Issue 68

ထိုင်းနိုင်ငံထုတ်ကုန်များကို ကြော်ငြာရန်ရည်ရွယ်၍ ဟောင်ကောင်ရှိ ထိုင်းကုန်သွယ်ရေးရုံးနှင့် AEON Hong Kong တို့ မှပူးပေါင်းလျက် Thai Food Festival အား AEON စတိုးဆိုင် ၁၂ ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ပွဲစီစဉ်သူတွေက ဒီနှစ်ပွဲမှာ ရောင်းချဖို့ အတွက် ကျန်းမာရေး၊ ဟာလာ နဲ့  OTOP ထုတ်ကုန် ပစ္စည်းတွေလို ထိုင်း ထုတ်ကုန်သစ်တွေကို ပိုပြီးရွေးချယ်လာကြတယ်။ ဒူးရင်း၊ မုန့် ပဲသရေစာ (snacks)၊ အဖျော်ယမကာ/သစ်သီးဖျော်ရည်၊ ဆန် နဲ့ အေးခဲအစားအစာတွေက အများဆုံးရောင်းချခဲ့ရတဲ့ ထိပ်တန်း ကုန်စည် ငါးခုဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံးထုတ်ကုန်သစ်တွေကတော့ အုန်းရည်ဘူး၊ သစ်သီးခြောက် တွေ၊ အသင့်စား အသုပ်တွေနဲ့  ငှက်ပျောသီးထုတ်ကုန်တွေ ဖြစ်ပါတယ်" ဟု ဇွန်လ ၂၉ ရက်နေ့ က ပြောကြားခဲ့ ပါသည်။

DITP Hong Kong ရုံး၏ အမှူဆောင် ဒါရိုက်တာ Wittayakorn Maneenetr မှ "ကမ္ဘာ့စားသုံးသူများရဲ့  ဈေးဝယ်တဲ့အမူအကျင့်စစ်တမ်းအရ၊ online နဲ့ offline ရှော့ပ်ပင်း ကြီးမားကျယ်ပြန့် လာတဲ့ အတွက် ဟောင်ကောင်က စာရင်းရဲ့ ထိပ်မှာ သရဖူဆောင်းနေခဲ့ပြီး၊ ဂျပန်၊ တောင်ကိုရီးယားနဲ့  ဂျာမနီတို့ လိုမျိုး ဈေးကွက် အတော်များများမှာရှိတဲ့ စားသုံးသူတွေကတော့ ဈေးဝယ်တာကို လျော့ချနေကြပါတယ်။ ဒါကြောင့်၊ ဟောင်ကောင် ကို ဈေးကွက်ဖြန့် ကျက်နိုင်ဖို့ အတွက် ထိုင်းစီးပွားရေးလုပ်ငန်းတွေကို သူတို့ တွေရဲ့  online နဲ့  offline ဖြန့် ဖြူးရေး လမ်းကြောင်းတွေကို ချဲ့ ထွင်ဖို့ အတွက် DITP အနေနဲ့  တိုက်တွန်းပြောကြားလိုပါတယ်" ဟု ပြောကြားခဲ့ပါသည်။

 

365651