Issue 59

စီးပွားရေး (ကုန်သွယ်ရေး) ၀န်ကြီးငှာန နှင့် ပုဂ္ဂလိက ကဏ္ဍများမှ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် (CLMV) နိုင်ငံများသို့ ကုန်စည်များတင်ပို့ ရောင်းချနိုင်ရန်အတွက် အရှိန်အဟုတ်မြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောငး စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ အောက်တိုဘာလ ၁၃ ရက်နေ့ က ပြောကြားပါသည်။

Tantraporn မှ "ကျွန်မတို့ ထိုင်းနိုင်ငံမှာရှိတဲ့ အများပြည်သူဆိုင်ရာနဲ့ ပုဂ္ဂလိကဆိုင်ရာ အခန်းကဏ္ဍတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ ဆုံပြီး အတားအဆီးဖြစ်နေတဲ့ အရာတွေကို လျှော့ချပြီး ကုန်သွယ်ရေးကဏ္ဍကိုတိုးမြင့်ဆောင်ရွက်ဖို့ အတွက် ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင်၊ ကျွန်မတို့ ရဲ့ ရည်ရွယ်ချက်ကို ပံ့ပိုးကူညီပေးဖို့ အတွက် ကုန်စည်ပြပွဲတွေ၊ စီးပွားရေးတွဲဖက်ပေးတဲ့ ဆောင်ရွက်မှုတွေနဲ့ နှီးနှောဖလှယ်ပွဲတွေကိုလည်း ကျွန်မတို့ ကကြီးမှူးကျင်းပပေးခဲ့ပါတယ်" ဟုဆိုပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် CLMV လေးနိုင်ငံကြားကုန်သွယ်မှုသည် ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းတိုးတက် ခဲ့ပြီး ယူအက်စ် ဒေါ်လာ ၉၁၁ သန်း (ထိုင်းဘတ် ၃၂ ဘီလီယံ) ရရှိခဲ့ပါသည်။ ယခုနှစ်၏ ပထမရှစ်လတွင်း ကုန်သွယ်မှုသည် ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယူအက်စ်ဒေါ်လာ ၅၆၉ သန်း (ထိုင်းဘတ် ၂၀ ဘီလီယံ) ကျော်မျှ ရရှိထား ပါသည်။

 

 

368738