀ ကျော်ရှိခဲ့သည်ဟု ဇွန်လ ၁၆ ရက်နေ့ ကပြောကြားပါသည်။

၎င်းပြပွဲကြီးအား ဘန်ကောက်၊ မွမ်ထုံထနီအရပ်ရှိ IMPACT တွင် မေလ ၃၁ ရက်နေ့ မှ ဇွန်လ ၄ ရက် နေ့ အထိပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

Thaitrade.com အင်တာနက်ဝက်ဘ်ဆိုက်တွင် စီးပွားရေးလုပ်ငန်းတွဲဖက်ပေးသည့် ဆောင်ရွက်မှုမှ နိုင်ငံပေါင်း ၂၉ နိုင်ငံရှိ ၀ယ်ယူသူ ၇၃ ဦး နှင့် ရောင်းချသူ ၂၂၅ ဦး၏ စိတ်ဝင်စားမှုကို ရရှိခဲ့ခြင်းကြောင့်၊ အကျိုးရလဒ်အဖြစ် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် (ထိုင်းဘတ် ၅၅ သန်း) အား ရရှိခဲ့သည်ဟု မစ္စ Choklumlerd မှ ပြောကြားပါသည်။ အဆာပြေမုန့် (snacks) များ၊ အဖျော်ယမကာများ၊ ဟင်းခတ်အမွှေးအကြိုင် အရသာမှုန့် များနှင့် ပြုပြင်ထုတ်လုပ်ထားသည့် စားသောက်ကုန်များအား လူကြိုက်အများဆုံးဖြစ်သည်ဟု သိရှိရပါသည်။

THAIFEX-World of Food Asia 2018 ခုနှစ် စားသောက်ကုန်စည်ပြပွဲကြီးအား ဘန်ကောက်၊ မွမ်ထုံထနီအရပ်ရှိ IMPACT တွင် ၂၀၁၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့ ထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ပါသည်။ THAIFEX နှင့်ပတ်သက်၍ နောက်ဆုံးသတင်းများအား သိရှိနိုင်ရန်အတွက် ကျေးဇူးပြု၍ www.ditp.go.th နှင့် www.thaitradefair.com ၀က်ဘ်ဆိုက် များတွင်ဝင်ရောက် လေ့လာ ဖတ်ရှုနိုင်ပါသည်။

 

368064