TradeWinds

Issue 68

စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများကို ချက် ရီပတ်ပလစ် (Czech Republic) နိုင်ငံနှင့် ပိုလန်နိုင်ငံများ တွင် စူးစမ်းရှာဖွေရန်အတွက် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှ ထိုင်းနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းများကို ဇွန်လ အတွင်းက ဤနိုင်ငံများသို့ ပို့ ဆောင်ပေးခဲ့ကြောင်း DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ဇွန်လ ၂၇ ရက်နေ့ ကပြောကြားပါသည်။

Choklumlerd မှ "ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့  ချက် ရီပတ်ပလစ် (Czech Republic) နိုင်ငံမှာ မော်တော်ကား၊ နာနို-နည်းပညာ နဲ့  ဟိုတယ်တွေလို အလားအလာ ကောင်းမွန်နေတဲ့ လုပ်ငန်းကဏ္ဍ အတော် များများမှာ ရင်းနှီး မြှပ်နှံကြဖို့ အတွက် စိတ်ဝင်စားကြတယ်။ တစ်ချိန်တည်းမှာပဲ၊ သူတို့ တွေက ပိုလန်နိုင်ငံကို ဥရောပရဲ့  ထုတ်လုပ် ရေး အခြေစိုက်နိုင်ငံအဖြစ် ရှုမြင်ကြတယ်။ ဘာကြောင့်လို့ လဲဆိုရင် ပိုလန်နိုင်ငံမှာက ကျွမ်းကျင်လုပ်သား အများအပြားနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်လဲ ၄င်းနည်းတူသက်သာအတွက်ကြောင့် ဖြစ်ပါ တယ်။ ပိုလန်ကလည်း ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်ထဲ ကုန်သွယ်ရေးနဲ့  ရင်းနှီးမြှပ်နှံရေးရုံးကို တည်ထောင်ဖို့  အတွက်အဆိုပြုထားပါတယ်" ဟုပြောကြားပါသည်။

 

Issue 68

ကနေဒါနိုင်ငံတွင် almond နို့ ရေခဲမုန့် နှင့် အော်ဂဲနစ်ရေခဲမုန့် အပါအ၀င် နို့ ထွက်ပစ္စည်းပါဝင်မှုမရှိသော ရေခဲမုန့်  နှင့် အခြားဆန်းသစ်သည့် ရေခဲမုန့် များသည် လျင်မြန်စွာလူကြိုက်များလာနိုင်သည့် ရေခဲမုန့် များ ဖြစ်သည်ဟု တိုရွန်တိုမြို့  ရှိ ထိုင်းကုန်သွယ်ရေးရုံးမှ ဇူလိုင်လ ၁၁ ရက်နေ့ က အစီရင်ခံတင်ပြခဲ့ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ဒီဈေးကွက်ထဲကို အထူးသဖြင့် အုန်းသီးရေခဲမုန့် လို အရသာ ဆန်းသစ်တဲ့ရေခဲမုန့် တွေကို မိတ်ဆက်ပေးသင့်တယ်။ ဘာကြောင့်ဆိုရင် အုန်းသီးနဲ့ လုပ်တဲ့ ထုတ်ကုန်တွေက မြောက်အမေရိကမှာ အရမ်းလူကြိုက်များတဲ့အတွက်ကြောင့်ပါ။ ဒါ့အပြင်၊ ဒီဈေးကွက်ထဲမှာ ထိုင်းသစ်သီးတွေနဲ့  ထိုင်း desserts အရသာတွေလို အခြားအရသာတွေရှိတဲ့ ရေခဲမုန့် တွေလည်း အလားအလာကောင်းမွန်နိုင်ပါ တယ်" ဟုပြောကြားပါသည်။

တိုရွန်တိုမြို့ ရှိ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် Thanakrit Luangasnathip မှ "ကနေဒါလူမျိုးတွေက ရေခဲမုန့်  ကို ၀ယ်စားကြတဲ့အချိန်မှာ ရေခဲမုန့် ရဲ့ အရသာနဲ့ ပါဝင်ပစ္စည်းတွေကို အရမ်းအလေးထားကြတယ်။ သူတို့ တွေ က အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေနဲ့  ဆန်းသစ်မှုကို လိုလားနှစ်သက်ကြတယ်" ဟုပြောကြားပါသည်။

 

Issue 68

ထိုင်းနိုင်ငံထုတ်ကုန်များကို ကြော်ငြာရန်ရည်ရွယ်၍ ဟောင်ကောင်ရှိ ထိုင်းကုန်သွယ်ရေးရုံးနှင့် AEON Hong Kong တို့ မှပူးပေါင်းလျက် Thai Food Festival အား AEON စတိုးဆိုင် ၁၂ ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ပွဲစီစဉ်သူတွေက ဒီနှစ်ပွဲမှာ ရောင်းချဖို့ အတွက် ကျန်းမာရေး၊ ဟာလာ နဲ့  OTOP ထုတ်ကုန် ပစ္စည်းတွေလို ထိုင်း ထုတ်ကုန်သစ်တွေကို ပိုပြီးရွေးချယ်လာကြတယ်။ ဒူးရင်း၊ မုန့် ပဲသရေစာ (snacks)၊ အဖျော်ယမကာ/သစ်သီးဖျော်ရည်၊ ဆန် နဲ့ အေးခဲအစားအစာတွေက အများဆုံးရောင်းချခဲ့ရတဲ့ ထိပ်တန်း ကုန်စည် ငါးခုဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံးထုတ်ကုန်သစ်တွေကတော့ အုန်းရည်ဘူး၊ သစ်သီးခြောက် တွေ၊ အသင့်စား အသုပ်တွေနဲ့  ငှက်ပျောသီးထုတ်ကုန်တွေ ဖြစ်ပါတယ်" ဟု ဇွန်လ ၂၉ ရက်နေ့ က ပြောကြားခဲ့ ပါသည်။

DITP Hong Kong ရုံး၏ အမှူဆောင် ဒါရိုက်တာ Wittayakorn Maneenetr မှ "ကမ္ဘာ့စားသုံးသူများရဲ့  ဈေးဝယ်တဲ့အမူအကျင့်စစ်တမ်းအရ၊ online နဲ့ offline ရှော့ပ်ပင်း ကြီးမားကျယ်ပြန့် လာတဲ့ အတွက် ဟောင်ကောင်က စာရင်းရဲ့ ထိပ်မှာ သရဖူဆောင်းနေခဲ့ပြီး၊ ဂျပန်၊ တောင်ကိုရီးယားနဲ့  ဂျာမနီတို့ လိုမျိုး ဈေးကွက် အတော်များများမှာရှိတဲ့ စားသုံးသူတွေကတော့ ဈေးဝယ်တာကို လျော့ချနေကြပါတယ်။ ဒါကြောင့်၊ ဟောင်ကောင် ကို ဈေးကွက်ဖြန့် ကျက်နိုင်ဖို့ အတွက် ထိုင်းစီးပွားရေးလုပ်ငန်းတွေကို သူတို့ တွေရဲ့  online နဲ့  offline ဖြန့် ဖြူးရေး လမ်းကြောင်းတွေကို ချဲ့ ထွင်ဖို့ အတွက် DITP အနေနဲ့  တိုက်တွန်းပြောကြားလိုပါတယ်" ဟု ပြောကြားခဲ့ပါသည်။

 

Issue 68

၂၅ နှစ်မြောက် အာဆီယံ- အိန္ဒိယ ဆက်ဆံရေး နှစ်ပတ်လည် အခမ်းအနားအား ကျင်းပရန်အတွက် စီးပွားရေး ၀န်ကြီးဌာန၀န်ကြီးသည် အခြားသောလုပ်ငန်းအေဂျင်စီများနှင့် အိန္ဒိယနိုင်ငံ တို့ နှင့်ပူးပေါင်း၍ India Expo and Forum အား Queen Sirikit National Convention Center (မိဖုရားကြီး သီရိခေတ် အမျိုးသား ကွန်ဗင်းရှင်း စင်တာ) ၌ သြဂုတ်လ ၂ ရက်နေ့ မှ ၅ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့ကြပါသည်။

အခမ်းအနားအား 'Strategic Economic Partnership & Connectivity' ဆိုသည့်ခေါင်းစဉ်ဖြင့်ပြုလုပ်ကျင်းပ ခဲ့ပြီး၊ ဖိုရမ် (Forum) နှင့် အိတ်စ်ပို (Expo) ဟူ၍ အဓိက အခမ်းအနားကြီး နှစ်ခု ပါဝင်ခဲ့ပါသည်။

သြဂုတ်လ ၃ ရက်နေ့ မှ ၄ ရက်နေ့ အထိ ပြုလုပ်ကျင်းပခဲ့သည့် ဖိုရမ် (Forum) တွင် အာဆီယံနိုင်ငံများ၊ အိန္ဒိယ နိုင်ငံနှင့် အခြားနိုင်ငံများမှ အဓိက ပုဂ္ဂိုလ်များက စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွား လုပ်ငန်း ဆိုင်ရာအကြောင်းကဏ္ဍများအား အားလုံး (roundtable) အတူတကွဆွေးနွေးခြင်း၊ အဖွဲ့ (panel) ခွဲ ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ Queen Sirikit National Convention Center (မိဖုရားကြီး သီရိခေတ် အမျိုးသား ကွန်ဗင်းရှင်း စင်တာ) ၌ သြဂုတ်လ ၂ ရက်နေ့ မှ ၅ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့သည့် အိတ်စ်ပို (Expo) တွင်၊ အာဆီယံနိုင်ငံများ နှင့် အိန္ဒိယနိုင်ငံတို့ ၏ အလားအလာမြင့်မားကောင်းမွန်ခြင်းအား နိုင်ငံ့ စင်မြင့် များနှင့် စီးပွားရေး အမှတ်တံဆိပ်များ ကဏ္ဍတွင်ပြသခဲ့ပါသည်။ ၄င်းပြင်၊ နိုင်ငံများ၏ ထုတ်ကုန်များ နှင့် ၀န်ဆောင်မှုများကိုလည်း ပြခန်းပေါင်း ၂၅၀ ကျော် ဖွင့်လှစ်၍ ပြသရောင်းချခဲ့ပါသည်။

 

Issue 68

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှ စီစဉ်ကြီးမှူး၍ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ အား ကိုလံဘီယာ၊ ကော်စတာရီကာ နှင့် ပီရူးနိုင်ငံသို့ ဇွန်လ ၁၁ ရက်နေ့ မှ ၂၂ ရက်နေ့  အထိ ပို့ ဆောင်ပေးခဲ့ပါသည်။ လယ်ယာထုတ်ကုန်၊ စားသောက်ကုန်နှင့် စက်မှုလုပ်ငန်း ကဏ္ဍများမှ ထိုင်း လုပ်ငန်းရှင် နှစ်ဆယ် တို့ သည် ဤတိုင်းပြည်များရှိ စီးပွားလုပ်ငန်းမိတ်ဖက်သစ်များနှင့် တွေ့ ဆုံခဲ့ကြသည်။ ထို သို့ တွေ့ ဆုံ ရာမှာ တစ်နှစ်အတွင်း ယူအက်စ် ဒေါ်လာ ၁၀ ဒသမ ၁ မီလီယံ တန်ဖိုးရှိ ကုန်အမှာစာများကို လက်ခံရရှိခဲ့ကြပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "လက်တင်အမေရိက ဒေသကြီးက ထိုင်းနိုင်ငံ ပို့ ကုန် လုပ်ငန်းကဏ္ဍအတွက် အလားအလာကောင်းမွန်တဲ့ ဈေးကွက်ကြီးပါ။ စီးပွားရေး လုပ်ငန်းတွဲဖက်ပေးတဲ့ အစီအစဉ် ကနေ ထွက်ပေါ်လာတဲ့ အကျိုးကျေးဇူးအပေါ်မှာ ထိုင်းစီးပွားလုပ်ငန်းတွေက ကျေနပ်ကြတယ်။ ဒီဈေးကွက်တွေ ထဲမှာ လူကြိုက်အများဆုံး ကုန်စည်တွေထဲမှာ ပြုပြင်ထားတဲ့ငါး၊ အုန်းနို့ ၊ မုန့် ပဲသရေစာ (snacks)၊ ဆော့စ် (sauces)၊ လော့ခ် ကီး (lock keys)၊ ရေခဲ သေတ္တာ (freezers)၊ ရေပန့် (pumps) နဲ့  မော်တော်ကား ပစ္စည်းတွေ ပါဝင်တယ်" ဟုပြောကြားပါသည်။

ယခုနှစ်၏ ပထမ ငါးလတာ ကာလအတွင်း ထိုင်းနိုင်ငံမှ လက်တင်အမေရိကနိုင်ငံများသို့ ကုန်စည်များကို တင်ပို့  ရောင်းချရသည့်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃ ဘီလျံ သို့ ရောက်ရှိခဲ့ပြီး ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ထိုင်းနိုင်ငံမှလည်း လက်တင်အမေရိကနိုင်ငံများမှ ယူအက်စ်ဒေါ်လာ ၁ ဒသမ ၈၇ ဘီလျံတန်ဖိုးရှိ ကုန်စည်များကို တင်သွင်းခဲ့ပြီး၊ ၂၀၁၆ ခုနှစ်ရှိ တူညီသည့်အချိန်ကာလ အပိုင်းအခြား ထက် ၉ ဒသမ ၆၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

 

Issue 68

နှစ်နိုင်ငံအတွင်း လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှု (free trade agreement (FTA)) ဆိုင်ရာ စေ့စပ် ညှိနှိုင်းဆွေးနွေးခြင်းများ စတင်သည့်အထိမ်းအမှတ်အဖြစ် စီးပွားရေးဝန်ကြီး Apiradi Tantraporn သည် တူရကီနိုင်ငံ၏ စီးပွားရေးရာဝန်ကြီး Nihat Zeybekci နှင့် ဇူလိုင်လ ၁၉ ရက်နေ့ က တူရီကီနိုင်ငံ ၌ တွေ့ ဆုံခဲ့ ကြပါ သည်။

ဝန်ကြီး Tantraporn မှ "ကျွန်မတို့  ပထမအဆင့်အနေနဲ့  ထိုင်းနိုင်ငံနဲ့ တူရကီနိုင်ငံကြား ပြုလုပ်တဲ့ ကုန်စည် အမျိုးပေါင်း ၁၀,၀၀၀ ကျော် ကုန်သွယ်ရေးအတွက် သွင်းကုန်ခွန်ကို ၁၀၀ ရာခိုင်နှုန်း လျော့ချ ဖြတ်တောက်ဖို့  ရည်ရွယ်ထားပါတယ်။ အဲဒီနောက်မှာ ၀န်ဆောင်မှုကဏ္ဍအတွက် ဖြေလျှော့တာတွေလုပ်နိုင်ဖို့ ကျွန်မတို့ စပြီး ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်" ဟု မှပြောကြားပါသည်။

စီးပွားရေးဝန်ကြီး၏ ပြောကြားချက်များအရ၊ ၂၀၁၆ ခုနှစ်အတွင်း နှစ်နိုင်ငံအကြား ပြုလုပ်ခဲ့သည့် ကုန်သွယ်မှု၏ တန်ဖိုးသည် ယူအက်စ် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံအတွက် ကုန်သွယ်မှုပိုငွေ ယူအက်စ် ဒေါ်လာ ၇၄၅ ရှိခဲ့ပါသည်။

 

368045