Issue 59

DITP နှင့် Reed Tradex တို့ မှ ပူးပေါင်း၍ ကမ္ဘာ့အဆင့်အတန်းမီသည့် ထိုင်းထောက်ပံ့ပို့ ဆောင်ရေးကဏ္ဍကို ဖော်ထုတ်ပြသရန်နှင့် ASEAN+6 နိုင်ငံများနှင့် အခြားနိုင်ငံများ မှ ထောက်ပံ့ပို့ ဆောင်ရေး ၀န်ဆောင်မှုများကို တစ်နေရာတည်းတွင်စုစည်းတွေ့ ရှိနိုင်ရန် ရည်ရွယ်၍ TILOG-LOGISTIX ၂၀၁၆ ခုနှစ်ကုန်စည်ပြပွဲကို ကျင်းပ ခဲ့ကြပါသည်။

စီးပွားရေး(ကုန်သွယ်ရေး) ၀န်ကြီး Apiradi Tantraporn မှ "ဒီဟာက TILOG ပြပွဲအတွက် ၁၃ နှစ်မြောက် ပြပွဲ ဖြစ်ပါတယ်။ ပြပွဲကြီးက အခုဆိုရင် ပိုပြီးကြီးမားလာသလို နိုင်ငံတကာအဆင့်အတန်းကိုလည်း ပိုပြီးမီလာတယ်။ ဒီပြပွဲကြီးကြောင့် ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှုပေးတဲ့သူတွေက နိုင်ငံတကာဈေးကွက်တွေကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အတွက် သူတို့ ရဲ့ ဆောင်ရွက်နိုင်စွမ်းအားတွေကို ဒီထက်ပိုပြီးတိုးတက်လာအောင် ကြိုးစားဆောင်ရွက်ကြရမယ်ဆိုတာကို သိရှိသွားကြမှာဖြစ်ပါတယ်" ဟုဆိုပါသည်။

ဘန်ကောက်၊ BITEC Bangna ၌ စက်တင်ဘာလ ၂၁ ရက်နေ့ မှ ၂၃ ရက်နေ့ အထိပြုလုပ်ကျင်းပသည့် TILOG-LOGISTIX ၂၀၁၆ ခုနှစ်ပြပွဲကြီးတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမ ထောက်ပံ့ပို့ ဆောင်ရေးနယ်ပယ် ရှိ ထိပ်တန်းလုပ်ငန်း ၄၁၅ ခုတို့ မှ ပါဝင်ပြသခဲ့ကြပါသည်။

 

375101