Issue 66

Thailand Trust Mark (T Mark) အား ထိုင်း နှင့် နိုင်ငံတကာမှ စားသုံးသူများ သိနားလည်စေရန် နှင့် ထိုင်း ပို့ ကုန်လုပ်ငန်းယှဉ်ပြိုင်မှုအားတိုးမြှင့်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက် ရေးငှာန (DITP) မှ T Mark Festival 2017 ပွဲတော်ကြီးအား ဘန်ကောက်ရှိ EmQuartier Department Store တွင် မေလ ၂၃ ရက်နေ့ မှ ၂၈ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့ပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "T Mark က ထူးကဲသာလွန်ကောင်းမွန်ပြီး ယုံကြည် စိတ်ချရတဲ့၊ နှလုံးသားနဲ့ ပြုလုပ်ထားတဲ့ အရည်အသွေး သင်္ကေတတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ထုတ်ကုန် တွေနဲ့ ဝန်ဆောင်မှုတွေမှာ ထူးခြားတဲ့တန်ဖိုး ပေါင်းထည့်နိုင်ဖို့ အတွက် ဖန်တီးဖော်ဆောင်ထားတာဖြစ်ပါတယ်" ဟုပြောကြားပါသည်။

ပွဲတော်ကြီးတွင် T Mark အားရရှိထားသည့် ထိုင်းကုမ္ပဏီများမှ ၄င်းတို့ ၏ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို လာရောက်ကြသည့် ဧည့်ပရိသတ်များအတွက် ခင်းကျင်းပြသရောင်းချပေးခဲ့ပါသည်။ ပွဲတော်ကြီးတွင် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ထုတ်ကုန်နှင့်ဝန်ဆောင်မှု သရုပ်ပြပွဲများနှင့် T Mark အားရရှိထားသော အောင်မြင်နေသည့် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ၏ special talk အစီအစဉ်များပါဝင်ပါသည်။

T Mark အားရရှိထားသည့် ထုတ်ကုန် ၅၀၀ ကျော်ကို ဘန်ကောက်၊ EmQuartier ရှိ Gourmet Market နှင့် Emporium Department Stores ဆိုင်များတွင် မေလ ၂၃ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့ အတွင်း ၀ယ်ယူရရှိ နိုင်ပါသည်။

367481