Issue 59

ဆောက်လုပ်ရေး ပစ္စည်းများ၊ အိမ်သုံး ပစ္စည်းများ နှင့် DIY ပစ္စည်းများကို ဖြန့် ဖြူးရောင်းချသည့် ဂျပန် နိုင်ငံ၏ အဓိက ဖြန့် ဖြူးရောင်းချသူ Khonan Shoji နှင့် ထိုင်း exporters များအတွက် စီးပွားရေးတွဲဖက်ပေးသည့် ဆောင်ရွက်မှုအား DITP မှကြီးမှူး ၍ ဘန်ကောက်ရှိ ၄င်း၏ရုံးတွင် အောက်တိုဘာလ ၅ ရက်နေ့ မှ ၆ ရက်နေ့  အထိပြုလုပ်ကျင်းပခဲ့ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဒီဆောင်ရွက်မှုက အရမ်းကိုအောင်မြင်ခဲ့ပြီး ဂျပန်က ဖြန့် ဖြူးရောင်းချသူကလည်း ထိုင်းထုတ်ကုန်တွေအပေါ် စိတ်ဝင်စားတယ်ဆိုတာကို တွေ့ ရှိရပါတယ်။ အထူး သဖြင့် အစားအသောက်နဲ့ အဖျော်ယမကာထည့်တဲ့ ပလတ်စတစ် container တွေ၊ ထမင်းစားပွဲသုံး အသုံးအဆောင် ပစ္စည်းတွေ (tableware)၊ သယ်ယူပို့ ဆောင်ရေးနဲ့ ဆိုင်တဲ့ပစ္စည်းကိရိယာတွေကို စိတ်ဝင်စား တယ်။ ဒီနှစ်အတွင်းမှာပဲ အနည်းဆုံးအနေနဲ့ ယူအက်စ်ဒေါ်လာ ၁ ဒသမ ၄၂ သန်း (ထိုင်းဘတ် သန်း ၅၀) တန်ဖိုး ရောင်းရဖို့ အတွက်မျှော်လင့်ထားပါတယ်" ဟုပြောပြပါသည်။

Khonan Shoji သည် လက်ရှိတွင် ဂျပန်နိုင်ငံ ၌ဆိုင်ခွဲပေါင်း ၃၁၅ ဆိုင်ရှိပြီး၊ မကြာမီအချိန်ကပင် ဗီယက်နမ် နိုင်ငံ၌ ဆိုင်ခွဲတစ်ဆိုင်အားဖွင့်လှစ်နိုင်ခဲ့ပါသည်။ DITP သည် အနာဂတ်တွင် ထိုင်းကုန်စည်များကို ဤ စီးပွားရေးလမ်းကြောင်း မှ တဆင့် ဗီယက်နမ်နိုင်ငံတွင်ရောင်းချနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

 

368738