Issue 66

ဒုတိယ၀န်ကြီးချုပ် Somkid Jatusripitak ဦးဆောင်၍ စီးပွားရေးဝန်ကြီး Apiradi Tantraporn လိုက်ပါသည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ သည် မေလ ၂၃ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ လာအိုနိုင်ငံသို့  တရားဝင်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ကြပါသည်။

၂၀၂၁ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး ယူအက်စ်ဒေါ်လာ ၁၀ ဘီလျံ သို့ ကျော်လွန်ရောက်ရှိနိုင်ရေးအတွက်

နှစ်နိုင်ငံမှ ၄င်းတို့ ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၊ ကုန်သွယ်မှု တိုးတက်ခိုင်မာ စေရေး နှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဖော်ဆောင်ရေးလုပ်ငန်းစဉ်များအကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။

အလားအလာကောင်းမွန်သည့် စီးပွားရေးအခွင့်အလမ်းများကို စူးစမ်းလေ့လာရန် အတွက် စားသုံးကုန်၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ဆေးဝါးကုသရေးဝန်ဆောင်မှု နှင့် စွမ်းအင်လုပ်ငန်း ကဏ္ဍများ အပါအ၀င် ကဏ္ဍအသီးသီးရှိ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ခန့် မှ လာအိုနိုင်ငံ၏ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းကဏ္ဍများမှ ကိုယ်စားလှယ်များနှင့် တွေ့ ဆုံခဲ့ကြပါသည်။

"ကျွန်မတို့ နယ်စပ်ကုန်သွယ်ရေးတိုးတက်ဖွံ့ ဖြိုးစေဖို့ အတွက် နယ်စပ်မှာ Pracharat ဈေးဖွင့်ဖို့ ၊ အော်ဂဲနစ် စိုက်ပျိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ ထိုင်းနိုင်ငံမှာ လာအိုနိုင်ငံသားထောက်ပံ့ပို့ ဆောင်ရေးအမှုထမ်း တွေကို လေ့ကျင့်ပျိုးထောင်ဖို့ အစရှိတဲ့ စီမံကိန်းအချို့ ကိုဆောင်ရွက်ဖို့ အတွက် စီစဉ်ထားပါတယ်" ဟု ၀န်ကြီး Tantraporn မှပြောကြားပါသည်။

365252