Issue 60

ထိုင်းတော်ဝင်မင်းသမီး HRH Princess Ubolratana Rajakanya Sirivadhana Barnavadi သည် နိုဝင်ဘာလ ၃ ရက်နေ့ ၊ JW Marriott Santa Monica Le Merigot၊ ကယ်လီဖိုးနီးယား ၌ THAICONIC ဆိုသည့် အဓိက ခေါင်းစဉ် ဖြင့် ပြုလုပ်ကျင်းပခဲ့သော Thai Night 2016 —Where Films Come Alive အခမ်းအနား တွင် သဘာပတိ ချီးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။

စီးပွားရေးဝန်ကြီးငှာန၏ ဒုဝန်ကြီး Suvit Maesincee (စူဝစ် မယ်စင်နီး) မှ "DITP က ထိုင်း ရုပ်ရှင်၊ အနုပညာ ဖျော်ဖြေ ရေးလုပ်ငန်းကြီး ကျယ်ကျယ်ပြန့် ပြန့် ဖွံ့ ဖြိုးတိုးတက်လာပြီး နိုင်ငံတကာဈေးကွက်မှာ ၀င်ဆံ့နိုင်စေဖို့ု အတွက် ထိုင်းည (Thai Night) ကို နှစ်စဉ် နှစ်တိုင်း ပြုလုပ် ကျင်းပတယ်" ဟု ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုပါ သည်။

ဒုဝန်ကြီး၏ ပြောကြားချက်အရ ထိုင်းရုပ်ရှင်လုပ်ငန်းကြီးသည် ခန့် မှန်းခြေအားဖြင့် ယူအက်စ် ဒေါ်လာ ၇၅၇ သန်း (ထိုင်းဘတ် ၂၆ ဒသမ ၅ ဘီလီယံ) တန်ဖိုးရှိပြီး၊ ၂၀၁၇ ခုနှစ် တွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ဖွံ့ ဖြိုးလာမည်ဟု ခန့် မှန်းထားကြသည်။

368724