Issue 67

ထိုင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ THAIFEX-World of Food Asia 2017 ပြပွဲကြီးတွင် အမေရိကန်ဒေါ်လာ ၃၀၅ ဒသမ ၈၄ သန်း (ထိုင်းဘတ် ၁၀,၃၈၆ သန်း) ဖိုးရရှိခဲ့ပြီး လာရောက်သူ ဧည့်ပရိသတ်ပေါင်း ၁၅၀,၀၀၀ ကျော်ရှိခဲ့သည်ဟု ဇွန်လ ၁၆ ရက်နေ့ ကပြောကြားပါသည်။

၎င်းပြပွဲကြီးအား ဘန်ကောက်၊ မွမ်ထုံထနီအရပ်ရှိ IMPACT တွင် မေလ ၃၁ ရက်နေ့ မှ ဇွန်လ ၄ ရက် နေ့ အထိပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

Thaitrade.com အင်တာနက်ဝက်ဘ်ဆိုက်တွင် စီးပွားရေးလုပ်ငန်းတွဲဖက်ပေးသည့် ဆောင်ရွက်မှုမှ နိုင်ငံပေါင်း ၂၉ နိုင်ငံရှိ ၀ယ်ယူသူ ၇၃ ဦး နှင့် ရောင်းချသူ ၂၂၅ ဦး၏ စိတ်ဝင်စားမှုကို ရရှိခဲ့ခြင်းကြောင့်၊ အကျိုးရလဒ်အဖြစ် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် (ထိုင်းဘတ် ၅၅ သန်း) အား ရရှိခဲ့သည်ဟု မစ္စ Choklumlerd မှ ပြောကြားပါသည်။ အဆာပြေမုန့် (snacks) များ၊ အဖျော်ယမကာများ၊ ဟင်းခတ်အမွှေးအကြိုင် အရသာမှုန့် များနှင့် ပြုပြင်ထုတ်လုပ်ထားသည့် စားသောက်ကုန်များအား လူကြိုက်အများဆုံးဖြစ်သည်ဟု သိရှိရပါသည်။

THAIFEX-World of Food Asia 2018 ခုနှစ် စားသောက်ကုန်စည်ပြပွဲကြီးအား ဘန်ကောက်၊ မွမ်ထုံထနီအရပ်ရှိ IMPACT တွင် ၂၀၁၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့ ထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ပါသည်။ THAIFEX နှင့်ပတ်သက်၍ နောက်ဆုံးသတင်းများအား သိရှိနိုင်ရန်အတွက် ကျေးဇူးပြု၍ www.ditp.go.th နှင့် www.thaitradefair.com ၀က်ဘ်ဆိုက် များတွင်ဝင်ရောက် လေ့လာ ဖတ်ရှုနိုင်ပါသည်။

 

367914