Issue 62

ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင် ဘန်ကောက်၊ လာ့တ်ဖရောင်ရှိ စင်ထရယ်ပလာဇာ၊ စန်ထာရာ ဂရန်း (Centara Grand, Central Plaza, Ladprao, Bangkok) ၌ DITP မှကြီးမှူးကျင်းပသော စီးပွားရေး တွဲဖက်ပေးသည့် အစီအစဉ်တွင် အီရန်နိုင်ငံရှိ ကစ်ရှ်ကင်းလွတ်ခွင့်ဇုံ (Kish Free Zone) မှ buyer တစ်ဆယ့်သုံးဦးသည် ထိုင်းထုတ်လုပ်သူ ၆၀ ကျော်နှင့်တွေ့ ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "မတ်လကုန်ပိုင်းလောက်မှာကျင်းပကြမယ့် အီရန်နိုင်ငံသား တွေရဲ့ နှစ်သစ်ကူးပွဲကြီးဖြစ်တဲ့ Nowruz မှရောင်းချဖို့ အတွက် အီရန်နိုင်ငံက buyer (၀ယ်ယူသူ) တွေ က ထိုင်းကုန်စည်တွေကိုဝယ်ယူခဲ့ကြပါတယ်" ဟုပြောကြားပါသည်။ ထို့ အပြင်၊ ၄င်းမှ အစည်းအဝေး ပွဲကြီးတွင် စုစုပေါင်းတန်ဖိုး ယူအက်စ်ဒေါ်လာ ၁၃ သန်း ၀ယ်ယူရန်အတွက်သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်းဖြည့်စွက်ပြောကြားပါသည်။

ကျောက်မျက်နှင့်လက်ဝတ်ရတနာ၊ ကလေးအ၀တ်အထည်၊ လက်မှုအနုပညာပစ္စည်းများ၊ အိမ်အလှဆင် ပစ္စည်းများ၊ သစ်သားဖြင့်ပြုလုပ်ထားသော ပရိဘောဂ ပစ္စည်းများ၊ ပလတ်စတစ် မီးဖိုချောင်သုံး ပစ္စည်းများ နှင့် စည်သွတ်သစ်သီးဗူးများသည် အများ၏စိတ်ဝင်စားမှုအခံရဆုံး ထိုင်း ကုန်စည်များဖြစ်ကြပါသည်။

 

366371