Issue 66

ကမ္ဘာအရပ်ရပ်ရှိ - အထူးသဖြင့် အမေရိကန်ရှိ - ကျန်းမာရေးအလေးထားကြသည့် စားသုံးသူများသည် သဘာဝ ပတ်ဝန်းကျင်အားထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေခြင်းမရှိသည့်၊ ထို့ အပြင် ၄င်း တို့ ၏ ဘ၀ အဆင့်အတန်း အား တိုးတက်မြင့်မားစေနိုင်သည့် အစားအသောက်နှင့် ကုန်စည် ပစ္စည်းများကို ၀ယ်ယူသုံးစွဲကြရန် စိတ်အား ထက်သန်ကြသည်ဟု ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက် ရေးငှာန (DITP) ၏ ညွှန်ကြား ရေးမှူးချုပ် Malee Choklumlerd မှ မေလ ၁၉ ရက်နေ့ ကပြောကြားပါသည်။

၎င်းမှ "စားသုံးသူတွေက သဘာဝပါဝင်ပစ္စည်းတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုကင်းတဲ့ထုတ်လုပ်မှု စနစ် နဲ့  ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ကုန်စည်တွေကို လိုလားကြတယ်။ စီးပွားရေးလုပ်ငန်းတွေက သူတို့ ရဲ့  ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို စားသုံးသူတွေဝယ်ယူအသုံးပြုစေဖို့ အတွက် လူ့ အဖွဲ့  အစည်းကြီးနဲ့  သဘာဝ ၀န်းကျင်ကိုသူတို့ ဘယ်လိုဘယ်ပုံအလေးထားကြောင်းကို ပြသရပါမယ်" ဟုပြောကြားပါသည်။

ကျန်းမာရေး အလေးထားကြသည့် စားသုံးသူများအတွက် အလားအလာကောင်းမွန်သည့် စားသောက်ကုန်များ တွင် အင်းဆက်ပိုးမွှားများနှင့် အစေ့အဆန်များမှ ရရှိသည့် ပရိုတင်း၊ လူမှထုတ်လုပ်သည့် ပရိုတင်း၊ ပရိုတင်း ပါဝင်မှုမြင့်မားသည့် အသင့်စား စားသောက်ကုန်များပါဝင်ပါသည်။ စားသောက်ကုန်မဟုတ်သည့် ကုန်စည်များ တွင် ရော်ဘာစေးဖြင့်ပြုလုပ်ထားသည့် ခေါင်းအုံးများနှင့် မွေ့ ရာများ၊ အုန်းခွံမှရရှိသည့် အမျှင်များဖြင့် ပြုလုပ် သည့် မွေ့ ရာများ၊ သဘာဝသစ်ဖြင့်ထုတ်လုပ်ထားသည့် ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများ၊ အ၀တ်အထည် များနှင့် သဘာဝပါဝင်ပစ္စည်းများဖြင့်ထုတ်လုပ်သည့် တစ်ကိုယ်ရေ စောင့်ရှောက်ရေးသုံးပစ္စည်းများပါဝင်ပါသည်။

 

367992