TradeWinds

 

Issue 60

DITP သည် Nakhon Pathom၊ Kamphaeng Saen ပရ၀ုဏ်၊ Kasetsart တက္ကသိုလ် တွင် ဒီဇင်ဘာလ ၅ ရက်မှ ၈ ရက် နေ့ အထိပြုလုပ်ကျင်းပခဲ့သည့် ထိုင်းနိုင်ငံ ထွန်စက်နှင့် လယ်ယာစိုက်ပျိုးရေးသုံးစက်ပစ္စည်းများ ပြပွဲ (THAITAM) ၂၀၁၆ ခုနှစ် တွင် စက်ပစ္စည်းကုန်သည်ကြီးများအတွက် စီးပွားရေးလုပ်ငန်းတွဲဖက်ပေးသည့် အစီအစဉ်ကဏ္ဍအား ကျင်းပပေးခဲ့ပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "စီးပွားရေးတွဲဖက်တဲ့ အခမ်းအနားကို ဦးတည်ထားတဲ့ဈေးကွက်တွေ က သွင်းကုန်လုပ်ငန်းရှင် အယောက် ၅၀ ကျော်တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားက အထူးသဖြင့် အာဖရိက၊ တောင် အာရှ နဲ့ အာဆီယံတိုင်းပြည်စတဲ့ အပြည်ပြည်ဆိုင်ရာက ထုတ်လုပ်သူတွေနဲ့ ဝယ်ယူသူတွေ ကို ဦးတည်တဲ့ အခမ်းအနားဖြစ်ပါတယ်" ဟုပြောကြားပါသည်။

Issue 60

စီးပွားရေးဝန်ကြီးငှာနမှကြီးမှူး ၍ ဆန်နှင့်ပီလောပီနံ ကုန်သည်ကြီးများအတွက် စီးပွားရေးလုပ်ငန်းတွဲဖက်ပေး သည့်အစီအစဉ်အား Centara Grand၊ စင်ထရယ် ပလာဇာ လာ့ပရာအို ဟိုတယ်၊ ဘန်ကောက် ၌ နိုဝင်ဘာလ ၁၄ ရက်နေ့ မှ ၁၆ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့ပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn ၏ပြောကြားချက်အရ ဤအခမ်းအနားသည် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ဆန်၊ ပီလောပီနံ နှင့် ၄င်းတို့ မှထုတ်လုပ်သည့်ကုန်စည်များ ဆိုင်ရာ ကုန်သည် ၃၀၀ နှင့် ပြည်တွင်း ကုန်သည် ၁၀၀ တို့ ၏စိတ်ကိုဆွဲဆောင်နိုင်ခဲ့သည်။ ကုန်အမှာစာများအပါအ၀င် ၄င်းအစီအစဉ်ကြီးမှ ၀င်ငွေ ယူအက်စ် ဒေါ်လာ ၁ ဒသမ ၇၈ ဘီလီယံ (ထိုင်းဘတ် ၆၂ ဒသမ ၂၅ ဘီလီယံ) အားရှာဖွေနိုင်ခဲ့သည်။

ဤစီးပွားရေးတွဲဖက်ပေးသည့် အခမ်းအနားတွင် ထိုင်း ပို့ ကုန်လုပ်ငန်းရှင်များမှ ဆန်တန် ချိန် ၁၁,၀၀၀ နှင့် ပီလောပီနံတန်ချိန် ၈၀၀,၀၀၀ တို့ အားတင်ပို့ ရောင်းချရန်အတွက် ဟောင်ကောင်ဝယ်လက် များနှင့် နာလည်မှုစာချွန်လွှာများ (MoUs) ရေးထိုးခဲ့ကြသည်။

 

Issue 60

DITP သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မှ ၂၆ ရက်နေ့ ထိ ဘန်ကောက်မြို့ တော်၊ IMPACT Muang Thong Thani ရှိ Challenger ခန်းမ ၌ ပြုလုပ်ကျင်းပမည့် ၅၉ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ (BGJF59) တွင်ပါဝင်ပြသရန်အတွက် စိတ်ဝင်စားမှုရှိကြသည့် ကုမ္ပဏီ များအား ဆိုင်ခန်းများကြိုတင်မှာယူကြရန် ဖိတ်ခေါ်ထားပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ အောက်တိုဘာလ ၃၁ ရက်နေ့ တွင် "ပြပွဲကြီးက ထိပ်တန်း ကျောက်မျက်နဲ့ လက်ဝတ်ရတနာထုတ်လုပ်သူတွေဆီက အရည်အသွေးကောင်း မွန်တဲ့ ကျောက်ရိုင်း တွေကို ကမ္ဘာအရပ်ရပ် က၀ယ်ယူသူတွေအနေနဲ့  ၀ယ်ယူနိုင်မယ့် အခွင့်အလမ်းကောင်းဖြစ်သလို စီးပွားဖက် အသစ်တွေနဲ့ ပိုမိုကျယ်ပြန့် တဲ့ကွန်ယက်ကို တည်ထောင်နိုင်မယ့် အခွင့်အရေးကောင်းလည်းဖြစ်ပါတယ်" ဟု ပြောကြားပါသည်။

ယခင်ပြပွဲကြီးတွင် ဆိုင်ခန်းပေါင်း ၂,၁၀၀ ပါဝင် ပြသခဲ့သော်လည်း ယခုပြပွဲကြီးတွင် ဆိုင်ခန်းပေါင်း ၂,၅၀၀ ပါဝင် ပြသမည်ဟု ခန့် မှန်းထားသည်။ ၅၈ ကြိမ်မြောက် ဘန်ကောက်နှင့် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲကြီးတွင် ယူအက်စ်ဒေါ်လာ ၄၇၆ ဒသမ ၈၅ သန်း (ထိုင်းဘတ် ၁၆ ဒသမ ၆၉ ဘီလီယံ) ဖိုး ရောင်းချခဲ့ရ သည်။ လူကြိုက်များကြသည့် ပစ္စည်းများမှာ စိန်ထည်၊ ငွေထည်၊ ရွှေထည်၊ တန်ဖိုးကြီးကျောက်မျက်ထည်များ နှင့် တန်ဖိုးသင့်ကျောက်မျက်ထည်များ ဖြစ်ကြသည်။

၅၉ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲအကြောင်း ပိုမိုသိရှိလိုပါက www.bkkgems.com သို့ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ သို့ မဟုတ် အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it.. သို့  လည်းရေးသားမေးမြန်းနိုင်ပါသည်။

 

Issue 60

ဂျပန်နိုင်ငံရှိ စားသုံးသူများအတွက် ဆန်ဖြင့်ပြုလုပ်ထားသည့်စားသောက်ကုန်များကို ထုတ်လုပ်ကြရန်အတွက် ထိုင်းလုပ်ငန်းရှင်များအား DITP မှအကြံပြုပြောကြားပါသည်။

ဂျပန်နိုင်ငံ၏ဆန်စားသုံးမှုသည့် လွန်ခဲ့သည့်နှစ်များအတွင်းကျဆင်းခဲ့သည်ဟု တိုကျိုမြို့ ရှိ ထိုင်းကုန်သွယ်ရေးရုံး (Thai Trade Office) မှပြောကြားပါသည်။ သက္ကရာဇ်၂၀၁၅ ခုနှစ်တွင်၊ လူတစ်ဦး၏ နှစ်စဉ် ဆန်စားသုံးမှုသည် ၅၅ ကီလိုဂရမ်၊ အကြမ်းဖြင်းအားဖြင့် ၁၉၆၂ ခုနှစ်၏ ၅၀ ရာခိုင်နှုန်းရှိသည်ဟုသိရသည်။ သို့ သော်၊ မကြာသေးမီ အချိန်များအတွင်းက ဈေးကွက်တွင်းသို့ ဆန်ဖြင့်ပြုလုပ်ထားသည့် စားသောက်ကုန်စည်အမျိုးမျိုး ၀င်ရောက်လာသည်ကို တွေ့ ရှိရသည်ဟု ထိုင်းကုန်သွယ်ရေးရုံးမှဆိုပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "တိုကျိုမှာရှိတဲ့ ထိုင်းကုန်သွယ်ရေးရုံးရဲ့ ဒီနှစ် အစီရင်ခံစာအရ ဂျပန်လူမျိုးတွေက ဆန်နဲ့ လုပ်ထားတဲ့ ကိုလာဖျော်ရည်တွေ၊ ဆန်နို့ ရည်တွေ၊ ဆန်ကော်ဖီ နဲ့  ဆန်ဘီယာတွေ လို ဆန်နဲ့ လုပ်ထားတဲ့စားသောက်ကုန်အသစ်တွေကို ကောင်းကောင်းလက်ခံကြတယ်လို့  သိရှိရပါတယ်။ ဒီဟာက ကျန်းမာရေးကိုအလေးထားတဲ့ ဂျပန်လူမျိုးတွေကို ရှေးရှုပြီး ဆန်နဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်သစ်တွေကို ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်လုပ်နိုင်မယ့် အခွင့်အလမ်းသစ်ပဲဖြစ်ပါတယ်" ဟု နိုဝင်ဘာလ ၁၈ ရက်နေ့ ကပြောကြားပါသည်။

 

Issue 60

တောင်ကိုရီးယားနိုင်ငံသည် ထိုင်း ပို့ ကုန်လုပ်ငန်းရှင်များကို အေးခဲထားသည့် ကြက်သားစိမ်းများတင်ပို့  ရောင်းချရန် နိုဝင်ဘာလ ၉ ရက်နေ့ တွင် ဈေးကွက်ဖွင့်ပေးလိုက်ပြီဖြစ်ပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "တောင်ကိုရီးယားနိုင်ငံကနေ ထိုင်းကြက်သားထုတ်လုပ်တဲ့စက်ရုံ ၁၂ ရုံ ကိုတရားဝင်လာရောက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီးတဲ့နောက်မှာ တောင်ကိုရီးယားအစိုးရက

ထိုင်းနိုင်ငံက အေးခဲထားတဲ့ကြက်သား စိမ်းတွေကို တင်ပို့ ဖို့ အတွက် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ စစ်ဆေးမှုက ကြက်သားစက်ရုံ ၁၀ ကို တောင်ကိုရီးယားရဲ့ စံချိန်မှီကြောင်းထောက်ခံပေးခဲ့ပြီး အခြား ၄၁ ရုံကိုတော့ စစ်ဆေး ကြည့်ရှုနေဆဲပဲဖြစ်ပါတယ်" ဟု နိုဝင်ဘာလ ၁၈ ရက်နေ့ ကပြောကြားပါသည်။

ထိုကဲ့သို့ ထုတ်ပြန်ကြေငြာလိုက်သောကြောင့် တောင်ကိုရီးယားနိုင်ငံမှ သွင်းကုန်လုပ်ငန်းရှင်များသည် အေးခဲ ကြက်သားစိမ်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမိုသိရှိနားလည်နိုင်ရန် ထိုင်း ထုတ်လုပ်သူများ နှင့် ဆိုးလ်မြို့ ရှိ ထိုင်းကုန်သွယ်ရေးရုံး သို့ ဆက်သွယ်မေးမြန်းလာကြသည်ဟု ၀န်ကြီးမှ ဖြည့်စွက်ပြောကြားပါသည်။ ဤကြေငြာချက်ကြောင့် တောင်ကိုရီးယားနိုင်ငံသို့ ထိုင်းကြက်သားတင်ပို့ ရောင်းချ သည့်လုပ်ငန်းကဏ္ဍမှ ၀င်ငွေ ယူအက်စ် ၁ ဘီလီယံကျော် ရရှိလာရန် မျှော်မှန်းထားပါသည်။

 

Issue 60

ထိုင်းတော်ဝင်မင်းသမီး HRH Princess Ubolratana Rajakanya Sirivadhana Barnavadi သည် နိုဝင်ဘာလ ၃ ရက်နေ့ ၊ JW Marriott Santa Monica Le Merigot၊ ကယ်လီဖိုးနီးယား ၌ THAICONIC ဆိုသည့် အဓိက ခေါင်းစဉ် ဖြင့် ပြုလုပ်ကျင်းပခဲ့သော Thai Night 2016 —Where Films Come Alive အခမ်းအနား တွင် သဘာပတိ ချီးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။

စီးပွားရေးဝန်ကြီးငှာန၏ ဒုဝန်ကြီး Suvit Maesincee (စူဝစ် မယ်စင်နီး) မှ "DITP က ထိုင်း ရုပ်ရှင်၊ အနုပညာ ဖျော်ဖြေ ရေးလုပ်ငန်းကြီး ကျယ်ကျယ်ပြန့် ပြန့် ဖွံ့ ဖြိုးတိုးတက်လာပြီး နိုင်ငံတကာဈေးကွက်မှာ ၀င်ဆံ့နိုင်စေဖို့ု အတွက် ထိုင်းည (Thai Night) ကို နှစ်စဉ် နှစ်တိုင်း ပြုလုပ် ကျင်းပတယ်" ဟု ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုပါ သည်။

ဒုဝန်ကြီး၏ ပြောကြားချက်အရ ထိုင်းရုပ်ရှင်လုပ်ငန်းကြီးသည် ခန့် မှန်းခြေအားဖြင့် ယူအက်စ် ဒေါ်လာ ၇၅၇ သန်း (ထိုင်းဘတ် ၂၆ ဒသမ ၅ ဘီလီယံ) တန်ဖိုးရှိပြီး၊ ၂၀၁၇ ခုနှစ် တွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ဖွံ့ ဖြိုးလာမည်ဟု ခန့် မှန်းထားကြသည်။

367955