Issue 68

၂၅ နှစ်မြောက် အာဆီယံ- အိန္ဒိယ ဆက်ဆံရေး နှစ်ပတ်လည် အခမ်းအနားအား ကျင်းပရန်အတွက် စီးပွားရေး ၀န်ကြီးဌာန၀န်ကြီးသည် အခြားသောလုပ်ငန်းအေဂျင်စီများနှင့် အိန္ဒိယနိုင်ငံ တို့ နှင့်ပူးပေါင်း၍ India Expo and Forum အား Queen Sirikit National Convention Center (မိဖုရားကြီး သီရိခေတ် အမျိုးသား ကွန်ဗင်းရှင်း စင်တာ) ၌ သြဂုတ်လ ၂ ရက်နေ့ မှ ၅ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့ကြပါသည်။

အခမ်းအနားအား 'Strategic Economic Partnership & Connectivity' ဆိုသည့်ခေါင်းစဉ်ဖြင့်ပြုလုပ်ကျင်းပ ခဲ့ပြီး၊ ဖိုရမ် (Forum) နှင့် အိတ်စ်ပို (Expo) ဟူ၍ အဓိက အခမ်းအနားကြီး နှစ်ခု ပါဝင်ခဲ့ပါသည်။

သြဂုတ်လ ၃ ရက်နေ့ မှ ၄ ရက်နေ့ အထိ ပြုလုပ်ကျင်းပခဲ့သည့် ဖိုရမ် (Forum) တွင် အာဆီယံနိုင်ငံများ၊ အိန္ဒိယ နိုင်ငံနှင့် အခြားနိုင်ငံများမှ အဓိက ပုဂ္ဂိုလ်များက စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွား လုပ်ငန်း ဆိုင်ရာအကြောင်းကဏ္ဍများအား အားလုံး (roundtable) အတူတကွဆွေးနွေးခြင်း၊ အဖွဲ့ (panel) ခွဲ ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ Queen Sirikit National Convention Center (မိဖုရားကြီး သီရိခေတ် အမျိုးသား ကွန်ဗင်းရှင်း စင်တာ) ၌ သြဂုတ်လ ၂ ရက်နေ့ မှ ၅ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့သည့် အိတ်စ်ပို (Expo) တွင်၊ အာဆီယံနိုင်ငံများ နှင့် အိန္ဒိယနိုင်ငံတို့ ၏ အလားအလာမြင့်မားကောင်းမွန်ခြင်းအား နိုင်ငံ့ စင်မြင့် များနှင့် စီးပွားရေး အမှတ်တံဆိပ်များ ကဏ္ဍတွင်ပြသခဲ့ပါသည်။ ၄င်းပြင်၊ နိုင်ငံများ၏ ထုတ်ကုန်များ နှင့် ၀န်ဆောင်မှုများကိုလည်း ပြခန်းပေါင်း ၂၅၀ ကျော် ဖွင့်လှစ်၍ ပြသရောင်းချခဲ့ပါသည်။

 

367881