Issue 68

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှ စီစဉ်ကြီးမှူး၍ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ အား ကိုလံဘီယာ၊ ကော်စတာရီကာ နှင့် ပီရူးနိုင်ငံသို့ ဇွန်လ ၁၁ ရက်နေ့ မှ ၂၂ ရက်နေ့  အထိ ပို့ ဆောင်ပေးခဲ့ပါသည်။ လယ်ယာထုတ်ကုန်၊ စားသောက်ကုန်နှင့် စက်မှုလုပ်ငန်း ကဏ္ဍများမှ ထိုင်း လုပ်ငန်းရှင် နှစ်ဆယ် တို့ သည် ဤတိုင်းပြည်များရှိ စီးပွားလုပ်ငန်းမိတ်ဖက်သစ်များနှင့် တွေ့ ဆုံခဲ့ကြသည်။ ထို သို့ တွေ့ ဆုံ ရာမှာ တစ်နှစ်အတွင်း ယူအက်စ် ဒေါ်လာ ၁၀ ဒသမ ၁ မီလီယံ တန်ဖိုးရှိ ကုန်အမှာစာများကို လက်ခံရရှိခဲ့ကြပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "လက်တင်အမေရိက ဒေသကြီးက ထိုင်းနိုင်ငံ ပို့ ကုန် လုပ်ငန်းကဏ္ဍအတွက် အလားအလာကောင်းမွန်တဲ့ ဈေးကွက်ကြီးပါ။ စီးပွားရေး လုပ်ငန်းတွဲဖက်ပေးတဲ့ အစီအစဉ် ကနေ ထွက်ပေါ်လာတဲ့ အကျိုးကျေးဇူးအပေါ်မှာ ထိုင်းစီးပွားလုပ်ငန်းတွေက ကျေနပ်ကြတယ်။ ဒီဈေးကွက်တွေ ထဲမှာ လူကြိုက်အများဆုံး ကုန်စည်တွေထဲမှာ ပြုပြင်ထားတဲ့ငါး၊ အုန်းနို့ ၊ မုန့် ပဲသရေစာ (snacks)၊ ဆော့စ် (sauces)၊ လော့ခ် ကီး (lock keys)၊ ရေခဲ သေတ္တာ (freezers)၊ ရေပန့် (pumps) နဲ့  မော်တော်ကား ပစ္စည်းတွေ ပါဝင်တယ်" ဟုပြောကြားပါသည်။

ယခုနှစ်၏ ပထမ ငါးလတာ ကာလအတွင်း ထိုင်းနိုင်ငံမှ လက်တင်အမေရိကနိုင်ငံများသို့ ကုန်စည်များကို တင်ပို့  ရောင်းချရသည့်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃ ဘီလျံ သို့ ရောက်ရှိခဲ့ပြီး ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ထိုင်းနိုင်ငံမှလည်း လက်တင်အမေရိကနိုင်ငံများမှ ယူအက်စ်ဒေါ်လာ ၁ ဒသမ ၈၇ ဘီလျံတန်ဖိုးရှိ ကုန်စည်များကို တင်သွင်းခဲ့ပြီး၊ ၂၀၁၆ ခုနှစ်ရှိ တူညီသည့်အချိန်ကာလ အပိုင်းအခြား ထက် ၉ ဒသမ ၆၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

 

366020