Issue 67

ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) နှင့် တိုကျိုရှိ ထိုင်း ကုန်သွယ်ရေးရုံးတို့ မှ pop-up စတိုး စီမံကိန်း Thai Sense.jp အမည်ရသည့် ရွေးချယ်ထားသော ဆိုင်ငါးဆိုင်တွင် ထိုင်းဖက်ရှင် အမှတ် တံဆိပ်များကို ဇွန်လ ၁၆ ရက်နေ့ မှ ဇူလိုင်လ ၉ ရက်နေ့  အထိ ကြော်ငြာရောင်းချသွားနိုင်ရန်အတွက် စီစဉ်ပေးခဲ့ပါသည်။

ရွေးချယ်ထားသည့်ဆိုင်ကြီးသည် အမှတ်တံဆိပ်အမျိုးမျိုးနှင့် ဖက်ရှင်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး ကိုရောင်းချနေသော အ၀တ်အထည်နှင့်လက်ဝတ်ရတနာပစ္စည်းများရောင်းချသည့် (boutique) ဆိုင် ကြီးဖြစ်ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ "ဒီအစီအစဉ်က ဂျပန်လူမျိုးတွေ ထိုင်း ဖက်ရှင်တံဆိပ်တွေကိုသိလာဖို့ ရည်ရွယ်ပါတယ်။ ကျွန်မတို့ တွေက ထိုင်းအမှတ်တံဆိပ်တွေကို သူတို့  တွေရဲ့  အရည်အသွေးနဲ့ ဒီဇိုင်းကောင်းမွန်တဲ့ နိုင်ငံတကာစံချိန်စံညွှန်းမီ တံဆိပ်တွေအဖြစ် အသိအမှတ် ပြု လက်ခံလာစေချင်ပါတယ်။ ဒီအစီအစဉ်ကနေ ရောင်းချရတဲ့ တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ ၄၀,၀၀၀ (ဂျပန်ယန်း ၄ ဒသမ ၅ သန်း) ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်" ဟုပြောပြပါသည်။

ဤအစီအစဉ်အရ၊ ရွေးချယ်ထားသော ဆိုင်ကြီးငါးဆိုင်ဖြစ်ကြသည့် ရှီဘူယာရှိ Rose Bud Salon ဆိုင်၊ Lumine-Est Department Store ရှိ Cleopatra fig ဆိုင်၊ ဟာရာဂျူကူရှိ Apt.335 NY ဆိုင်၊ အိုဆာကာ၏ တန်နိုဂျီ ရှိ Rose Bud Salon ဆိုင် နှင့် အိုဆာကာရှိ Cleopatra fig ဆိုင်များရှိ pop-up stores ဆိုင်များတွင် asv၊ Curated၊ iCONic၊ ISSUE၊ Lalalove၊ Leisure Projects၊ Milin၊ Mirror Mirror Brand၊ Shaka၊ TandT၊ TuTTi နှင့် VICK'S စသည့် ထိုင်းဖက်ရှင် အမှတ်တံဆိပ် ၁၂ မျိုးအား ၀ယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

 

365223