Issue 62

သြစတြေးလျနိုင်ငံမှ မချက်ပြုတ်ရသေးသည့် ပုစွန်စိမ်းတင်ပို့ ရောင်းချခြင်း တားမြစ်ပိတ်ပင်ထား သော်လည်း ထိုင်းပို့ ကုန်လုပ်ငန်းရှင်များကိုထိခိုက်နိုင်ခြင်းမရှိဟု သိရှိရပါသည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာ့အခြားအရပ်ဒေသများ (သြစတြေးလျနှင့်နယူးဇီလန်နိုင်ငံများအပါအ၀င်) သို့ ချက်ပြုတ် ထားသည့် သို့ မဟုတ် ပြုပြင်ထုတ်လုပ်ထားသည့် ပုစွန်များကိုသာ တင်ပို့ ရောင်းချနေသောကြောင့် ဖြစ်သည်ဟု စီးပွားရေးဝန်ကြီး Apiradi Tantraporn မှဇန်န၀ါရီလ ၁၃ ရက်နေ့ ကပြောကြားပါသည်။

ဆစ်ဒနီမြို့ ရှိ DITP ရုံး၏အစီရင်ခံစာအရ သြစတြေးလျနိုင်ငံမှ ပုစွန်စိမ်း၊ မချက်ပြုတ်ရသေးသည့် ပုစွန် အသားစိမ်း နှင့် အချိန် ၆ လကြာမြင့်ပြီဖြစ်သော အရသာထည့်သွင်းထားသည့် ပုစွန်အသားများ တင်သွင်းခွင့်အား တားမြစ်ပိတ်ပင်သည့်ကြေငြာချက်ကို ဇန်န၀ါရီလ ၉ ရက်နေ့ ကထုတ်ပြန်ကြေငြာ လိုက်ကြောင်းသိရှိရပါသည်။

စီးပွားရေးဝန်ကြီး Tantraporn မှ "၀န်ကြီးငှာနအနေနဲ့ ဒီအကြောင်းအရာကို အနီးကပ်စောင့်ကြည့် လေ့လာသွားမှာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံက ထိုင်းပုစွန် ပို့ ကုန်လုပ်ငန်းရှင်တွေအတွက် အကြီးမားဆုံးဈေးကွက်မဟုတ်ပေမယ့်၊ တင်းကြပ်တဲ့အရည်အသွေးစံချိန်စံညွှန်းတွေနဲ့  တန်ဖိုးမြင့်မား တဲ့ဈေးကွက်တစ်ခုဖြစ်ပါတယ်။ ဒီဈေးကွက်ထဲကို တင်ပို့ ရောင်းချနိုင်တာနဲ့ အမျှ ထိုင်းပုစွန်တွေကို ကမ္ဘာ့ဈေးကွက်ထဲကိုတင်ပို့ ရောင်းချနိုင်ဖို့ အတွက် ယုံကြည်မှုတွေဖြစ်ပေါ်လာစေပါတယ်" ဟု ပြော ကြားပါသည်။

၂၀၁၆ ခုနှစ် ပထမ ၁၁ လတာကာလအတွင်း သြစတြေးလျနိုင်ငံသို့ ထိုင်းမှပုစွန်တင်ပို့ ရောင်းချသည့် တန်ဖိုးမှာ ယူအက်စ်ဒေါ်လာ ၃၁ သန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း ပိုလာခဲ့သည်။ ယူအက်စ်၊ ဂျပန်၊ ဗီယက်နမ် နှင့် ကန်နဒါနိုင်ငံများပြီးလျှင် သြစတြေးလျသည် ထိုင်းပုစွန်အတွက် ပဉ္စမမြောက် အကြီးမားဆုံးဈေးကွက်ဖြစ်ပါသည်။

 

367341