Issue 67

ယခင်နှစ်၏ ပထမသုံးလတာကာလနှင့် နှိုင်းယှဉ်ပါက၊ ၂၀၁၇ ခုနှစ်၏ ပထမသုံးလတာ ကာလအတွင်း ထိုင်းနိုင်ငံ၏ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများ တင်ပို့ သည့်လုပ်ငန်းမှာ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ သည်ဟု လျှပ်စစ်၊ အီလက်ထရွန်နစ်၊ တယ်လီကွန်မြူ နကေးရှင်း နှင့် မဟာမိတ်လုပ်ငန်းများ အသင်း အဖွဲ့ ကလပ်မှ ဇွန်လ ၂၀ ရက်နေ့ တွင် အစီရင်ခံတင်ပြခဲ့ကြပါသည်။

အဓိက တင်ပို့ ရောင်းချရသည့်ထုတ်ကုန်များတွင် အိမ်သုံး လျှပ်စစ်နှင့်အီလက်ထရွန်နစ် ပစ္စည်းများ၊ အိုင်တီဆိုင်ရာထုတ်ကုန် ပစ္စည်းများပါဝင်ပြီး၊ အမေရိကန်နိုင်ငံ၊ အာဆီယံနိုင်ငံများ၊ အီးယူ၊ ဂျပန် နှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့ ရောင်းချရခြင်းဖြစ်ပါသည်။

ထိုင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ "ကမ္ဘာတစ်ဝှမ်းလုံးက ထိုင်းနိုင်ငံကထုတ်တဲ့ပစ္စည်းတွေကို အသိအမှတ်ပြု ကြတဲ့အတွက် ကျွန်မတို့ ကလည်း စဉ်ဆက်မပြတ် ဆန်းသစ်တဲ့ ပစ္စည်းတွေကို ကမ်းလှမ်းပေးအပ် နေပါတယ်" ဟုပြောကြားပါသည်။

လျှပ်စစ်နှင့်အီလက်ထရွန်နစ်လုပ်ငန်းကဏ္ဍများရှိ နောက်ဆုံးပေါ်နည်းပညာများကို ပြသမည့် Bangkok RHVAC နှင့် Bangkok E&E ပြပွဲများအား DITP နှင့် မိတ်ဖက်များမှ ကြီးမှူး၍ ဘန်ကောက်မြို့ ၊ ဘန်န အရပ်ရှိ BITEC တွင် စက်တင်ဘာလ ၇ ရက်နေ့ မှ ၁၀ ရက်နေ့ အထိပြုလုပ်ကျင်းပသွားမည် ဖြစ်ပါ သည်။ ပြပွဲများတွင် ပြခန်းပေါင်း ၁,၀၀၀ ကျော် နှင့် လာရောက်လည်ပတ်ကြည့်သူပေါင်း ၁၀,၀၀၀ ကျော်ရှိရန်အတွက် DITP မှရည်မှန်းထားသည်။

365221