Issue 66

၂၀၁၇ ခုနှစ် - ၂၀၁၈ ခုနှစ်၏ ကျောက်မျက်ရတနာဖက်ရှင်ရေစီးအားတင်ဆက်ပြသရန်အတွက် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက် ရေးငှာန (DITP) မှ Jewelry Matters: Bangkok Gems & Jewelry Design and Marketing Conference 2017 ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲညီလာခံကြီးအား မေလ ၂၂ ရက်နေ့ တွင် ကြီးမှူးကျင်းပခဲ့ပါသည်။

ညီလာခံသို့ တက်ရောက်လာသည့် သူများအား ကုန်အမှတ်တံဆိပ်သတ်မှတ်ခြင်း ဆိုင်ရာနည်းဗျူဟာများ၊ metro men၊ စိတ်စွမ်းအား နှင့် အခြားသော lifestyle ဆိုင်ရာထုတ်ကုန်များ ကဲ့သို့ သော သတ်မှတ်ထားသည့် ကျောက်မျက်ရတနာ ဈေးကွက်သစ်များ အတွင်းသို့ ထိုးဖောက်ခြင်းဆိုင်ရာ နည်းဗျူဟာများအား တက်ရောက် လာသည့် သူများသို့ မျှဝေရန်အတွက် ထိုင်းနှင့် နိုင်ငံခြားသား ကျွမ်းကျင်သူပညာရှင်များအား ဖိတ်ကြားခဲ့ပါသည်။

ညီလာခံကြီးတွင် DITP မှ စိတ်ပါဝင်စားမှုရှိကြသည့် ကုမ္ပဏီများအား ဘန်ကောက်၊ IMPACT မွမ်ထုံထနီ၊ Challenger ခန်းမတွင် စက်တင်ဘာလ ၆ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ ပြုလုပ်ကျင်းပမည့် အကြိမ် ၆၀ မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီး(BGJF) အတွက် ပြခန်းအား ကြိုတင်မှာကြားထားကြရန် ဖိတ်ခေါ်ခဲ့ပါ သည်။

BGJF အကြောင်းအား ပိုမိုသိရှိလိုပါက DITP အား This email address is being protected from spambots. You need JavaScript enabled to view it. မှတဆင့် ဆက်သွယ်နိုင်သကဲ့သို့ 

www.bkkgems.com အားလည်း ၀င်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

 

365667