Issue 68

ကနေဒါနိုင်ငံတွင် almond နို့ ရေခဲမုန့် နှင့် အော်ဂဲနစ်ရေခဲမုန့် အပါအ၀င် နို့ ထွက်ပစ္စည်းပါဝင်မှုမရှိသော ရေခဲမုန့်  နှင့် အခြားဆန်းသစ်သည့် ရေခဲမုန့် များသည် လျင်မြန်စွာလူကြိုက်များလာနိုင်သည့် ရေခဲမုန့် များ ဖြစ်သည်ဟု တိုရွန်တိုမြို့  ရှိ ထိုင်းကုန်သွယ်ရေးရုံးမှ ဇူလိုင်လ ၁၁ ရက်နေ့ က အစီရင်ခံတင်ပြခဲ့ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ဒီဈေးကွက်ထဲကို အထူးသဖြင့် အုန်းသီးရေခဲမုန့် လို အရသာ ဆန်းသစ်တဲ့ရေခဲမုန့် တွေကို မိတ်ဆက်ပေးသင့်တယ်။ ဘာကြောင့်ဆိုရင် အုန်းသီးနဲ့ လုပ်တဲ့ ထုတ်ကုန်တွေက မြောက်အမေရိကမှာ အရမ်းလူကြိုက်များတဲ့အတွက်ကြောင့်ပါ။ ဒါ့အပြင်၊ ဒီဈေးကွက်ထဲမှာ ထိုင်းသစ်သီးတွေနဲ့  ထိုင်း desserts အရသာတွေလို အခြားအရသာတွေရှိတဲ့ ရေခဲမုန့် တွေလည်း အလားအလာကောင်းမွန်နိုင်ပါ တယ်" ဟုပြောကြားပါသည်။

တိုရွန်တိုမြို့ ရှိ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် Thanakrit Luangasnathip မှ "ကနေဒါလူမျိုးတွေက ရေခဲမုန့်  ကို ၀ယ်စားကြတဲ့အချိန်မှာ ရေခဲမုန့် ရဲ့ အရသာနဲ့ ပါဝင်ပစ္စည်းတွေကို အရမ်းအလေးထားကြတယ်။ သူတို့ တွေ က အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေနဲ့  ဆန်းသစ်မှုကို လိုလားနှစ်သက်ကြတယ်" ဟုပြောကြားပါသည်။

 

366874