Issue 67

တောင်ကိုရီးယားအစိုးရသည် တိုင်းပြည်တွင်ဖြစ်ပေါ်နေသည့် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ပြည်တွင်းဈေးကွက်၌ ကြက်ဥ ပြတ်လပ်နေခြင်းကို ကူညီဖြေရှင်းပေးရန်အတွက် ထိုင်းကြက်ဥများကို တင်သွင်းရန်ဆုံးဖြတ်ခဲ့သည်ဟု ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် မစ္စ Malee Choklumlerd မှ ဇွန်လ ၂၁ ရက်နေ့ ကပြောကြားပါသည်။

"ဒါက တောင်ကိုရီးယားနိုင်ငံက အာဆီယံတိုင်းပြည်တွေကနေ ကြက်ဥတင်သွင်း တာ ပထမဆုံး အကြိမ်ပဲ။ တောင်ကိုရီးယားက ထိုင်းကနေ အပတ်စဉ်ကြက်ဥအလုံးပေါင်း ၂ သန်း ကနေ ၂ ဒသမ ၃ သန်း ၀န်းကျင်အထိတင်သွင်းသွားဖို့ စီစဉ်ထားတယ်" ဟု မစ္စ Choklumlerd မှ ပြောကြားပါသည်။

၎င်းတို့ အားထည့်သွင်း စဉ်စားပေးနိုင်ရန်အတွက် အလားအလာကောင်းမွန်သည့် ထိုင်းကြက်ဥပို့ ကုန် လုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံမွေးမြူရေးလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးဌာန (Thailand's Department of Livestock Development) ၌လာရောက် မှတ်ပုံတင်ကြရန် တိုက်တွန်းအားပေးထား ပါသည်။ လက်ရှိတွင်၊ ထိုင်းကုမ္ပဏီနှစ်ခုအား တောင်ကိုရီးယားနိုင်ငံသို့ ကြက်ဥများတင်သွင်းခွင့် ပြုပေး ထားပြီးဖြစ်ပြီး၊ ပိုမိုများပြားသည့် ကြက်ဥများအား တင်သွင်းရန်လိုအပ်နေဆဲပင်ဖြစ်ပါသည်။

366209