Issue 60

တောင်ကိုရီးယားနိုင်ငံသည် ထိုင်း ပို့ ကုန်လုပ်ငန်းရှင်များကို အေးခဲထားသည့် ကြက်သားစိမ်းများတင်ပို့  ရောင်းချရန် နိုဝင်ဘာလ ၉ ရက်နေ့ တွင် ဈေးကွက်ဖွင့်ပေးလိုက်ပြီဖြစ်ပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "တောင်ကိုရီးယားနိုင်ငံကနေ ထိုင်းကြက်သားထုတ်လုပ်တဲ့စက်ရုံ ၁၂ ရုံ ကိုတရားဝင်လာရောက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီးတဲ့နောက်မှာ တောင်ကိုရီးယားအစိုးရက

ထိုင်းနိုင်ငံက အေးခဲထားတဲ့ကြက်သား စိမ်းတွေကို တင်ပို့ ဖို့ အတွက် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ စစ်ဆေးမှုက ကြက်သားစက်ရုံ ၁၀ ကို တောင်ကိုရီးယားရဲ့ စံချိန်မှီကြောင်းထောက်ခံပေးခဲ့ပြီး အခြား ၄၁ ရုံကိုတော့ စစ်ဆေး ကြည့်ရှုနေဆဲပဲဖြစ်ပါတယ်" ဟု နိုဝင်ဘာလ ၁၈ ရက်နေ့ ကပြောကြားပါသည်။

ထိုကဲ့သို့ ထုတ်ပြန်ကြေငြာလိုက်သောကြောင့် တောင်ကိုရီးယားနိုင်ငံမှ သွင်းကုန်လုပ်ငန်းရှင်များသည် အေးခဲ ကြက်သားစိမ်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမိုသိရှိနားလည်နိုင်ရန် ထိုင်း ထုတ်လုပ်သူများ နှင့် ဆိုးလ်မြို့ ရှိ ထိုင်းကုန်သွယ်ရေးရုံး သို့ ဆက်သွယ်မေးမြန်းလာကြသည်ဟု ၀န်ကြီးမှ ဖြည့်စွက်ပြောကြားပါသည်။ ဤကြေငြာချက်ကြောင့် တောင်ကိုရီးယားနိုင်ငံသို့ ထိုင်းကြက်သားတင်ပို့ ရောင်းချ သည့်လုပ်ငန်းကဏ္ဍမှ ၀င်ငွေ ယူအက်စ် ၁ ဘီလီယံကျော် ရရှိလာရန် မျှော်မှန်းထားပါသည်။

 

367284