Issue 60

ဂျပန်နိုင်ငံရှိ စားသုံးသူများအတွက် ဆန်ဖြင့်ပြုလုပ်ထားသည့်စားသောက်ကုန်များကို ထုတ်လုပ်ကြရန်အတွက် ထိုင်းလုပ်ငန်းရှင်များအား DITP မှအကြံပြုပြောကြားပါသည်။

ဂျပန်နိုင်ငံ၏ဆန်စားသုံးမှုသည့် လွန်ခဲ့သည့်နှစ်များအတွင်းကျဆင်းခဲ့သည်ဟု တိုကျိုမြို့ ရှိ ထိုင်းကုန်သွယ်ရေးရုံး (Thai Trade Office) မှပြောကြားပါသည်။ သက္ကရာဇ်၂၀၁၅ ခုနှစ်တွင်၊ လူတစ်ဦး၏ နှစ်စဉ် ဆန်စားသုံးမှုသည် ၅၅ ကီလိုဂရမ်၊ အကြမ်းဖြင်းအားဖြင့် ၁၉၆၂ ခုနှစ်၏ ၅၀ ရာခိုင်နှုန်းရှိသည်ဟုသိရသည်။ သို့ သော်၊ မကြာသေးမီ အချိန်များအတွင်းက ဈေးကွက်တွင်းသို့ ဆန်ဖြင့်ပြုလုပ်ထားသည့် စားသောက်ကုန်စည်အမျိုးမျိုး ၀င်ရောက်လာသည်ကို တွေ့ ရှိရသည်ဟု ထိုင်းကုန်သွယ်ရေးရုံးမှဆိုပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "တိုကျိုမှာရှိတဲ့ ထိုင်းကုန်သွယ်ရေးရုံးရဲ့ ဒီနှစ် အစီရင်ခံစာအရ ဂျပန်လူမျိုးတွေက ဆန်နဲ့ လုပ်ထားတဲ့ ကိုလာဖျော်ရည်တွေ၊ ဆန်နို့ ရည်တွေ၊ ဆန်ကော်ဖီ နဲ့  ဆန်ဘီယာတွေ လို ဆန်နဲ့ လုပ်ထားတဲ့စားသောက်ကုန်အသစ်တွေကို ကောင်းကောင်းလက်ခံကြတယ်လို့  သိရှိရပါတယ်။ ဒီဟာက ကျန်းမာရေးကိုအလေးထားတဲ့ ဂျပန်လူမျိုးတွေကို ရှေးရှုပြီး ဆန်နဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်သစ်တွေကို ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်လုပ်နိုင်မယ့် အခွင့်အလမ်းသစ်ပဲဖြစ်ပါတယ်" ဟု နိုဝင်ဘာလ ၁၈ ရက်နေ့ ကပြောကြားပါသည်။

 

368793