Issue 64

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) နှင့် အခြားအစိုးရ အဖွဲ့ အစည်း များသည် ပုဂ္ဂလိက ကုမ္ပဏီအချို့ နှင့် ပူးပေါင်း ၍ ထိုင်း ထိပ်တန်း ဒီဂျစ်တယ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများမှ ထုတ်လုပ်ထား သည့်ထုတ်ကုန်များကို ပြသ သည့် Bangkok International Digital Content Festival 2017 (BIDC 2017) (ဘန်ကောက်အပြည်ပြည် ဆိုင်ရာ ဒီဂျစ်တယ်ပစ္စည်းများဆိုင်ရာ ပွဲတော်) အား ဘန်ကောက်၊ Central World ဟိုတယ်ရှိ Centara Grand ခန်းမ ၌ မတ်လ ၂၀ ရက်နေ့ မှ ၂၄ ရက် နေ့ အထိပြုလုပ်ကျင်းပခဲ့ပါသည်။

ပြပွဲကြီးတွင် နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ BIDC Awards ဆုပေးပွဲ နှင့် အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ နယူး ဇီလန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ စင်္ကာပူ နှင့် မလေးရှား နိုင်ငံများမှ ကုမ္ပဏီများနှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်း ချိတ်ဆက်ပေးသည့် အစီအစဉ် များ ပါဝင်ပါသည်။

ပြပွဲ အခမ်းအနားမှ ယူအက်စ်ဒေါ်လာ ၂၄ သန်း (ထိုင်းဘတ် ၈၅၀ သန်း) ကျော်ရရှိရန်မျှော်မှန်းထားပါသည်။

 

368730