Issue 59

စက်တင်ဘာလ ၂၉ ရက်နေ့ က DITP မှကြီးမှူးကျင်းပသည့် စီးပွားရေးတွဲဖက်သည့် အခမ်းအနားသို့  Lucky's Farmers Market၊ Grocers Specialty နှင့် Mid-States Service စသည့် အမေရိကန်နိုင်ငံမှ ကြီးမားသည့် သွင်းကုန်လုပ်ငန်းရှင်ကြီး သုံးဦးနှင့် ထိုင်းကုမ္ပဏီ ၃၀ တို့ မှတက်ရောက်ခဲ့ကြပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဒီအခမ်းအနားကို စားသောက်ကုန်နဲ့ အဖျော် ယမကာလုပ်ငန်းက ထိုင်းကုမ္ပဏီတွေ တက်ခဲ့ကြပါတယ်။ ကျွန်မတို့ ပထမနှစ်မှာ အနည်းဆုံးအနေနဲ့  ယူအက်စ် ဒေါ်လာ ၁၂ သန်း (ထိုင်းဘတ် သန်း ၄၂၀) ရောင်းချရရှိနိုင်ဖို့ မျှော်လင့်ထားတယ်။ အမေရိကန် သွင်းကုန်လုပ်ငန်းရှင်တွေက အုန်းရည်၊ အော်ဂဲနစ်ဆန် ခရက်ကာ၊ ဆန်ကထုတ်တဲ့ဆီ၊ အခြောက်ခံထားတဲ့/ အေးခဲထားတဲ့ သစ်သီးခြောက်တွေနဲ့ အရသာဆော့စ်တွေကို စိတ်ဝင်စားမှုအရှိဆုံးပါပဲ" ဟုဆိုပါသည်။

ယူအက်စ်၏ သဘာဝနှင့် အော်ဂဲနစ်ထုတ်ကုန်ဈေးကွက်သည် ဆက်လက်ကြီးထွားဖွံ့ ဖြိုးလာမည့်အလား အလာ ကြီးမားစွာရှိနေသည်ဟု Choklumlerd မှဖြည့်စွက်ပြောကြားပါသည်။ ၄င်းဈေးကွက်သည် လွန်ခဲ့သည့် ၁၀ နှစ် အတွင်း ၂၀၀ ရာခိုင်နှုန်းကျော်ကြီးမားကျယ်ပြန့် လာခဲ့ကြောင်း နှင့် မဝေးလှသည့်အနာဂတ်၌ စားသောက်ကုန် ဈေးကွက်ကြီးတစ်ခုလုံးတွင် အော်ဂဲနစ်စားသောက်ကုန်သည် ၂၀ ရာခိုင်နှုန်း ရှိလာလိမ့်မည် ဖြစ်ကြောင်း မျှော်မှန်းထားသည်။

 

366874