Issue 64

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများအတွက် ထိုင်းလုပ်ငန်းရှင်များသည် ကျူးဘားနိုင်ငံအား စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ မတ်လ ၂ ရက်နေ့ တွင် တိုက်တွန်းပြောကြားလိုက်ပါသည်။

မိုင်ယာမီမြို့ ကြီးရှိ Thai Trade Centre ၏တင်ပြချက်အရ ကျူးဘားနိုင်ငံသည် ကျယ်ပြန့် လာသည့် စီးပွားရေး အခြေအနေ၏ လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် လယ်ယာနှင့် စက်မှုလုပ်ငန်း ထုတ်ကုန် အမျိုးမျိုးအား တင်သွင်း ရန်အတွက် ရှာဖွေနေကြောင်း သိရှိရပါသည်။ ၄င်းပြင်၊ နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်ရေး အတွက် နိုင်ငံခြားသား ရင်းနှီးမြှပ်နှံ သူများထံမှ မတည်ငွေနှင့် နည်းပညာ တန်ဖိုး ခန့် မှန်းခြေအားဖြင့် ယူအက်စ်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ လိုအပ်လျက် ရှိနေပါသည်။

မိုင်ယာမီ ရှိ Thai Trade Centre ၏ ဒါရိုက်တာ Nithima Siriphokakij မှ "ထိုင်းလုပ်ငန်းရှင်တွေအတွက် ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေ၊ ဆေးရုံဆေးခန်းနဲ့ ပြန်လည် ထူထောင် ရေး စင်တာတွေ လိုမျိုးမှာ ရင်းနှီးမြှပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်။ ကျူးဘားမှာ က ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး စက်ယန္တရား ပစ္စည်းတွေ၊ ဆောက်လုပ်ရေးနဲ့ ဆိုင်တဲ့ ပစ္စည်းကိရိယာတွေ၊ မော်တော်ကား အစိတ်အပိုင်းပစ္စည်းတွေက ၀ယ်လိုအားများတယ်" ဟုပြောပြပါသည်။

ဒါရိုက်တာ Siriphokakij မှ ထိုင်းထုတ်ကုန်များ ကျူးဘားနိုင်ငံတွင် လူသိများလာစေရန်နှင့် စီးပွားမိတ်ဖက် များ ရှာဖွေနိုင်ရန်တွက် Feria Internacional De La Habana (FIHAV) ကဲ့သို့ သော ကျူးဘားနိုင်ငံ၏ အဓိက ကုန်စည်ပြပွဲကြီးများတွင် ၀င်ရောက်ပြသသင့်သည်ဟု ထိုင်းလုပ်ငန်းရှင်များအား အကြံပြုပြောပြပါ သည်။ ယခုနှစ်တွင် FIHAV ကုန်စည်ပြပွဲကြီးအား Havana မြို့ ကြီးတွင် အောက်တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၂ ရက်နေ့  အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

 

374086